Thursday , March 8 2018
Home / သတင်း / အနုပညာသတင်း (page 10)

အနုပညာသတင်း

နားလည်ပေးသူကိုသာ လက်ထပ်ချင်တယ်ဆိုတဲ့ အိချောပို

စုသက်နှင်း (မြစ်မခ)   နားလည်မှုပေးနိုင်သည့် အမျိုးသားဖြင့်သာ ဘဝလက်တွဲဖော်အဖြစ် လက်ထပ်လိုကြောင်း သရုပ်ဆောင်အိချော ပိုက ပြောသည်။ “ချစ်သူရည်းစားဆိုတာလည်း အရေးကြီးပါတယ်။ အိချောက ဘဝမှာ ကိုယ်ကလည်းချစ်၊ ကိုယ့်ကိုနားလည်ပေး နိုင်တဲ့လူမျိုးနဲ့မှ လက်ထပ်မယ်လို့ စဉ်းစားထားတာ။ အချစ်ဆိုတာ ၅၂၈ မေတ္တာက အေးချမ်းပေမယ့် ၁၅၀၀ အချစ်ကတော့ တစ်ခါတစ်လေပူလောင်တယ်။ ဒါကြောင့် ၁၅၀၀ အချစ်မှာ နားလည်မှုရှိဖို့က အရေးကြီးပါ တယ်။ အခုလတ်တလော အချစ်ရေးကတော့အေးဆေးပါပဲ။”ဟု အိချောပိုကပြောသည်။

Read More »

ဇာတ်လမ်းရွေးလို့ ကားရိုက်နည်းသွားတဲ့ ဟိန်းဝေယံ

ဝါးဝါး(မြစ်မခ) သရုပ်ဆောင် ဟိန်းဝေယံအနေဖြင့် ဗီဒီယိုနှင့်ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်ကာ ရိုက်ကူးလာသောကြောင့် ဇာတ်ကားရိုက်ကူးမှုမှာ ယခင်ကထက် နည်းပါးသွားကြောင်းသိရသည်။ ဟိန်းဝေယံအနေဖြင့် ၄င်း၏အနုပညာအရည်အသွေးကို ပိုမိုပြသနိုင်သောဇာတ်ကားမျိုးကိုသာ ရွေးချယ်ရိုက် ကူးသွားမည်ဖြစ်ကြောင်းကိုလည်း ယခုကဲ့သို့ ဆိုသည်။

Read More »

မျိုးဆက်သစ်များ မွေးထုတ်နိုင်ရေး ဦးစားပေးသွားမယ့် မေဆွိ

စုသက်နှင်း(မြစ်မခ)   အနုပညာသက်တမ်း ၄၀ ကို ၂၀၁၆ ခုနှစ်တွင် မှတ်တိုင်စိုက်ထူနိုင်တော့မည့် အဆိုတော်မေဆွိအနေဖြင့် နောက် ပိုင်းတွင် တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုများထက် မျိုးဆက်သစ်အနုပညာရှင်သစ်များ ပေါ်ပေါက်လာစေရန်  ဦးစားပေးလုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ “မဆွေရဲ့ အနုပညာသက်တမ်းကလည်း ၄၀ ပြည့်တော့မှာဆိုတော့ တစ်ကိုယ်တော်အနေနဲ့ တေးစီးရီးထုတ်ဖို့ တွေ၊ ဖျော်ဖြေပွဲ Organize တွေ လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ အခု ပြည်ပဖျော်ဖြေပွဲလက်ခံထားတာလေး တွေပြီးရင် မြန်မာနိုင်ငံက အရည်အချင်းရှိတဲ့ မျိုးဆက်သစ်အနုပညာရှင်တွေ ပေါ်ထွက်လာဖို့ပဲ ဦးစားပေး လုပ် ကိုင်သွားဖို့ စဉ်းစားထားတယ်။ အဲဒီဘက်မှာလည်း ကိုယ်တက်နိုင်သလောက် အားစိုက်လုပ်ကိုင်သွားပါ့မယ်” ဟု မေဆွိက ပြောသည်။

Read More »

 ပြည်ခိုင်ဖြိုးကို ဝန်းရံသူများခေါင်းစဉ်ဖြင့် ဓါတ်ပုံမှာ မသမာသည့် လုပ်ရပ်ဟု ဆုပန်ထွာပြောဆို

စုသက်နှင်း (မြစ်မခ) လူမှုကွန်ယက်စာမျက်နှာတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးသရုပ်ဆောင် များပါဝင်သည့် ဓါတ်ပုံနှင့် ပြည်ခိုင်ဖြိုးကို ဝန်းရံသူများခေါင်းစဉ်ဖြင့် ရေးသားသည့်လုပ်ရပ်သည် မသမာသည့် လုပ်ရပ်ဖြစ်ကြောင်း သရုပ်ဆောင်၊ အဆိုတော် ဆုပန်ထွာက ပြောကြားလိုက်သည်။ အဆိုပါလူမှုကွန်ယက်စာမျက်နှာတွင် သရုပ်ဆောင်ပပဝင်းခင်၊ ဆုပန်ထွာ၊ နန်းစုရတီစိုးတို့၏ ကြံခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဝတ်စုံဖြင့် ရိုက်ကူးထားသည့်ဓါတ်ပုံနှင့်စာသားအပေါ် ဝေဖန်မှုများစွာဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Read More »

အိမ်ထောင်ပြုချင်ပြီလို့ အသက် ၃၀ မှာ ဖွင့်ဟလိုက်တဲ့ အေးမြတ်သူ

ဝါးဝါး(မြစ်မခ)   အမျိုးသမီးတစ်ဦးအနေနဲ့ အသက် ၃၀ အရွယ်မှာ မိသားစုဘဝကို တောင့်တလာတာကြောင့် သရုပ်ဆောင် အေးမြတ်သူက အိမ်ထောင်ပြုချင်မိတယ်လို့ ဆိုပါတယ်။ ခေတ်စနစ်ပြောင်းလဲမှုတွေကြောင့် လက်ထပ်ထိမ်းမြားဖို့ သေချာစဉ်းစားဆုံးဖြတ်တတ်တဲ့ ကာလဖြစ်လို့ ယနေ့ခေတ်မှာ အမျိုးသားနှင့်အမျိုးသမီးတို့ လက်ထပ်ထိမ်းမြားဖို့ ခက်ခဲလျက်ရှိနေတယ်လို့လည်း သူမက သုံးသပ်ပါတယ်။ ”ကျွန်တော် အသက်(၁၇)နှစ်ကတည်းက (၂၇)နှစ်ကျရင် ယူမယ်လို့ပြောခဲ့တာ။ အခုဆို အသက် ၃၀ရှိပြီ။ အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း ယောင်္ကျား လိုချင်နေပြီ။ အမျိုးသမီးအနေနဲ့ အသက်(၃၀)အရွယ်က ကလေးမီးဖွားဖို့ အသင့်တော်ဆုံးပဲလေ။ အလှအပနဲ့ကြည့်ရင်လည်းဒီအရွယ်မှာလှတာ ကုန်တော့မယ်။ ယူမယ့် ယောက်ျားက ရှားပြီ။ အမျိုးသားကျတော့ အဲ့ဒီအရွယ်မှာ အတောက်ပဆုံးဖြစ်ပြီး အလုပ် လုပ်တိုင်းဖြစ်မြောက် တဲ့ အချိန်ပါ။ အဲ့ဒီအချိန်မှာ …

Read More »