Sunday , May 28 2017
Home / သတင်း / လူ့အခွင့်အရေးဆိုင်ရာ သတင်းများ (page 2)

လူ့အခွင့်အရေးဆိုင်ရာ သတင်းများ

ညှင်းပန်းနှိပ်စက်ခံ ကလေးနှစ်ဦးကိစ္စတွင် ကာယကံရှင်များ၏ သဘောတူညီချက်ကို အတည်ပြုပေးခြင်းသာ ဖြစ်ဟု လူ့အခွင့်ရေးကော်မရှင်မှ ပြောဆို

ထွယ်ဆန် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ(၂၁)ရက်။ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် လမ်း(၄၀)အထက်ရှိ အင်းဝအပ်ချုပ်ဆိုင်တွင်(၅)နှစ်ကျော် ညှင်းပန်းနှိပ်စက်ခိုင်းစေခံခဲ့ရသည့် မိန်းကလေးငယ်(၂)ဦးအတွက် နစ်နာကြေး ကျပ်သိန်း(၅၀)ဖြင့် ကျေအေး လိုက်သည့်ကိစ္စမှာ မြန်မာ့နိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ လုပ်ထုံးလုပ်နည်းအတိုင်း ကာယကံရှင်များ၏ သဘောတူညီချက်ကို အသိအမှတ်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၏ ပြောဆိုချက်အရ သိရှိရသည်။

Read More »

ထိုင်းနိုင်ငံ ချင်းဟိုင်းမြို့တွင် မြန်မာအလုပ်သမား(၁၂၀)ခန့်အား လစာမပေးဘဲ အလုပ်ထုတ်

ကိုမင်း (မြစ်မခ) တာချီလိတ်၊ ဇန်န၀ါရီ(၂၉) ရက်။ ထိုင်းနိုင်ငံ ချင်းဟိုင်းမြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား(၁၂၀)ခန့်က ဆောက်လုပ်ရေး ကုမ္ပဏီမှ လုပ်အားခငွေများမရသဖြင့်  အလုပ်သမားနှင့် လူမှုဖူလုံရေးဌာနသို့ ဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် အဆိုပါလုပ်သားများအား အလုပ်မှ ထုတ်ပယ်ခံလိုက်ရကြောင်း သိရှိရသည်။ အဆိုပါ ဆောက်လုပ်ရေးကုမ္ပဏီက ၀န်ထမ်းများအား ပေးရမည့် လုပ်အားခငွေ ထိုင်းဘတ်ငွေ (၃.၄)သန်းခန့် ရရှိရန် အလုပ်သမားများက ဇန်န၀ါရီ(၂၇)ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

Read More »

ပင်လယ်ပြင် မှောင်ခိုငါးဖမ်းလုပ်ငန်းများတွင် အဓမ္မခိုင်းစေခံနေရသော ရေလုပ်သားများ နေရပ်သို့ပြန်လည် ရောက်ရှိရေး ပြည်မြို့တွင် ဆန္ဒဖော်ထုတ်

သီဟလွင် (မြစ်မခ) ပြည်၊ ဇန်နဝါရီလ (၂၁) ရက်။ မွန်ပြည်နယ် ရေးမြို့ ပင်လယ်ပြင်မှောင်ခိုငါးဖမ်းလုပ်ငန်းများတွင် အဓမ္မခိုင်းစေခံနေရသော ရေလုပ်သားများ နေရပ်သို့ ပြန်လည်ရောက်ရှိရေးအတွက်ဟုဆိုကာ သက်ဆိုင်ရာမိသားစုဝင်များက ပြည်မြို့၌ ဇန်နဝါရီ(၂၁)ရက် နံနက်ပိုင်းက လူ(၂၅)ဦးခန့် ဆန္ဒထုတ်ဖော်မှုပြုလုပ်ကြောင်း သိရှိရသည်။ ၎င်းတို့အဓမ္မခိုင်းစေခံနေရသောကိစ္စများအား သတင်းကြားသိရသောကြောင့် ပြည်မြို့ အမှတ်(၃)ရဲစခန်းတွင် သွားရောက်အမှုဖွင့်သော်လည်း အမှုဖွင့်မပေးသဖြင့် လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ထံ ထပ်မံသွားရောက်တိုင် တန်းရာ နယ်မြေရဲစခန်းသို့သာ ပြန်လွှတ်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောသည်။

