Wednesday , March 7 2018
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ (page 23)

စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ

ငြိမ်ချက်သားကောင်းနေသည့် ရခိုင်စပါးဈေးကွက်အခြေအနေ

အရည်အသွေးကျဆင်းလာနေသော ရခိုင်စပါးဈေးကွက်မှာ ၀ယ်လိုအားမရှိသဖြင့် ဈေးကွက် ငြိမ်သက်နေကြောင်း လယ်သမားတို့က ဆိုသည်။ ရခိုင်စပါးဈေးကွက်မှာ ယမန်နှစ်ကလောက် ဝယ်လိုအားမရှိသည့်အပြင် ဈေးနှုန်းမှာလည်း ငြိမ်သက်နေသည်ဟု စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။ “ဒီနှစ်က ၀ယ်လိုအားမရှိဘူး။ ဈေးကွက်က ပုံမှန်ငြိမ်နေတယ်။ ပြီးတော့ ရခိုင်စပါး အ၀ယ်ကျတာကလဲ စပါး ကွာလတီ မကောင်းတာလဲပါတယ်”ဟု ၄င်းက ပြောသည်။

Read More »

နွေစပါးစိုက်တောင်သူများအတွက် ယူရီးယားမြေသြဇာ (၅)လဆိုင်းဖြင့် ရောင်းချနေ

မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှဦးဆောင်၍ တောင်သူလယ်သမားများအတွက် နွေစပါးစိုက်ရာသီအမီ အင်ဒိုနီးရှားနိုင်ငံထုတ် ယူရီးယားဓါတ်မြေသြဇာအိတ်တစ်သိန်းအား (၅)လဆိုင်းစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ “မြို့နယ်တိုင်းမှာရှိတဲ့ တောင်သူလယ်သမားကော်မတီတွေကတဆင့် တောင်သူလယ်သမားတွေ နွေစပါးစိုက်ဖို့ အဆင်ပြေစေဖို့ ရည်ရွယ်ပြီးတော့ အထွက်နှုန်းကောင်းတဲ့ ယူရီးယားဓါတ်မြေသြဇာကို (၅)လဆိုင်း ငွေပေးချေစနစ်နဲ့ အခုကစပြီး ရောင်းချပေးသွားမှာပါ ” ဟု မြန်မာနိုင်ငံတောင်သူလယ် သမားအသင်းဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။ အဆိုပါစနစ်ဖြင့် အမြို့မြို့အနယ်နယ်ရှိ စပါးစိုက်ပျိုးတောင်သူများကို ယူရီးယားဓါတ်မြေသြဇာ အိတ်ရေ(၁)သိန်း ရောင်းချပေးသွားမည်ဖြစ်ပြီး မြန်မာတောင်သူလယ်သမားအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာ့လယ်ယာစီးပွားရေးကော်ပိုရေးရှင်းတို့မှ ပူးပေါင်း၍ လဆိုင်းစနစ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

Read More »