Friday , September 22 2017
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ (page 2)

စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ ဘိန်းစိုက်ပျိုးထုတ်လုပ်သော တောင်သူများအား ပညာပေးဖိုရမ်ပြုလုပ်

ထက်တိုင်းကျော်(မြစ်မခ) ကျိုင်းတုံ၊ မေ ၃၀ ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသမှ ဘိန်းစိုက်ပျိုးထုတ်လုပ်သောတောင်သူများအား မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် နယ်သာလန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ Transnational listitute တို့ ပူးပေါင်း၍ ပညာပေးဖိုရမ်ကို မေ ၂၉ ရက်မှ ၃၀ ရက်အထိ ကျိုင်းတုံ မြို့ရှိ တိုင်းလိယဉ်ကျေးမှုခန်းမ၌ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

Read More »

သထုံမြို့နယ်တွင် မိုးစပါးအတွက် ငွေကျပ်သန်းပေါင်း(၇၀၀၀)ကျော် ထုတ်ချေးပေးမည်

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ မေ ၂၃ ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ တောင်သူလယ်သမားများအတွက် ၂၀၁၇ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ကျပ် သန်းပေါင်း(၇၀၀၀)ကျော် ထုတ်ချေးပေးမည်ဖြစ်ကြောင်း သထုံမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။ အဆိုပါ ချေးငွေကို ကျေးရွာ(၄၅)ရွာမှ လယ်ဧက(၄၇၅၀၀)ဝန်းကျင်အတွက် လယ်သမား(၅၃၇၆)ဦးကို မေ ၂၂ ရက်မှ စတင်ကာ ထုတ်ချေးပေးနေကြောင်း သိရသည်။  

Read More »

၂၀၁၇ မိုးရာသီတွင် အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ် တစ်ဧကလျှင်ငါးသောင်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးမည်

  ကျော်မျိုးထွဋ် (မြစ်မခ)   မန္တလေး၊ မေ ၂၂ ရက်။   ၂၀၁၆ မိုးရာသီသီးနှံချေးငွေတွင် အခြားသီးနှံများအတွက် တစ်ဧကလျှင် နှစ်သောင်းကျပ်နှုန်းသာ ထုတ်ချေးခဲ့ သော်လည်း ၂၀၁၇ ခုနှစ်မှစတင်၍ တစ်ဧကလျှင် ငါးသောင်းကျပ်နှုန်းဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။   ၂၀၁၆ ခုနှစ်တွင် စပါးတစ်ဧကလျှင် တစ်သိန်းခွဲ၊ ချက်ကြံတစ်ဧကလျှင် တစ်သိန်းနှင့် အခြားသီးနှံများကို တစ် ဧကလျှင် နှစ်သောင်းနှုန်းဖြင့် ချေးပေးခဲ့ခြင်းဖြစ်ကာ အခြားသီးနှံများမှာ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ ချည်မျှင်ရှည်ဝါ၊ အ စေ့ထုတ်ပြောင်း၊ ဆီမုန်ညင်းနှင့် ဂုန်လျှော်တို့ဖြစ်ကြောင်း သိရသည်။   “ဒီနှစ်မှာထူးခြားတာက အခြားသီးနှံတွေကို …

Read More »

ဒရုန်းများဖြင့် စိုက်ခင်းများရှိ အပင်များ၏ ကြီးထွားမူ၊ ရေးပေးသွင်းခြင်း မှတ်တမ်းတင်ခြင်းများပြုနိုင်ရန် ဝန်ထမ်း (၃၀) ဦးအား သင်တန်းပေး

  ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ မေလ (၂၀) ရက်၊ ဒရုန်း(မောင်သူမဲ့လေယာဉ်)များဖြင့် စိုက်ခင်းများရှိ အပင်များ၏ ကြီးထွားမူ၊ ရေးပေးသွင်းခြင်း မှတ်တမ်းတင် ခြင်းများပြုနိုင်ရန် စိုက်ပျိုးရေးဌာနမှ အရာရှိဝန်ထမ်း (၃၀) ဦးအားသင်တန်းများ ပို့ချပေးပြီး operator အပိုင်း အတွက် တစ်လအတွင်း (၅)ကြိမ် သင်တန်းဆက်လက်ပို့ချပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ လုပ်ဆောင်ခြင်းကို မြန်မာနိုင်ငံလေကြောင်းနှင့် အာကသပညာတက္ကသိုလ်၊ (FAO) ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တို့ ပူပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီးတွင် လယ်သမားထက်ဝက်ခန့်သာ စိုက်ပျိုးစရိတ်ချေးငွေပြန်ဆပ်နိုင်

မျိုးမြတ် (မြစ်မခ) ပဲခူး၊ မေ (၁၂) ရက်။ ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၆ မိုးသီးနှံအတွက် စိုက်ပျိုးစရိတ်ထုတ်ချေးပေးထားသောမြို့နယ်များထံမှ သတ် မှတ်ရက်တွင် ချေးငွေပြန်လည်ပေးဆပ်မှုမှာ ၂၀၁၇ မေလ ဒုတိယအပါတ်ထိ (၄၉)ရာခိုင်နှုန်းသာရှိသေးကြောင်း ပဲခူးတိုင်းဒေသကြီး၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။

Read More »