Friday , September 22 2017
Home / သတင်း / လူ့အခွင့်အရေးဆိုင်ရာ သတင်းများ (page 4)

လူ့အခွင့်အရေးဆိုင်ရာ သတင်းများ

ကျောင်းသားများနှင့်နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ပြည်တွင် ဆန္ဒဖော်ထုတ်

သီဟလွင် (မြစ်မခ) ပြည်၊ နိုဝင်ဘာလ (၁၂) ရက် သာယာဝတီအကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒဖော်ထုတ်နေသော ကျောင်းသားများနှင့် မြန်မာ တစ်နိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအတွက် နိုဝင်ဘာလ(၁၂)ရက်နေ့က ပြည်မြို့တွင် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါဆန္ဒထုတ်ဖော်မှုကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ “ကျောင်းသားတွေကိုလွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ လွှတ်လည်း လွှတ်ပေးသင့်ပါတယ်။ ကိုအောင်မှိုင်းဆန်းဟာဆိုရင် အကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒဖော်ထုတ်တာ အခုဆို ၂၁ ရက် ဖြစ်သွားပါပြီ။ ကျောင်းသားတွေ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရပါတယ်။” ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် ဦးချစ်ဆောင်က ပြောသည်။

Read More »

ကမာရွတ်တရားရုံးတွင် အကြိမ်(၂၀)မြောက်စစ်ဆေးပြီးသည့် ကျောင်းသားများအမှု တစ်က ပြန်စမည်

ဝင်းဇော်နိုင် (မြစ်မခ) ရန်ကုန် – နိုဝင်ဘာလ (၆) ရက်။ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရသည့် ကျောင်းသား(၄)ဦးနှင့် ၀န်းရံသူ(၂)ဦး၏ အမှုတွဲကို ရုံးချိန်း အကြိမ်(၂၀)မြောက်စစ်ဆေးပြီးသော်လည်း မျက်ကွယ်စစ်ဆေးနေသည့် ကျောင်းသား(၃)ဦး အနက် (၂)ဦးကို ဖမ်းမိသဖြင့် အမှုကိုအစမှ ပြန်လည်စစ်ဆေးနေကြောင်း ကျောင်းသားများ၏ ရှေ့နေထံမှ သိရှိရသည်။ “အမှုက ကြာဦးမယ်။ ပထမတော့ ကိုကျော်ကိုကိုတို့ မျက်ကွယ်စစ်ထားပြီး ဝရမ်းထုတ်တယ်။ အခု အဖမ်းခံ လိုက်ရတော့ အမှုကို အစကနေပြန်သွားမယ်။ သူတို့အမှုတွဲက (၆)ယောက်ရှိတယ်။ နောက်တစ်ယောက်က ကိုထက်ခိုင်စိုးလေ။ ဝရမ်းထုတ်ထားတယ်။”ဟု ကျောင်းသားများဘက်မှ အမှုလိုက် ရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောသည်။

Read More »

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဆန္ဒဖော်ထုတ်သူကို မိနစ်ပိုင်းအတွင်း ထိန်းသိမ်း

သီဟလွင်(မြစ်မခ)   ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့တွင် အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့သူကို မိနစ်ပိုင်း အတွင်းပင် သက်ဆိုင်ရဲနယ်မြေ ရဲတပ်ဖွဲ့မှ ထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။ ရွေးကောက်ပွဲကော်မရှင်မှ မဲစားရင်းမှားယွင်းမှုများအပေါ် အပြည့်အ၀တာဝန်ယူတာဝန်ခံရေး၊ ဘက်လိုက်မှုများ ရပ်တန့်ရေးကို ပြည်မြို့၏ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်အနီးတွင် တစ်ကိုယ်တော်ဆန္ဒပြတောင်းဆို နေစဉ် ရဲဝန်ထမ်းများက လာရောက်ထိန်းသိမ်း ခေါ်ဆောင် သွားခြင်းဖြစ်သည်။

Read More »

ကျောက်ဆည်ခရိုင်၌ သိမ်းဆည်းခံလယ်မြေ ပြန်လည်ရရှိရေး တောင်သူ(၂၀၀) ကျော် ထွန်တုံးတိုက်ပွဲ ပြုလုပ်

ကိုဖြိုး (မြစ်မခ)   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ်ကိုင်မြို့ နယ်အတွင်းမှ သိမ်းဆည်းခံထားရသည့် မြေယာများ ပြန်လည်ရရှိရေးလှုပ်ရှားမှုအဖြစ် ရှမ်းကန်ကျေးရွာမှ တောင်သူ(၂၀၀)ကျော်က ၎င်းတို့ အသိမ်းဆည်းခံရသည့် မြေများပေါ်တွင် တောင်သူပိုင်မြေ မကျူးကျော်ရဆိုင်းဘုတ်များစိုက်ထူကာ ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လှုပ်ရှားမှုကို စက်တင်ဘာလ ၂၂ ရက်၊ နံနက် (၉း၀၀) နာရီမှ နေ့လည်(၁၂း၀၀) ခန့်ထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read More »

တရားရုံးမှ ဘက်လိုက်စီရင်ချက်ချသည်ဆိုကာ ကံသစ်ကျေးရွာသားများခင်ဦးမြို့တွင် ဆန္ဒထုတ်ဖော်

ကိုဖြိုး (မြစ်မခ)   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ် တရားရုံးမှတရားဆွဲဆိုထားသည့်ပုဒ်မ ၄၁၇ ကာမ လိမ်လည်မှုနှင့် အမှုဖွင့်ထားသူအား တရားသေလွှတ်လိုက်ရာ ခင်ဦးမြို့နယ်တရားရုံးက ဘက်လိုက်စီရင် ချက်ချသည်ဟုဆိုကာ ကံသစ်ကျေးရွာသားတို့မှ ခင်ဦးမြို့တွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာတွင် ကိုယ်ဝန်ရခဲ့သည့် အမျိုးသမီးက ရည်းစားဖြစ်သူ အမျိုးသားအား လက်ထပ် ရန်ပြောဆိုသည်ကို ငြင်းဆိုသည့်အတွက် ခင်ဦးမြို့နယ် တရားရုံးတွင် ၃၁/၂၀၁၅ ပုဒ်မ ၄၇၁ ဖြင့် တရားစွဲဆို ထားခဲ့သည့် အမှုအားတရားရုံးက တရားသေလွှတ်ပေးလိုက်သည့်အတွက် စက်တင်ဘာလ(၂၁) ရက်နေ့က ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

Read More »