Friday , September 22 2017
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ (page 3)

စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ

Green Peasant Institute မှ တိုင်းဧရာအတွင်း လယ်ယာမြေနှင့် ပတ်သက်သည့် ဥပဒေသင်တန်းများ ပို့ချရန် စီစဉ်

မျိုးသက်ဦး (မြစ်မခ) သာပေါင်းမြို့နယ်၊ မေလ (၁၀) ရက်။ ဧရာဝတီတိုင်းဒေသကြီး အခြေပြုတောင်သူလယ်သမားသင်တန်းကျောင်း (Green Peasant Institute)မှ ကာ တွန်းရုပ်ပုံများဖြင့် စိတ်ဝင်စားဖွယ် လယ်ယာမြေဥပဒေသင်တန်းမှတ်စုစာအုပ်ပြုစုကာ ဧရာဝတီတိုင်းဒေသကြီး အတွင်း လယ်ယာဥပဒေသင်တန်းများပို့ချသွားရန် စီစဉ်နေကြောင်း သိရှိရသည်။ “ဥပဒေတွေကို နားလည်အောင် ရုပ်ပုံတွေနဲ့ ဖန်တီးနေတာပါ။ အဓိက ကျေးလက်ဒေသက တောင်သူတွေ အနေနဲ့ စိတ်ဝင်တစားဖြစ်အောင် ပြုစုနေပါတယ်။ သိပ်မကြာခင် စာအုပ်ကပြီးတော့မှာပါ။” ဟု GPI မှ အမှု ဆောင် ဦးတင့်စိုးဌေးက ပြောသည်။

Read More »

သထုံမြို့နယ်တွင် လာမည့်မိုးစပါးစိုက်ပျိုးရာသီမှစတင်၍ ကန်ထရိုက်လယ်ယာစနစ် စတင်အကောင်အ ထည်ဖော်မည်

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ မေ (၉)ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်၌ လာမည့်မိုးစပါးစိုက်ပျိုးရာသီမှ စတင်၍ ကန်ထရိုက်လယ်ယာစနစ်ဖြင့် လယ်ဧက (၅၀၀)ခန့်ကို စတင်စိုက်ပျိုးအကောင်အထည်ဖော်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဆန်ကုန်သည်များအသင်းထံမှ သိရှိရသည်။ ကန်ထရိုက်လယ်ယာစနစ်ကို အစိုးရ၊ တောင်သူ၊ ကုမ္ပဏီ(သို့)စက်ပိုင်ကုန်သည်များမှ (၃)ပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းစနစ်သည် ချေးငွေထောက်ပံ့ငွေပေးခြင်းတို့ထက် ပို၍ ထိရောက်အကျိုးရှိကာ အထွက်နှုန်း၊ အရည်အသွေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

Read More »

ကသာမြို့ဧရာဝတီမြစ်ရေလျှံတက်မှုကြောင့် သီးနှံများထိခိုက်ပျက်စီးဧရိယာများစာရင်းကို မေလ (၂)ရက်တွင် တင်ပြခဲ့

နေမျိုးလှရွှေ (မြစ်မခ) ကသာ၊ မေ(၄)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ၂၀၁၇ ခုနှစ် ဧပြီလအတွင်း၌ ဧရာဝတီမြစ်ရေလျှံတက်မှုကြောင့် သီးနှံများ ရေလွှမ်းမိုး၍ ထိခိုက်ပျက်စီးသည့် ဧရိယာများကို ကွင်းဆင်းစာရင်းများပြုစုထားပြီး ကသာခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ တင်ပြခဲ့ကြောင်း သိရှိရသည်။ ဧရာဝတီမြစ်ရေသည် ကသာမြို့တွင် ဧပြီလ(၄)ရက်တွင် (၄၄၇)စင်တီမီတာအထိ မြင့်တက်လာသောကြောင့် နှုန်းတင်မြေနုကျွန်းများတွင် စိုက်ပျိုးထားသော ဆောင်းသီးနှံများ ရေလွမ်းပျက်စီးခဲ့ရပြီး အဆိုပါ ပျက်စီးဧရိယာ စာရင်းများကို ကသာခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ဧပြီလ(၅)ရက်မှ စတင်ကောက်ယူခဲ့ခြင်းဖြစ်သည်။

Read More »

တောင်သူလယ်သမားများကို ဝန်ဆောင်မှုပေးမည့် စင်တာ (ASC)စီမံကိန်းကို တိုင်းနှင့် ပြည်နယ်ရှိ နေရာပေါင်း ၃၃ ခု၌ ၄ နှစ်အတွင်း အကောင်အထည်ဖော်မည်

ယမုံ (မြစ်မခ) ရန်ကုန်၊ မေလ (၂)ရက်။ လယ်ယာကဏ္ဍတွင် တောင်သူလယ်သမားများကို ဝန်ဆောင်မှုပေးမည့် လယ်ယာစီးပွားရေး ဝန်ဆောင်မှု စင်တာ (ASC)စီမံကိန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ နေရာပေါင်း (၃၃)ခု၌ ၄ နှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)မှ သိရှိရသည်။ အဆိုပါ Service Center တည်ဆောက်ရေးစီမံကိန်းကို ဆန်စပါးအဓိကစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည် နယ်များတွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ယင်းစင်တာ၌ စက်မှုလယ်ယာဝန်ဆောင်မှုများ၊ သီးနှံ အခြောက်ခံစက်များ၊ သီးနှံသိုလှောင်ရုံများနှင့် ဓါတ်မြေသြဇာဖြန့်ဖြူးရေးကိစ္စရပ်များ ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း သိရသည်။

Read More »

တိရစ္ဆာန်မွေးမြူသူများ ရသင့်သည့် ဈေးကွက်များရရှိစေရန် သားသတ်လိုင်စင် (စီ)စနစ်ကို ပြောင်းလဲပေးရန်လို

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ မေ (၂) ရက်။ တိရစ္ဆာန်မွေးမြူသူများ ရသင့်ရထိုက်သည့်ဈေးကွက်များရရှိစေရန် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ လက်ရှိကျင့် သုံးနေသော သားသတ်လိုင်စင်(စီ)စနစ်ကို ပြောင်းလဲပေးရန်လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ မွေးမြူ ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာကျော်ထင်က ပြောဆိုလိုက်သည်။ အဆိုပါ စနစ်သည် ကိုလိုနီခေတ်က စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး သင့်တော်သည့် အခြားသော အစားထိုးစနစ် ပြောင်းလဲပေးရန်လိုအပ်နေကြောင်း သိရသည်။

Read More »