Sunday , December 3 2017
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ (page 22)

စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ

ဈေးကွက်အတွင်း နေရာယူလာသည့် တရုတ်လိမ္မော်သီးများ

သီရိမင်္ဂလာဈေးသစ်သီးဈေးကွက်တွင် ပြည်တွင်းမှ စိုက်ပျိုးသည့် ပျားလိမ္မော်နှင့် ရိုးရိုး လိမ္မော်သီးများရှားပါးလာခြင်းကြောင့် ပြည်ပဈေးကွက်မှ လိမ္မော်သီးများနှင့် အစားထိုးရောင်းချနေရသည်ဟု ဈေးကွက်အတွင်းမှ သိရှိရသည်။ ပြည်တွင်းပျားလိမ္မော်နှင့် ရိုးရိုးလိမ္မော်သီးများ ရှားပါးလာရခြင်းမှာ စိုက်ပျိုးရာသီချိန် ကုန်ဆုံးခြင်းကြောင့် ဖြစ်ကြောင်းကိုလည်း သိရသည်။

Read More »

ငလျင်ဒဏ်ဆိုးကျိုးကြောင့် ၀က်လက်မြို့နယ်၌ မြေပဲထွက်နှုန်း သိသိသာသာကျဆင်း

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုရိုင် ၊ ၀က်လက်မြို့နယ်အတွင်းမှတောင်သူများ၏ မြေပဲစိုက်ခင်းများမှာ ငလျှင်ဒဏ်ကြောင့် အထွက်နှုန်းသိသိသာသာကျဆင်းလာကြောင်းဒေသခံတောင်သူတို့က ဆိုသည်။ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့က လှုပ်ခက်ခဲ့သောငလျှင်ဒဏ်၏နောက်ဆက်တွဲဆိုးကျိုးများကြောင့် ယခုကဲ့သို့ ထွက်နှုန်းလျော့ကျရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

Read More »

ငလျင်ဒဏ်ခံခဲ့ရသော တောင်သူများ ၆ကျပ်တိုးဖြင့် သီးနှံပြန်စိုက်နေရ

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ပျက်ဆီးခဲ့ရသည့် စိုက်ခင်းများကို ပြန်လည်စိုက်ပျိုးနိုင်ရန် အတိုးနှုန်း (၆)ကျပ်နှုန်းဖြင့် ချေးငှားကာ စိုက်စရိတ်အဖြစ် အသုံးပြုနေရသည်ဟု ဒေသခံတောင်သူများထံက သိရှိရသည်။ “မန္တလေးက သီးနှံပွဲရုံတွေကနေ စိုက်စရိတ်အတွက် (၆)ကျပ်နှုန်းနဲ့ ချေးပြီး လယ်ပြန်လုပ်နေရတယ်” ဟု ဦးသက်ခိုင်က ပြောသည်။ ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် သပိတ်ကျင်းမြို့နယ်ရှိ သီးနှံများ နှင့် ကြံစိုက်ခင်းများ ခြောက်ကပ်သွားကာ ဆုံးရှုံးခြင်းများနှင့် တောင်သူများ ကြုံတွေ့နေရသည်ဟု တောင်သူ ဦးသက်ခိုင်က ဆိုသည်။

Read More »

စိုက်ပျိုးနည်းကို စနစ်တကျ လမ်းညွှန်နိုင်သော ပလောင် လက်ဖက်စိုက်ပျိုးသူများ အသင်းဖွဲ့ရန်လို

ပလောင်လူမျိုးများဖြစ်သည့် လက်ဖက်ပြုလုပ်ရောင်းချသူများသည် လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများဘ၀ တိုးမြှင့်ရေး နှင့် ပြည်တွင်းပြည်ပ ဈေးကွက် ရရှိရေးအတွက် ပလောင်လက်ဖက် စိုက်ပျိုးရောင်းချသူများ အသင်းဖွဲ့စည်းရန် လိုအပ်ကြောင်း ပလောင်လူမျိုး စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။ ပလောင်လက်ဖက် စိုက်ပျိုးရောင်းချသူများအသင်းဖွဲ့စည်းရန် လိုအပ်ရခြင်းမှာ လက်ဖက်စိုက်တောင်သူများအတွက် စိုက်ပျိုးနည်းများကို စနစ်တကျ လမ်းညွှန်ပေးသူများမရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု လက်ဖက်စိုက်တောင်သူတစ်ဦး ကဆိုသည်။

Read More »

ငြိမ်ချက်သားကောင်းနေသည့် ရခိုင်စပါးဈေးကွက်အခြေအနေ

အရည်အသွေးကျဆင်းလာနေသော ရခိုင်စပါးဈေးကွက်မှာ ၀ယ်လိုအားမရှိသဖြင့် ဈေးကွက် ငြိမ်သက်နေကြောင်း လယ်သမားတို့က ဆိုသည်။ ရခိုင်စပါးဈေးကွက်မှာ ယမန်နှစ်ကလောက် ဝယ်လိုအားမရှိသည့်အပြင် ဈေးနှုန်းမှာလည်း ငြိမ်သက်နေသည်ဟု စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။ “ဒီနှစ်က ၀ယ်လိုအားမရှိဘူး။ ဈေးကွက်က ပုံမှန်ငြိမ်နေတယ်။ ပြီးတော့ ရခိုင်စပါး အ၀ယ်ကျတာကလဲ စပါး ကွာလတီ မကောင်းတာလဲပါတယ်”ဟု ၄င်းက ပြောသည်။

Read More »