Friday , September 22 2017
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ (page 20)

စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ

ဟင်္သာတမြို့နယ်မှ သပြုဆိပ်လယ်သမားတာ ကျိုးပေါက်မှုကြောင့် လယ်ဧက ၃၆၀ ကျော် ထိခိုက်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အင်္ဂရမ်းကျေးရွာအုပ်စု အတွင်းရှိ လယ်သမားများကိုထူကိုထ ဖြင့် ဆာက်လုပ်ထား လျှက်ရှိသော သပြုဆိပ်လယ်သမားတာ သည်စက်တင်ဘာလ(၁၈)ရက်နေ့ ညနေ (၆း၁၅)မိနစ်အချိန်တွင် ကျိုးပေါက်ခဲ့ကြောင်းသိရသည်။

Read More »

အော်ဂဲနစ်စနစ်ပြောင်းလဲလိုလည်း ခက်ခဲနေဆဲအင်းလေးဒေသ

အင်းလေးကန်အတွင်းမှစိုက်ပျိုးရေးလုပ်ငန်းများ၌ ဓာတုဆေးဝါးများအစား အော်ဂဲနစ်နည်းစနစ်ကို ပြောင်းလဲလိုသော်လည်း အခက်အခဲများရှိနေသေးသည်ဟု ဒေသခံတောင်သူတို့က ဆိုသည်။ လက်ရှိတွင် အင်းလေးကန်အတွင်းမှ စိုက်ပျိုးရေးရွာ (၅) ရွာ၌ အော်ဂဲနစ်စနစ်ဖြင့် စမ်းသပ် စိုက်ပျိုးနေကြပြီ ဖြစ်ကြောင်း အော်ဂဲနစ်ဆေးဝါးများ ဖြန့်ချီနေသူ မလှကြေးမုံထွန်းထံမှ သိရှိရသည်။

Read More »

GAP စနစ်ဖြင့် ဧက ၄သိန်း ၄သောင်း စိုက်ပျိုးမည့် ရခိုင်ဒေသ

ကျဆင်းနေသော ရခိုင်ပြည်နယ်၏ လယ်ယာဖွံ့ဖြိုးရေးအတွက် ယခုနှစ်စိုက်ပျိုးရာသီ၌ သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ဧက (၄)သိန်းကျော် စိုက်ပျိုးမည်ဟု သိရသည်။ ရခိုင်ပြည်နယ်(၁၇)မြို့နယ်တွင် သိပ္ပံနည်းကျ GAP စနစ်ဖြင့် ဧက ၄သိန်း၎သောင်း စိုက်ပျိုးသွားမည်ဟု ရခိုင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနပြည်နယ်မှူး ဦးခင်မောင်ဝင်းက ပြောသည်။

Read More »

ထိုင်ဝမ်မျိုးကြောင့် ဒေသတွက်မျိုးစေ့များ မျိုးသုန်းမည်ကို တောင်သူတို့ စိုးရိမ်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း၌ ထိုင်ဝမ်သီးနှံမျိုးစေ့များ အများစု စိုက်ပျိုးကြသောကြောင့် ဒေသထွက် မျိုးစေ့များ ပျောက်ဆုံးသွားမည်ကို ဒေသခံတောင်သူလယ်သမားများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။ အဆိုပါထိုင်ဝမ်မျိုးစေ့များသည် ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ အထွက်နှုန်းကောင်းခြင်း နှင့် ဈေးကွက်တွင်း ရောင်း ပန်းလှသော်လည်း နောက်တစ်ကြိမ်ပြန်လည် စိုက်ပျိုးရန်အတွက် မျိုးစေ့ထုတ်ယူနိုင်ခြင်း မရှိသောကြောင့် မျိုးစေ့များ ထပ်ခါ ထပ်ခါ ၀ယ်ယူနေရကြောင်းကိုလည်း တောင်သူများထံက သိရသည်။

Read More »

ခရုကိုက်ဖြတ်စားသုံးမှု အဆိုးရွားဆုံးခံနေရသည့် ကျိုက်မရောမြို့နယ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ကျေးရွာအချို့ရှိ စိုက်ပျိုးမြေများတွင် ခရုများကျကာ စိုက်ပျိုးပင်များ အား ကိုက်ဖြတ် စားသုံးနေသည့်အတွက် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေကာ လယ်သမား အများစု ဒုက္ခကြုံတွေ့နေရသည်ဟု လယ်သမားများထံမှ သိရသည်။

Read More »