Monday , December 18 2017
Home / သတင်း / အနုပညာသတင်း (page 12)

အနုပညာသတင်း

Sexy Models နှစ်ယောက်ဖြစ်သည့် ဇွန်သဉ္ဇာနှင့် ဇာဇာထက်တို့၏ MTV သီချင်းသစ် ဇူလိုင်တွင် ဖြန့်ချိမည်

စုသက်နှင်း (မြစ်မခ)   Sexy Models နှစ်ယောက်ဖြစ်သည့် ဇွန်သဉ္ဇာနှင့် ဇာဇာထက်တို့၏ MTV သီချင်းအသစ်အား လာမည့် ဇူလိုင်လလယ်တွင် Online Music Store မှ ရောင်းချပြီး ပရဟိတပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ “MTV သီချင်းမှာလည်း အကပိုင်းမှာ Body Shape ပုံစံတွေကို အဓိကထားပြီး ရိုက်ကူးမယ်လို့ စဉ်းစားထား တယ်။ အဓိကကတော့ ပရိသတ်ကို ဇာတို့ သီချင်းဆိုနေတယ်ဆိုတာကို အသိပေးချင်တာရယ်။ Facebook ပရိသတ်ကြီး ကို ကျေးဇူးဆပ်ချင်တာရယ်ကြောင့် သီချင်းလုပ်ဖို့စိတ်ကူးခဲ့တာပါ။” ဟု ဇာဇာထက်က ပြောသည်။ လက်ရှိအချိန်၌ ဇာဇာထက်သည် ဒိန်းမတ်မှ ဒါရိုက်တာများရိုက်ကူးသည့် MTV သီချင်းသစ်တွင် လိင်ကျေးကျွန် တစ်ယောက်အဖြစ် …

Read More »

ကိုရီးယား၌သာ International မော်ဒယ် လုပ်ကိုင်မည့် အလှမယ် ဇွန်သံစဉ်

စုသက်နှင်း (မြစ်မခ) ကိုရီးယားနိုင်ငံတွင် သရုပ်ဆောင်လုပ်ခွင့်လိုင်စင်ရထားသည့် အလှမယ် ဇွန်သံစဉ်သည် ၂၀၁၅ ခုနှစ်အတွင်း ကိုရီးယားနိင်ငံ၌သာ International Model မော်ဒယ်အဖြစ်သာ လုပ်ကိုင်သွားဦးမည် ဖြစ်ကြောင်း သိရှိရသည်။ အလှမယ်ဇွန်သံစဉ်သည် တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တွင်ကျင်းပြုခဲ့သည့် Luxury Brand Model 2015တွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမြင့်ဆုံးဆု Luxury Brand Model Award 2015 ကိုရရှိခဲ့ပြီး ကိုရီးယားနိုင်ငံတွင် သရုပ်ဆောင်လုပ်ကိုင်ခွင့်လိုင်စင် ပေးအပ်ထားခြင်းခံရသူတစ်ဦး ဖြစ်သည်။

Read More »

ကော့မှူးမြို့ရှိ  HCTA သင်တန်းကျောင်းသို့ ဟောလိဝုဒ်မင်းသမီး မီရှဲယိုမှ ဆိုင်ကယ်ဦးထုပ်များ လာရောက် လှူဒါန်း

သန့်ဇင်ဦး(မြစ်မခ)   ကော့မှူးမြို့နယ်၂၉ ရက်နေ့တွင် စတင်ကျင်းပလျက်ရှိသည့် နိုင်ငံရုပ်ရှင်ပွဲတော်ဖွင့်ပွဲသို့ရောက်ရှိလာသည့် ဟောလိဝုဒ်မင်းသမီး မီရှဲယိုက ကော့မှူးမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှဖွင့်လှစ်ထားသည့် Hospitality and Catering Traning Academy(HCTA) သင်တန်းကျောင်းရှိ ကျောင်းသူကျောင်းသားများအတွက် မော်တော်ဆိုင်ကယ်စီး ဦးထုပ်အလုံး (140)ကို လာရောက်လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ “ခုလာလှူတာတော့ အလုံး ၁၄၀ ပါ ကျောင်းသားက ၈၈ ဦးပဲရှိတော့ ကျန်တာတွေကို ကော့မှူးမြို့နယ်အတွင်း ပြန်လည်လှူဒါန်းသွားမှာပါ။” ဟု HCTAကျောင်း Progranmme Director ကိုဇွဲနန္ဒက ပြောသည်။

