Friday , March 9 2018
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ (page 5)

စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်၌ ကြက်မွေးမြူရေးခြံများ ယခင်ထက် ဂရုစိုက်မွေးမြူနေရ

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ ဧပြီလ(၂၈)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ယခုရက်ပိုင်းအတွင်း ရာသီဥတုအပြောင်းအလဲကြောင့် မွေးမြူရေးကြက်ခြံများမှ ကြက်များနာခြင်း၊ သေဆုံးခြင်း မရှိစေရန် အထူးဂရုစိုက်မွေးမြူနေရကြောင်း ကြက်မွေးမြူရေး ပိုင်ရှင်များထံမှ သိရှိရသည်။ ”မိုးရွာပြီး နှစ်ရက်လောက်ကြာတော့ ကြက်နှစ်ကောင်၊ သုံးကောင်လောက်က မလှုပ်မရှက်တွေ့ရတယ်။ ဒါနဲ့ အားချင်းကြက်ခြံတွေကို သန့်ရှင်းရေးလုပ်၊ အနာကျနေတယ်လို့ထင်တဲ့ အကောင်လေးတွေကို ဖယ်ထုတ်ပြီး စောင့်ကြည့်နေရတယ်။ ရေကို သန့်သန့်လေးတိုက် လေဝင်လေထွက် ကောင်းအောင် အကာတွေကို ပြုပြင်လုပ် ကြက်ခြံဝန်းကျင်ကို အရင်ထက် ပိုဂရုစိုက်ပြီး စောင့်ကြည့်မွေးနေရတယ်။ ဒီမွေးမြူရေး လုပ်ငန်းကို မိသားစု စားဝတ်နေရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်နေတာဆိုတော့ အဆုံးရှုံးမခံနိုင်ဘူး။”ဟု ကြက်မွေမြူရေး လုပ်ငန်းလုပ်ကိုင်သူ ကိုဝင်းကိုက ပြောသည်။  

Read More »

ငါးမဖမ်းရရာသီကို ရေပေါ်ငါးဖမ်းဆီးခြင်းလုပ်ငန်းနှင့် ရေအောက်ငါးဖမ်းဆီးခြင်း လုပ်ငန်းဟူ၍ ခွဲခြားသတ်မှတ် သင့်

ယမုံ (မြစ်မခ) ရန်ကုန်၊ ဧပြီ(၂၇)ရက်။ ငါးမဖမ်းရရာသီကို ရေပေါ်ငါးဖမ်းဆီးခြင်းလုပ်ငန်းနှင့် ရေအောက်ငါးဖမ်းဆီးခြင်းလုပ်ငန်းဟူ၍ ခွဲခြားသတ်မှတ် ပေးသင့်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူများက ပြောဆိုလိုက်သည်။ ၂၀၁၇ ခုနှစ် ငါးမဖမ်းရရာသီကို မေလမှ ဇူလိုင်လထိ သတ်မှတ်ထားသော်လည်း ကင်းမွန်နှင့် ငါးသလောက်ငါးများသည် မေလအတွင်း ဖမ်းဆီးရမိမှုများခြင်းကြောင့် ယင်းကဲ့သို့ပြောဆိုရခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ငါးမဖမ်းရရာသီကို ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့တွင် ပြောင်းလဲသတ်မှတ်ပေးရန် တနသာင်္ရီတိုင်းမှ တောင်းဆိုထား

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ ဧပြီ (၂၆)ရက်။ ၂၀၁၇ ငါးမဖမ်းရရာသီကို မေ၊ ဇွန်၊ ဇူလိုင်အစား ဇွန်၊ ဇူလိုင်၊ သြဂုတ်အဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် တန သာင်္ရီတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများက တောင်းဆိုထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။ “ဧပြီ ၁၀ ရက်က တနသာင်္ရီတိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေက ပြင်ဆင်ပေးဖို့ တင်ပြထားတာ ပါ။”ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ရန်ကုန်တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။

Read More »

ဇောတိကစီမံကိန်း၏ အဆင့် 1C နှင့် 1D တိုးချဲ့လုပ်ကိုင်ခြင်းကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ တူးဖော်ရေးလုပ်ငန်း စတင်လုပ်ကိုင်မည်

ယမုံ (မြစ်မခ) ရန်ကုန်၊ ဧပြီ (၂၆)ရက်။ ကမ်းလွန်လုပ်ကွက် ဇောတိကစီမံကိန်း၏ အဆင့် 1C နှင့် 1D တိုးချဲ့လုပ်ကိုင်ခြင်းကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်း တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ရေးလုပ်ငန်း စတင်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီမှ သိရှိရသည်။ အဆိုပါ စီမံကိန်းအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ပြည်မြို့နှင့် ရွှေဘိုမြို့နယ်တို့တွင် ဂျပန်အာမခံကုမ္ပဏီ၏ နည်းပညာအကူအညီဖြင့် သီးနှံအာမခံလုပ်ငန်းအား စမ်းသပ်လုပ်ဆောင်သွားမည်

ယမုံ (မြစ်မခ) ရန်ကုန် ဧပြီ(၂၄)ရက်။ ဂျပန်အာမခံကုမ္ပဏီ တစ်ခုဖြစ်သည့် စွန်ပိုအာမခံကုမ္ပဏီ၏ နည်းပညာအကူအညီဖြင့် ပြည်မြို့နှင့် ရွှေဘိုမြို့နယ်တို့တွင် သီးနှံအာမခံလုပ်ငန်းအား စမ်းသပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရှိရသည်။ အဆိုပါ သီးနှံအာမခံလုပ်ငန်းအား စွန်ပို ဂျပန်အာမခံကုမ္ပဏီ၊ Myanmar agriculture Development Bank (MADB)နှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ပူးပေါင်း၍ ပိုင်းလော့ပရောဂျက်အနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

Read More »