Friday , September 22 2017
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ

စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ

မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်နေ

ယမုံ (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက်။ မြန်မာ့လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ ပေးဆောင်ရသည့် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။ “တရုတ်နိုင်ငံက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေကို ပေးအပ်တဲ့ တဖက်သက်အကောက်အခွန်ကင်းလွတ်ခွင့် (Duty Free Treatment)အရ National Tariff Line မှာ ကျွန်တော်တို့ (၉၇)ရာခိုင်နှုန်းကို အကောက်ခွန်ကင်းလွတ် ခွင့်ပေးထားပါတယ်။ ဒါပေမဲ့လည်း အဲဒီစာရင်းထဲမှာ ကျွန်တော်တို့ နိုင်ငံရဲ့ အဓိက ပို့ကုန်ဖြစ်တဲ့ ဆန်နဲ့ ပြောင်း မပါဝင်သေးဘူးဆိုတာတွေ့ရတဲ့အတွက် ဒါလေးကိုလည်း ကူညီဆောင်ရွက်ပေးစေချင်ပါတယ်။”ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။

Read More »

သထုံမြို့နယ်အတွင်း ခြံရှင်များထံမှ ရာဘာစေးဝယ်ယူ၍ ရာဘာအသန့်များထုတ်လုပ်မည်

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ စက်တင်ဘာ ၁၉ ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဈေးကွက်ဝင်အရည်အသွေးကောင်းမွန်သည့်ရာဘာများ ထုတ်လုပ်နိုင်ရန် အောက်တိုဘာလမှစတင်ကာ ရာဘာအရည်များ(အစေး) ဝယ်ယူသွားမည်ဖြစ်ကြောင်း သထုံမြို့နယ် ရာဘာ လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ဒေသတွင်း ရာဘာစိုက်တောင်သူများ၏ဝင်ငွေ တိုးပွားလာစေပြီး လူနေမှုဘဝအဆင့်အတန်း မြင့်မားလာစေရေး ဒေသတွင်း နိုင်ငံတကာဈေးကွက်ဝင်ရာဘာများထုတ်လုပ်နိုင်ရန် ရည်ရွယ်ဝယ်ယူရခြင်းဖြစ်ကြောင်း သထုံမြို့ နယ်ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌ ဒေါက်တာသန်းမျိုးကပြောသည်

Read More »

ရွာငံတွင် အော်ဂဲနစ်နည်းစနစ်ဖြင့် ကော်ဖီစိုက်ပျိုးသည့် တောင်သူများကို အော်ဂဲနစ်လက်မှတ်ပေးအပ်

မြတ်မိုးသူ (မြစ်မခ) တောင်ကြီး၊ သြဂုတ် ၂၈ ရက်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် အော်ဂဲနစ်နည်းစနစ်ဖြင့် ကော်ဖီ စိုက်ပျိုးတောင်သူများကို အောင်နေလင်းထွန်းကုမ္ပဏီ(ဥာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီ)က အော်ဂဲနစ် လက်မှတ်ပေးအပ်လိုက်ကြောင်း သိရှိရသည်။ အဆိုပါလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ရွာခံမြို့ရှိ ဗထူးခန်းမတွင် သြဂုတ် ၂၇ ရက်ကပြုလုပ်ခဲ့ကြောင်း သိရသည်။

Read More »

တွံတေးမြို့နယ်၌ ငါးရှဥ့်နှင့် ငါးလင်ပန်း စမ်းသပ်မွေးမြူရန် သက်ဆိုင်ရာဦးစီးဌာနများသို့ တင်ပြထား

ယမုံ (မြစ်မခ) ရန်ကုန်၊ ဇူလိုင် ၁၇ ရက်။ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ မြေ(၅)ဧကဝန်းကျင်တွင် ငါးရှဥ့်နှင့် ငါးလင်ပန်း စမ်းသပ်မွေးမြူရန် သက်ဆိုင်ရာဌာနများသို့ ဇူလိုင်လဆန်းပိုင်းအတွင်း တင်ပြထားကြောင်း မြန်မာနိုင်ငံငါးရှဥ့်လုပ်ငန်းရှင်များအ သင်းမှ သိရှိရသည်။ မွေးမြူရာတွင် ငါးရှဥ့်ကို ဗီယက်နမ်နိုင်ငံမှ Cantho တက္ကသိုလ်၊ ငါးလင်ပန်းကို ဂျပန်နိုင်ငံ Daiichi ကုမ္ပဏီတို့နှင့် ပူးပေါင်းမွေးမြူသွားမည်ဖြစ်ကြောင်း သိရသည်။ “အခုမှ လျှောက်ထားတာပေါ့။ ဒါက လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ပေါ့။ ဒါက စီးပွားဖြစ်နိုင်တဲ့အတွက် အ ကုန်လုံးကလည်း ကျွန်မတို့ကိုပံ့ပိုးပေးမှာပါ။ ဘာလို့လဲဆိုတော့ ဒါကို နိုင်ငံတော်ကမလုပ်နိုင်လို့ ပုဂ္ဂလိကပိုင်းက နေပြီးတော့ ကူလုပ်တာပေါ့။ ငါးရှဥ့်နဲ့ ငါးလင်ပန်းကို ဘာလို့လုပ်လဲဆိုတာ အခြေခံအချက်ရှိပါတယ်။ ငါးရှဥ့်၊ …

Read More »

ကရင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များအတွက် ကျပ်သိန်းပေါင်းတစ်သောင်းခန့် ချေးငွေထုတ် ပေးရန် စီစဉ်နေ

မောင်မောင်ငြိမ်း (မြစ်မခ) ဘားအံ၊ ဇွန် ၇ ရက်။ ကရင်ပြည်နယ်အတွင်းရှိ လယ်သမားများ၊ ရာဘာစိုက်လုပ်ငန်းရှင်များနှင့် ဆန်စက်လုပ်ငန်းရှင်များအတွက် စုစု ပေါင်း ငွေကျပ်သိန်းပေါင်း တစ်သောင်းခန့်ကို ပထမဆုံးအကြိမ် ထုတ်ချေးပေးနိုင်ရန်စီစဉ်နေကြောင်း ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။ အဆိုပါ အစီအစဉ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြန်မာ့ရှေ့ ဆောင်ဘဏ်နှင့် ချိတ်ဆက်ကာ (၁၀၀)ကျပ်လျှင် တစ်လပြား(၇၀)မှ (၁)ကျပ်ကြားအတိုးနှုန်းဖြင့် ထုတ်ချေးပေး နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Read More »