Read More »

ပရိသတ်လက်ခုပ်သံက တာဝန်ပိုကြီးသည်ဟု သရုပ်ဆောင်အဆိုတော်ဆုပန်ထွာ ပြောဆို

ရဲရင့်မင်းခန့် (မြစ်မခ) ပရိသတ်လက်ခုပ်သံသည် သူမအတွက်တာဝန်ပိုကြီးစေသည်ဟု သရုပ်ဆောင်အဆိုတော်ဆုပန်ထွာက ပြောဆို လိုက်သည်။ “အစ်မဘက်က ပရိသတ်အပေါ်မှာ တာဝန်ကျေနိုင်အောင်၊ အတတ်နိုင်ဆုံးကြိုးစားပါတယ်၊ အဲဒါကြောင့်မို့ ပရိသတ်က ပြန်လာတဲ့အားပေးမှု လက်ခုပ်သံ ဒါတွေလည်း မပန်အတွက်တာဝန်ပိုကြီးပါတယ်၊ မပန်က လက်ခုပ်သံ ကြားတာနဲ့ ဥပမာ- သီချင်းဆိုတာပဲထားပါတော့ အစ်မသီချင်းဆိုမပြရသေးဘူး ဆုပန်ထွာလို့ ကြော်ငြာလိုက်တာနဲ့ လက်ခုပ်သံတွေအကျယ်ကြီးကြားရတယ်။ အဲဒီအကျယ်ကြီးကြားရတဲ့လက်ခုပ်သံက အစ်မအတွက်ပိုပြီး တာဝန်ကြီးသွားတယ်လို့ အဲဒီလိုခံစားရတယ်။”ဟု သရုပ်ဆောင်ဆုပန်ထွာက ပြောသည်။

Read More »

အနုပညာလောကထဲ တစ်ကျော့ပြန်ဝင်မယ့် ဇင်ဇင်ဇော်မြင့်

စုသက်နှင်း (မြစ်မခ) ပရိသတ်ရဲ့ပြန်လည်တောင်းဆိုလာမှုကြောင့် အနုပညာအလုပ်တွေကို တကျော့ပြန်လုပ်ကိုင်သွားတော့မယ်လို့ မော်ဒယ် သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်က ဆိုလာပါတယ်။ ”အစ်မရဲ့ ပရိသတ်တွေက ဖုန်းတွေဆက်တယ်။ အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ တိုက်တွန်းတာကြောင့် အစ်မ အနုပညာ အလုပ်တွေ ပြန်လုပ်ဖို့ရှိတယ်။ အခု အစ်မကလေးက ၉လရှိပြီဆိုတော့ ကလေး တစ်နှစ်ကျော်သွားရင်တော့ တစိုက် မတ်မတ် ပြန်လုပ်ဖို့ စိတ်ကူးထားတယ်။ အခုလည်းဗီဒီယိုကားကလွဲလို့ အားလုံးရိုက်ဖြစ်နေတယ်။ အနုပညာက အစ်မ သွေးထဲမှာ စီးဆင်းနေပြီးသားပါ။ မိသားစုအရေးကြောင့် ခဏအဆက်ပြတ်သလို ဖြစ်သွားပေမယ့် ရပ်လိုက်တာ မဟုတ်ပါဘူး။ အနုပညာအလုပ်တွေကို ဆက်လုပ်သွားမှာပါ” လို့ ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။

Read More »