Friday , September 22 2017
Home / သတင်း / လူ့အခွင့်အရေးဆိုင်ရာ သတင်းများ (page 20)

လူ့အခွင့်အရေးဆိုင်ရာ သတင်းများ

ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဖမ်းဆီးခံကျောင်းသားများလွတ်မြောက်ရေးနှင့် အမျိုးသားပညာရေး ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်မည်

ပိုင်ထက်(မြစ်မခ) တရားဝင်ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်မှုနှင့် ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေးတို့ကို ကြိုးစားသွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ်မှ သိရသည်။ မန္တလေးမြို့တွင် မြန်မာနိုင်ငံ ဆရာ၊ ဆရာမများ ညီလာခံကို မေလ(၂)ရက်နေ့နှင်(၃)ရက်နေ့တွင် နှစ်ရက်တာကျင်းပခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကို တရားဝင် ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကို ၂၀၁၄ ခုနှစ် မေလတွင် ယာယီဖွဲ့စည်းခဲ့ပြီး တစ်နှစ်အကြာတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် အဖွဲ့ဝင် ၉၀၀ ပါဝင်သော အဖွဲ့ချုပ်ကို တရားဝင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

Read More »

မတရားအသင်းဆက်သွယ်မှုဖြင့်တရားစွဲခံရသည့် ဒေသခံ(၂၀)ဦးအား ရခိုင်လူမှုအဖွဲ့များက ဥပဒေပိုင်းအရ ကူညီမည်

ပန်လှအောင် (မြစ်မခ) အေအေ (ရက္ခိုင့်တပ်မတော်)နှင့် ဆက်စပ်မှုရှိသည်ဟု သံသယရှိသည့် ရခိုင်ဒေသခံ (၂၀)ဦးအား မေလ (၅) ရက်က တရားရုံးထုတ်ပြီး ဖမ်းချုပ်မိန့်ရမန်ရယူခဲ့ကြောင်းသိရသဖြင့် ရခိုင်လူမှုအဖွဲ့အစည်းများက ဖမ်းဆီးခံရသူ များ၏ ခုခံပိုင်ခွင့်အတွက် ဥပဒေပိုင်းအရ အကူအညီပေးနိုင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ “ဒီလအတွင်း အမူစစ်မယ်လို့လည်း သိရတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့တွေကို ဥပဒေအရ ကူညီပေးနိုင်ဖို့ ရှေ့နေအဖွဲ့တွေနဲ့ တိုင်ပင်နေပါတယ်။ နောက်ပြီး ကျန်ရစ်ခဲ့တဲ့ သူတို့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေး ပြေလည်စေဖို့အတွက် အကူအညီပေးနိုင်အောင်ကြိုးစားနေတယ်။ လက်ရှိ ဖမ်းချုပ်ခံထားရတဲ့သူတွေကို ထမင်းဟင်းတွေပို့ပေးတာ၊ လိုအပ်တာလေးတွေကူညီပေးတာနဲ့ အားပေးစကားပြောပြပေးတာတွေကို လုပ်နေပါတယ်။”ဟု ကျောက်တော်မြို့ စစ်ပြေးဒုက္ခသည် ကူညီထောက်ပံ့ပေးရေး ကော်မတီဝင် ဦးအေးစောက ပြောသည်။

Read More »

ပြည်သူများကန့်ကွက်လျှင် ကျောက်ဖြူ၌ တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း ရပ်ဆိုင်းမည်

အာရကန်ကိုကို(မြစ်မခ) ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အလယ်ဒွိန်ကျေးရွာအုပ်စုတွင် ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အားပေး စက်ရုံတည်ဆောက်ခြင်းကို ပြည်သူများကန့်ကွက်ပါက ဆက်လက်လုပ်ဆောင်မည် မဟုတ်ကြောင်း ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဒေသခံများနှင့် တွေ့ဆုံစဉ်ပြောကြားလိုက်သည်။ မေလ (၆) ရက်နေ့က ကျောက်ဖြူမြို့၊ ရမာဝတီခန်းမတွင် မြို့ခံပြည်သူများနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြား ခဲ့ခြင်းဖြစ်သည်။ “စီမံကိန်းနဲ့ ပတ်သက်ပြီး မိဘပြည်သူများကန့်ကွက်ရင် လုပ်စရာအကြောင်းမရှိဘူး။ မကန့်ကွက်ရင် လုပ်ထုံး လုပ်နည်းများအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်။ လုပ်ပြီးမှ ပြည်သူကို ချပြတာမျိုး မဖြစ်စေရဘူး။” ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။

Read More »

ပြည်မြို့နယ် တရားရုံးရှေ့၌ ပုဒ်မ(၁၈)ဖြင့်တရားရင်ဆိုင်နေရသူ အသံတိတ်ဆန္ဒထုတ်ဖော်မှုပြုလုပ်

သီဟလွင် (မြစ်မခ) ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ပုဒ်မ(၁၈)၊ ပုဒ်မ(၁၉) စသည့် အမှုပေါင်း(၆)မှုဖြင့် တရားရင်ဆိုင်နေရသည့် ကိုဝင်းလှိုင်သည် မေလ(၅)ရက်နေ့ ရုံးချိန်းတွင် ပြည်မြို့နယ် တရားရုံးရှေ့၌ အသံတိတ် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ “အဓိကကတော့ တရားဥပဒေစိုးမိုးမှုမရှိတဲ့အကြောင်းကို မီးမောင်းထိုးပြချင်လို့ တရားဥပဒေအထက်မှာ လူတစ်စုရှိနေသေးတယ်ဆိုတာကို သိစေချင်လို့အခုလို ဆန္ဒထုတ်ဖော်တာပါ။”ဟု အသံတိတ်ဆန္ဒဖော်ထုတ်သူ ကိုဝင်းလှိုင်က ပြောသည်။

Read More »

နိုင်ငံတကာမီဒီယာများတွင် ရခိုင်သတင်းများကို ဘက်လိုက်ရေးသားမှုများရှိနေကြောင်း ပြင်သစ်သမိုင်း ပညာရှင် ဒေါက်တာ ဂျက်လိုင်ဒါဝေဖန်

ပန်လှအောင် (မြစ်မခ) အနောက်နိုင်ငံသား၏ ရခိုင်နှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာ မှားယွင်းမှုများကြောင့် နိုင်ငံတကာမီဒီယာများတွင် တဖက်သတ်ဘက်လိုက်ရေးသားမှုများ တွေ့နေရကြောင်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ရောက်ရှိ နေသည့်ပြင်သစ်သမိုင်းပညာရှင် ဒေါက်တာဂျက်လိုင်ဒါက ပြောဆိုလိုက်သည်။ “ဒါပေမယ့် ဘယ်လိုပဲဖြစ်နေနေ သမိုင်းကို ပြန်ကြည့်ရင် ရခိုင်တွေဟာ ဘင်္ဂါလီတွေ အများဆုံးရှိနေတဲ့ စစ်တကောင်းတောင်တန်းဒေသကို တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်ဖူးတယ်။ ဒါကြောင့် ရခိုင်တွေအနေ နဲ့လည်း ကိုယ်ပိုင်အနာဂတ်ကို   အကောင်းဆုံးဖန်တီးသွားနိုင်မယ်လို့ ယုံကြည်တယ်။”ဟု ပြင်သစ်သမိုင်းပညာရှင် ဒေါက်တာ ဂျက်လိုင်ဒါက ဆိုသည်။

Read More »