Saturday , March 10 2018
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ (page 19)

စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ

မိုးစပါးဧကနှစ်ရာဝန်းကျင် ဖျက်ဆီးခဲ့ရသောကြောင့် ပုလဲမြို့နယ်မှ စပါးစိုက်တောင်သူတို့ အရှုံးပေါ်

 စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်၌ မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက်  မိုးစပါးဧကနှစ်ရာဝန်းကျင် ဖျက်ဆီးခဲ့ရသောကြောင့် စပါးစိုက်တောင်သူများ အရှုံးပေါ်ခဲ့ကြောင်း ဒေသခံစပါးစိုက် တောင်သူများထံမှ သိရှိရသည်။ “ကျွန်တော်တို့ တောင်သူတွေ ဒီနှစ်စပါးစိုက်ရတာ ရှုံးတယ်။ စပါးခင်းရေရအောင်ထိ မိုးမရွာတော့ စပါးခင်းတွေကို ဖျက်ဆီးပစ်ရတယ်။ မျိုးစေ့ဖိုးတင်ရှုံးတာမဟုတ်ဘူး။ မိုးနည်းနည်းစရွာတော့ မြေဆီကြဲပြီးပေါင်းနှုတ်လိုက်တော့ အဲဒီအတွက်ပါ ထပ်ကုန်ပြန်တယ်။”ဟု ပုလဲမြို့နယ်မှ စပါးစိုက်တောင်သူ ဦးသန်းလင်းက ပြောသည်။

Read More »

ပြည်မြို့ထွက် မုန်လာဥများ ဈေးကောင်းရသော်လည်း အထွက်နှုန်းနည်းသဖြင့် တောင်သူများ တွက်ချေမကိုက်

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့နယ် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော မုန်လာဥများ ယခုရက်ပိုင်းများအတွင်း ဈေးကောင်းလာသော်လည်း ရာသီဥတုကြောင့် အထွက်နှုန်းနည်းကာ တောင်သူများ တွက်ချေမကိုက်ဖြစ်နေကြောင်း သိရှိရသည်။ လက်ရှိတွင် မုန်လာဥငါးလုံးပါ တစ်တွဲလျှင် ဖောက်သည်ဈေး ကျပ် ၂၀၀ ခန့် ရရှိနေသော်လည်းတန်ဆောင်တိုင် ကာလအချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် မုန်လာဥအထွက်နှုန်းနည်းခြင်းနှင့် အလုံးသေးခြင်းများကြောင့် တွက်ခြေမကိုကဘဲ အရှုံးပေါ်နေရကြောင်း မုံလာစိုက်တောင်သူများက ဆိုသည်။

Read More »

ရှမ်းတောင်မှ ဂျူးမြစ်များ တောင်ကိုရီးယားဈေးကွက်ရရှိနေသောကြောင့် စိုက်ပျိုးသူများပြား

ရှမ်းပြည်နယ်တောင်ပိုင်း အအေးပိုင်းဒေသများမှ ဂျူးပင်များကို တောင်ကိုရီးယားနိုင်ငံ၏ ဂျူးမြစ်ဈေးကွက်ရရှိ သည့်အတွက် တောင်သူများအနေဖြင့် ဂျူးပင်စိုက်ပျိုးမှု ပိုမိုပြုလုပ်လာကြကြောင်း ဂျူးပင်စိုက်တောင်သူများထံမှ သိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းအပြင် ပြင်ဦးလွင်နှင့် မိုးကုတ်မြို့များမှ ဂျူးမြစ်များအား ဂျူးဝယ်လက်မှ ၀ယ်ယူပြီး တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နေသည်မှာ ငါးနှစ်ခန့်ရှိပြီဖြစ်သည့်အတွက် တောင်သူများအနေဖြင့် အခြားသီးနှံများထက် ဂျူးပင်များကို ပိုမိုစိုက်ပျိုးခြင်းဖြစ်ပြီး အမြတ်အစွန်းလည်း ပိုမိုရရှိနေကြခြင်းဖြစ်သည်။

Read More »

ပြည်မြို့တွင် ယခုနှစ်မိုးရာသီအတွင်း ကွမ်းခြံများပျက်စီးသဖြင့် ကွမ်းရွက်ဈေးအဆမတန် မြင့်တက်

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ၂၀၁၄ ခုနှစ် မိုးရာသီအတွင်း ကွမ်းခြံများ ပျက်စီးကာ ကွမ်းရွက်များ အထွက်နှုန်းနည်းပါးခြင်းကြောင့် ကွမ်းရွက်ဈေးအဆမတန်  မြင့်တက်ခဲ့ကြောင်း ဒေသခံကွမ်းစိုက်ပျိုးသူများထံမှ သိရှိရသည်။ မိုးရာသီကာလမှာ ကွမ်းရွက်အထွက်ဆုံးကာလဖြစ်သော်လည်း ရာသီဥတုကြောင့်ကွမ်းခြံများ ပျက်စီးခြင်း ကြောင့် ကွမ်းအထွက် လျော့လာသဖြင့် ယခင်နှစ်က ခြံဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၀၀ ဈေးပေါက်ခဲ့ရာမှ ယခုနှစ်တွင် တစ်ပိသာ ၄၅၀၀ ကျပ်ထိ ဈေးနှုန်း အဆမတန်မြင့်တက်ခဲ့ကြောင်း ကွမ်းရွက်အ၀ယ်ဒိုင်များနှင့် ကွမ်းစိုက်ပျိုးသူများက ပြောသည်။

Read More »

မိုးတစ်ကြိမ်သာ ရွာခဲ့ခြင်းကြောင့် ပခုက္ကူခရိုင်မှ စိုက်ခင်းများ ပျက်စီး

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်း မိုးခေါင်ရပ်ဝန်းဖြစ်ပေါ်နေမှုကြောင့် ဒေသအတွင်းရှိ တောင်ယာ စိုက်ခင်းများ တစ်စထက်တစ်စ ပိုမိုပျက်စီးလာသည့်အတွက် တောင်သူများ စားဝတ်နေရေးပိုမိုကြပ်တည်းလာသည်ဟု ဒေသခံများထံမှ သိရှိရသည်။ ပခုက္ကူခရိုင်အတွင်း စက်တင်ဘာလ(၁) ရက်နေ့၌ မိုးတစ်ကြိမ်သာ ရွာသွန်းခဲ့ပြီး အခြားလများ၌ မိုးရွာသွန်ခြင်း မရှိခြင်းကြောင့် စိုက်ခင်းများ ပျက်စီးခဲ့ရခြင်းဖြစ်သည်။

Read More »