Monday , September 25 2017
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ (page 10)

စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ

မွေးမြူရေး ပျားအုံများကို စိုက်ခင်းများအနီးမှ ဖယ်ရှားပေးရန် ထုတ်ပြန်ထားမှု ပြန်လည်စိစစ်ပေးစေလို

ယမုံ (မြစ်မခ) ရန်ကုန်၊ အောက်တိုဘာ(၁၂)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာခရိုင်အတွင်း စိုက်ခင်းများအနီး မွေးမြူရေးပျားများထားရှိခြင်းကြောင့် စိုက်ခင်း သီးနှံများ ပျက်စီးဆုံးရှုံးသဖြင့် ပျားအုံများကို ဖယ်ရှားပေးရန် ထုတ်ပြန်ထားမှုကို ပြန်လည်စိစစ်ပေးရန် မြန်မာနိုင်ငံ ပျားမွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ တောင်းဆိုလိုက်ကြောင်း သိရှိရသည်။  

Read More »

လားရှိုးမြို့တွင် ပြောင်းစိုက်တောင်သူများ စားဝတ်နေရေးအခက်အခဲကြောင့် ပြောင်းစေ့များ အရှုံးခံထုတ် ရောင်းနေရ

နောင် (မြစ်မခ) လားရှိုး၊ အောက်တိုဘာ(၇)ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ အစေ့ထုတ်ပြောင်းများ စတင်ထွက်ရှိချိန်တွင် ပြောင်းဈေး ကျနေသော်လည်း ပြောင်းစိုက်တောင်သူများမှာ စားဝတ်နေရေးအခက်အခဲကြောင့် မဖြစ်မနေထုတ်ရောင်းနေ ရကြောင်း တောင်သူများထံမှ သိရှိရသည်။

Read More »

ပေါင်းတည်ဒေသတွင် မြေပဲအထွက်နည်းသည့်အပြင် ဈေးကောင်းမရ၍ တောင်သူများအရှုံးပေါ်

သီဟလွင် (မြစ်မခ) ပြည်၊ စက်တင်ဘာ(၂၄)ရက်။ ပဲခူးတိုင်းဒေသကြီး ပေါင်းတည်ဒေသအတွင်း ထွက်ရှိသော မြေပဲများမှာ ရာသီဥတုကြောင့် အထွက်နှုန်း နည်းပါးနေသည့် အပြင် ဈေးနှုန်း ပါကျဆင်းလျှက်ရှိသောကြောင့် မြေပဲစိုက် တောင်သူများ အရှုံးပေါ်လျှက်ရှိ ကြောင်း သိရှိရသည်။

Read More »

Vetiver Grass မြက်မျိုးအား မြန်မာတွင် တွင်ကျယ်စွာစိုက်ပျိုးရန် အစီအစဉ်မရှိ

ဝေဖြိုး(မြစ်မခ) နေပြည်တော်၊ စက်တင်ဘာ (၂၂)ရက်။ Vetiver Grass မြက်မျိုးသည် နှစ်ရှည်မျိုးဖြစ်ပြီး အမြစ်ဆုံရှည်လျားပြီး ကြီးမား၍ စိုက်ပျိုးမြေများတွင် ထည့်သွင်း စိုက်ပျိုးရန် အခက်အခဲ ရှိနိုင်ခြင်းကြောင့် မြန်မာနိုင်ငံတွင် မြေဆီလွှာပျက်စီးခြင်းကိုကာကွယ်သည့်အနေဖြင့် တွင်ကျယ်စွာစိုက်ပျိုးရန် လတ်တလောအစီအစဉ်မရှိသေးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒေါက်တာ အောင်သူက ပြောဆိုလိုက်သည်။

Read More »

မွန်ပြည်နယ်အတွင်း ဘွန်ဆိုင်းပင်စိုက်ပျိုးရန် ဝါသနာပါသူများကို နည်းပညာများ အိမ်တိုင်ရာရောက် အခမဲ့ ကူညီပံ့ပိုးပေးမည်

ချိုမာအောင်(မြစ်မခ) မော်လမြိုင်၊ စက်တင်ဘာ ၅ ရက်။ မွန်ပြည်နယ်အတွင်းရှိ ဘွန်ဆိုင်းပင်စိုက်ပျိုးရန် ဝါသနာပါသူများအား ရာမညဘွန်ဆိုင်းကလပ်မှ နည်း ပညာများကို အိမ်တိုင်ရာရောက်အခမဲ့ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ “ဘွန်ဆိုင်းပင်ကို စိုက်ချင်တဲ့လူတွေကို ကျွန်တော်တို့အသင်းက ဖိတ်ခေါ်ပါတယ်။ အမြဲတမ်းကြိုဆိုနေပါတယ်။ ကျွန်တော်တို့ ဘွန်ဆိုင်းကလပ်ကနည်းပညာနဲ့ ပျိုးပင်အခက်အခဲရှိရင် ပျိုးပင်တွေထိန်းသိမ်းနည်း၊ အပင်ပြုပြင်ရေးပိုင်းကအစ အိမ်တိုင်ရာရောက်အခမဲ့ ကူညီပံ့ပိုးပေးသွားမှာဖြစ်တယ်။”ဟု ရာမ ညဘွန်ဆိုင်းကလပ်အသင်းဝင် ကိုမိုးဝေကပြောသည်။

Read More »