Read More »

အမျိုးသားပညာရေးဥပဒေမူကြမ်းပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်သူ နှစ်ဦးအာမခံရရှိရေး ထပ်မံတင်မည်

စောခ(မြစ်မခ) ရန်ကုန် ၊ ဇန်နဝါရီလ (၅) ရက်။ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေး ဆန္ဒဖော်ထုတ်သည့်အတွက် သာယာဝတီထောင်တွင် ဖမ်းဆီးခံ ထားရသည့် ဝန်းရံပြည်သူနှစ်ဦး အာမခံရရှိနိုင်ရန် သာယာဝတီခရိုင်တရားရုံးသို့  ပြင်ဆင်ချက် ထပ်မံတင်ထား ကြောင်း ကျောင်းသားနှင့် ဝန်းရံပြည်သူများအတွက် ရှေ့နေအဖြစ် ဆောင်ရွက်ပေးနေသူများထံမှ သိရှိရသည်။ ကျောင်းသားနှင့် ဝန်းရံပြည်သူများ၏ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့ရုံးချိန်းတွင် ဝန်းရံသူများဖြစ်သည့် ကိုမြကြီးနှင့် ကိုထိန်လင်းအောင်တို့အတွက် အာမခံရရှိရန် ထပ်မံလျှောက်ထားခဲ့သော်လည်း သာယာဝတီ မြို့နယ် တရားရုံးသို့ အမှုတွဲပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် စစ်ဆေးခြင်းမရှိခဲ့ကြောင်း သိရသည်။

Read More »

ဗိုလ်မှူးကျော်နုမော်အား တပ်မတော်မှ ထုတ်ပယ်ပြီးသော်လည်း အရပ်ဖက်တရားရုံးတွင် စစ်ဆေးခံရန် လူ့အခွင့်အရေးအဖွဲ့များ တောင်းဆို 

မင်းအံ့သွန်း (မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ(၃၁)ရက်။ ရှစ်နှစ်အရွယ်ကလေးငယ်အား ရိုက်နှက်မှုဖြင့် စစ်ဆေးခံရသည့် အိမ်ရှင်ဖြစ်သူ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ကို တပ်မတော်မှ ထုတ်ပယ်ပြီးသော်လည်း အရပ်ဖက်တရားရုံးသို့ လွှဲပြောင်းကာ အဆုံးအဖြတ်ခံယူစေလိုကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများက တောင်းဆိုလိုက်ကြောင်း သိရှိရသည်။ “တပ်မတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ လုပ်သင့်တဲ့လုပ်ဆောင်ချက် ဖြစ်ပါတယ်။ တပ်မတော်ပိုင်း က ကျူးလွန်တာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အခုလို ပွင့်ပွင့်လင်းလင်းနဲ့ လုပ်ပြတာတော့ မရှိခဲ့ဘူး။ အခုလို ပွင့်ပွင့် လင်းလင်း လုပ်ပြလိုက်တဲ့အတွက်လည်း ကြိုဆိုပါတယ်။ ဒါပေမယ့် ပြစ်မှုတွေကိုတော့ အရပ်ဖက် တရားရုံးရဲ့ အညီအမျှ အဆုံးအဖြတ် ခံယူစေချင်တယ်။”ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ နိုင်ငံတကာဆက်ဆံရေးမှူး ဦးအောင်ဇော်ဦးက ပြောသည်။

Read More »