Sunday , December 3 2017
Home / သတင်း / အနုပညာသတင်း (page 11)

အနုပညာသတင်း

နိုင်ငံတကာတန်းဝင်ဖြစ်ဖို့ ကြိုးစားသွားမယ့် မချစ်တတ်သေးတဲ့ ဟန်သီ

ဝါးဝါး(မြစ်မခ)   အလှမယ်ဟန်သီအနေဖြင့် နိင်ငံတကာတန်းဝင် အနုပညာရှင်တစ်ယောက်ဖြစ်စေရန် နယူးယောက်ရှိ New York Flim Academy (NYFA) အနုပညာတက္ကသိုလ်တွင် Acting Major ဖြင့် (၉)လကြာ ပညာ တော်သင်သွား ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါသင်တန်းတက်ရန် စက်တင်ဘာလ(၁၇)ရက်နေ့တွင် သွားရောက်မည်ဖြစ်ပြီး ၂၀၁၆ခုနှစ် မေလတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

Read More »

စစ်မှန်သည့်မဲရွေးချယ်ခွင့်ရရှိရေး လူထုအားလုံးပါဝင်ရန် လိုအပ်ဟု အဆိုတော် နီနီခင်ဇော် တိုက်တွန်းပြောဆို

စုသက်နှင်း (မြစ်မခ)   ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စစ်မှန်သည့် မဲရွေးချယ်ခွင့်ရရှိရေးအတွက် လူထုအားလုံးပါဝင်ရန် လိုအပ်ကြောင်း အဆိုတော် နီနီခင်ဇော်က တိုက်တွန်းပြောကြားလိုက်သည်။ မြန်မာပြည်သူများအနေဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲသည် အရေးကြီးသည့်ကာလဖြစ်ပြီး ရွေးကောက်ပွဲတွင် လူထုအားလုံးပါဝင်ရန်လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

Read More »

မြန်မာ့ရုပ်ရှင်လောက အိမ်နီးချင်းနိုင်ငံများထက် နှစ် ၃၀ ခန့် နောက်ကျနေတယ်လို့ နေတိုးပြောပြီ

ရဲရင့်မင်းခန့်(မြစ်မခ)   မြန်မာနိုင်ငံမှ ရုပ်ရှင်ရိုက်ကူးမှုနည်းပညာများသည် အားနည်းနေသည့်အပြင် နှစ်ပေါင်း(၃၀)ခန့်နောက်ကျနေကြောင်း သရုပ်ဆောင်အကယ်ဒမီနေတိုးက ၎င်း၏အမြင်ကို ပြောသည်။ “ကျွန်တော်တို့ ယိုးဒယားလောက်သွားပြီးတော့ Production သွားလုပ်တယ်ဆိုတောင်မှ သူတို့ကပြောကြပါ တယ်။ မင်းတို့ဇာတ်ကားတွေက လွန်ခဲ့တဲ့နှစ်(၂၀)ကျော်လောက်ကို ပြန်ရောက်သွားသလို သူတို့ခံစားရတယ်တဲ့  ရိုက်ကူးတဲ့ပုံစံတွေ၊ ဇာတ်လမ်းရဲ့ပုံစံတွေကလည်း အဲဒီလိုမျိုးပေါ့။ တကယ်တမ်းဆိုရင် ကျွန်တော်တို့နှစ်(၂၀) လောက်မဟုတ်ပါဘူး။ နှစ်(၃၀)လောက် နောက်ကျကျန်နေတာပေါ့နော်”ဟု သရုပ်ဆောင် နေတိုးက ပြောသည်။

Read More »

ကျန်းမာရေးကြောင့် နှင်းဆီအငြိမ့်တွင်သာ မင်းသမီးအဖြစ် ကပြဖျော်ဖြေတော့မည့် မင်းသမီး ဖူးစုံ

စုသက်နှင်း (မြစ်မခ)   ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)မှ ဦးဆောင်ဖွဲ့စည်းထားသည့် နှင်းဆီအငြိမ့်အဖွဲ့၏ ပင်တိုင် အငြိမ့် မင်းသမီးတစ်ဦးဖြစ်သည့် သရုပ်ဆောင် ဖူးစုံကသူမ၏ ကျန်းမာရေးအခြေအနေကြောင့် နှင်းဆီအငြိမ့်မှ လွဲ၍ ကျန်ပွဲများတွင် အငြိမ့်ကပြဖျော်ဖြေတော့မည် မဟုတ်ကြောင်း သိရှိရသည်။ “အစ်မကအခုဆိုကျန်းမာရေးအခြေအနေကြောင့် အငြိမ့်မကတာကြာပြီ။နှင်းဆီအငြိမ့်ကတော့တစ်နှစ်မှ တစ်ပွဲလောက်ဆိုတော့ကဖြစ်မှာပါ။ ကျန်တဲ့အငြိမ့်ပွဲတွေတော့ ကမ်းလှမ်းလာရင်တောင်မောနေလို့ မက ဖြစ်တော့ဘူး။ ရုပ်ရှင်တို့ဗီဒီယိုတို့တော့ရိုက်ဖြစ်တယ်။ ကားရိုက်တာကအငြိမ့်ကတာလောက် မပင်ပန်းတော့လေ” ဟု ဖူးစုံကပြောသည်။

Read More »

အနုပညာဝမ်းစာဖြည့်နေချိန် အချစ်ရေးမစဉ်းစားဟု ရွှေသမီးပြောပြီ

စုသက်နှင်း(မြစ်မခ)   မြန်မာဗွီဒီယိုဇာတ်ကားများ ဆက်တိုက်ရိုက်ကူးနေသည့် သရုပ်ဆောင်ရွှေသမီးမှာ အနုပညာအလုပ် များအတွက် ၀မ်းစာဖြည့်နေချိန်တွင် ၎င်းအနေဖြင့် အချစ်ရေးကို စဉ်းစားမည်မဟုတ်ကြောင်း ပြောဆို လိုက်သည်။ “ညီမအခုကတော့ အချစ်ရေးကို မစဉ်းစားသေးပါဘူး။ အနုပညာဝမ်းစာဖြည့်နေချိန်မှာ အချစ်ရေးက ဦးစားပေး ဖြစ်မှာမဟုတ်ဘူး။ ဒီနှစ်ထဲမှာ ဗီဒီယိုဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေပါတယ်။ ရုပ်ရှင်ကားကြီးကတော့ မ သေချာသေးဘူး။ ဇာတ်ကောင် စရိုက်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးဖြစ်အောင် သရုပ်ဆောင်ထားတယ်။ အခု လတ်တလောကတော့ ဒရမ်မာပိုင်းနဲ့ ဟာသဇာတ်ရုပ်တွေမှာ သရုပ်ဆောင်တာမျိုးတော့ လုပ်ချင် နေတယ်” ဟု ၄င်းက ပြောသည်။

Read More »