Monday , August 6 2018
Home / သတင်း / လူ့အခွင့်အရေးဆိုင်ရာ သတင်းများ (page 28)

လူ့အခွင့်အရေးဆိုင်ရာ သတင်းများ

ငြိမ်းချမ်းရေးခရီးမှာ ပြည်သူ့အသံ ထွက်ခွင့်ပေးပါ

မေသင်္ကြန်ဟိန်(မြစ်မခ) ၂၀၁၅ခုနှစ် မတ်လ ၃၀ ရက်နေ့၊ ရန်ကုန်မြို့က မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်(NCA) စာချုပ်မူကြမ်းကို နိုင်ငံတော် သမ္မတရှေ့မှာ UPWC (ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) နဲ့ NCCT (တစ်နိုင်ငံလုံးအပစ် အခတ် ရပ်စဲရေး ညှိုနှိုင်းရေး အဖွဲ့) ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးကြတဲ့ အကြောင်းကြားသိရ တော့ ပြည်သူအချို့က ၀မ်းသာကြပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ဒုတိယမြောက်အဆင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုး ခြင်းဟာ ငြိမ်းချမ်းရေး ရဖို့ ဘယ်လောက်လိုသေးလဲ ဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ကတော့ အခက်အခဲ တွေ ရှိနေတုန်းပါပဲ။

Read More »

ဟတ်ကြီးရေကာတာ စီမံကိန်းကိစ္စ ဒေသခံသဘောထားကို လျစ်လျူရှုထားဟုဆို

မင်းအံ့သွန်း (မြစ်မခ) ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ စီမံကိန်းရပ်တန့်ရေးအတွက် ကောက်ခံခဲ့သည့် သဘော ထားလက်မှတ် (၃)သောင်းကျော်ကို လျှပ်စစ်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ထိုင်းသံရုံးသို့ ပေးပို့ခဲ့ သော်လည်း စီမံကိန်းရပ်တန့် ရေးအတွက် အကြောင်းပြန်ကြားခြင်းမရှိပဲ ဒေသခံများ၏ သဘောထားကို လျစ်လျူရှုထားကြောင်း  ကရင် မြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့၏ ပြောဆိုချက်အရ သိရှိရသည်။ အဆိုပါ သဘောထားလက်မှတ်များကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ (၁၀)ရက်က လျှပ်စစ်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရှိ ထိုင်းသံရုံးတို့ကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ကရင်မြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့မှ ညိုနှိုင်းရေးမှူး ကိုစောသာဘိုးက ပြောသည်။

Read More »

ဖမ်းဆီးခံများ လွတ်မြောက်ရေး ပြည်နည်းပညာ ကျောင်းသားများ၏ စတေကာကမ်ပိန်းစတင်

သီဟလွင် – ပြည် (မြစ်မခ) ပဲခူးတိုင်းဒေသကြီး လက်ပံတန်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ထိန်းသိမ်းခံထားရသော ကျောင်းသားပြည်သူများ လွတ်မြောက်ရေးအတွက် စတေကာကမ်ပိန်းလှုပ်ရှားမှု  ဧပြီလ(၁)ရက်နေ့မှ (၃)ရက်နေ့ထိ ပြည်နည်းပညာတ္ကသိုလ် ကျောင်းသားများက လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ ယခု ဧပြီလ(၂)ရက်နေ့တွင် ပြည်နည်းပညာတက္ကသိုလ် ကျောင်းဝန်းအတွင်း နေရာအနှံ့နှင့် ကျောင်းပြင်ပရှိ လမ်းများ၊ ဓာတ်တိုင်များ၊ ဆိုင်များတွင် ဖမ်းဆီးခံကျောင်းသားပြည်သူများ ချက်ချင်းလွှတ်၊ ကျောင်းသားထုကို လုံးဝအကြမ်းမဖက်ရ၊ ကျောင်းသားထုကိုဝန်းရံ စသည့်စာသားများပါဝင်သော စတေကာများအား လိုက်လံကပ် ခြင်းများ ပြုလုပ်ခြင်းဖြစ်သည်။

Read More »

အစိုးရသစ်သက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးနယ်ပယ်၌  အမျိုးသမီးပါဝင်မှုအားနည်းဟု ဝေဖန်သံများထွက်ပေါ်

သီဟလွင် – ပြည် (မြစ်မခ) ဒီမိုကရေစီအစိုးရသစ် သက်တမ်း လေးနှစ်ကျော်ရှိလာပြီဖြစ်သော်လည်း ယခုအချိန်ထိ မြန်မာနိုင်ငံ တွင် နိုင်ငံရေးအခန်းကဏ္ဍ၌ အမျိုးသမီးများပါဝင်ခွင့် အခွင့်အလမ်းများ နည်းပါးနေသေးကြောင်း အရပ်ဖက်လူမှု အဖွဲ့အစည်းများထံမှ သိရှိရသည်။ “နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့အတွက် လွှတ်တော်မှာ အမျိုးသမီးကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း တောင်းထားပါတယ်။ အခုက အမျိုးသမီးပါဝင်မှုနှုန်း အရမ်းနည်းတယ်။ ယဉ်ကျေးမှုအရ၊ အခွင့်အရေး၊ အခွင့် အလမ်းတွေ အရမ်းကွာတယ်၊ ဒါတွေက အမြစ်စွဲနေပြီလေ။ ဒါကြောင့် အမျိုးသမီး အဖွဲ့တွေက တောင်းဆို တယ်။ နိုင်ငံရေးမှာ ပိုမိုပါဝင်သင့်တယ်။ နေရာပေးရမယ်။”ဟု ကရင် အမျိုး သမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ဒါရိုက်တာ နော်ဆူဇန်နာလှလှစိုးက ပြောသည်။

Read More »

ကြက်ဆူပင်စိုက်ပျိုး၍ မရသည့်တောင်ယာမြေများ ပြန်လည်ရရှိရေး ရှမ်းပြည်နယ်အစိုးရသို့ အကြိမ်ကြိမ်တောင်းဆို

နောင်- ရှမ်းပြည်နယ် (မြစ်မခ) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၊ ကောင်းကြဲ(ပိတ်)ကျေးရွာအုပ်စုအတွင်းမှ ကြက်ဆူစိုက်ရန် ၁၃ နှစ်ကြာ အစိုးရက သိမ်းယူထားသည့် တောင်ယာဧက ၅၀ ကျော် ပြန်လည်ရယူရန် ပြည်နယ်အစိုးရသို့ တိုင်ကြားစာများ ပေးပို့ထားသည်ဟု တောင်သူများထံမှ သိရှိရသည်။ ကောင်းကြဲအုပ်စု၊ စိုစိုပြေပြေအုတ်လုပ်ငန်းနှင့် နည်းပညာတကက္ကသိုလ်အကြားရှိ နားမွန်းရွာနှင့် မန်မိုင်ကျေး ရွာမှ ရွာသား (၁၂) ဦးပိုင်သော တောင်ယာမြေများအား ၂၀၀၂ခုနှစ်တွင် အစိုးရမှ ကြက်ဆူစိုက်ပျိုးရန်အတွက် သိမ်းယူခဲ့ပြီး ထိုစီမံချက်ပျက်ပြယ်သွားသည့်အတွက် မူလပိုင်ရှင်များထံ တောင်ယာများ ပြန်လည်ပေးအပ်နေ ခြင်းကြောင့် ပြန်လည်ရရှိရန် တောင်းဆိုခြင်းဖြစ်သည်ဟု တောင်သူများက ဆိုသည်။

Read More »