Tuesday , November 28 2017
Home / သတင်း / လူ့အခွင့်အရေးဆိုင်ရာ သတင်းများ (page 10)

လူ့အခွင့်အရေးဆိုင်ရာ သတင်းများ

လှေစီးဘင်္ဂါလီအရေး ရခိုင်(၉)မြို့နယ်၌ ဆန္ဒထုတ်ဖော်

မိုးဝေ၊ ပန်လှအောင်- ရခိုင်ပြည်နယ်(မြစ်မခ) ရခိုင်ပြည်နယ်တွင် ကယ်ဆယ်ထားသည့်လှေစီးဘင်္ဂါလီများအား ဘင်္ဂါလားဒေ့ရှ်နိုင်ငံသို့ အမြန်ဆုံးလွဲပြေ နှင့်လှေစီးဘင်္ဂါလီများအား ရခိုင်တွင်မထားရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုတစ်ရက်ကို ဇွန်လ ၁၄ရက်နေ့ နေ့လည် ၁နာရီတွင် စစ်တွေမြို့၌ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ဇွန်လ ၁၄ ရက်နေ့ပြုလုပ်ခဲ့သည် ဆန္ဒဖော်ထုတ်ပွဲများကို မြို့နယ်အသီးသီးရှိ ရဟန်သံဃတော် များ၊ နိုင်ငံရေး ပါတီများနှင့် လူမူအဖွဲ့အစည်များမှ ၀ိုင်ဝန်း ဦးဆောင်ခဲ့ကြခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဍာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ တောင်ဂုတ်နှင့် ဘူးသီးတောင် စသည့် မြို့များတွင် နေ့လည် ၁၂ နာရီအချိန်မှ ၁နာရီခွဲ ၂ နာရီဝန်းကျင်အထိ တပြိုင်တည်းဆန္ဒထုတ်ဖော်ပွဲများ  ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Read More »

အခွင့်အရေးဆုံးရှုံးခြင်းက မသန်စွမ်းများအတွက် အဓိကပြဿနာဖြစ်နေ

သန့်ဇင်ဦး(မြစ်မခ) မြန်မာနိုင်ငံရှိ မသန်စွမ်းအများစုတွင် ကိုယ်အင်္ဂါချို့ယွင်းမှုနှင့် ဥာဏ်ရည်ချို့ယွင်းမှုမှာ အဓိကပြဿနာ မဟုတ်ဘဲ ၎င်းတို့၏  အခွင့်အရေးများ ဆုံးရှုံးခြင်းကသာ အဓိကပြဿနာဖြစ်နေသည်ဟု မသန်စွမ်းများနှင့် မသန်စွမ်းအခွင့်အရေးဆိုင်ရာ အဖွဲ့ဝင်များမှ သိရှိရသည်။ အဆိုပါ အခွင့်အရေးဆုံးရှုံးမှုများတွင် ပတ်ဝန်းကျင်အနေအထားနှင့် အဆောက်အဦးများ၏အတားအဆီးများ မှာလည်း အဓိကပါဝင်နေကြောင်း သိရသည်။

Read More »

အာမခံရထားသည့် ဖမ်းဆီးခံကျောင်းသား(၃၀)ကိစ္စ လူ့အခွင့်အရေးကော်မရှင် တိုင်ကြားရန် စီစဉ်

ချမ်းငြိမ်း (မြစ်မခ)   အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်မှုဖြင့် ဖမ်းဆီးခံထားရသည့် အသက်(၁၇)နှစ် အရွယ် ကိုးတန်း ကျောင်းသားအောင်မင်းခိုင်အပါအ၀င် အာမခံရရှိထားသူ(၃၀)အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံသို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။ အဆိုပါ ကျောင်းသားနှင့် ၀န်းရံသူများမှာ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှ ရန်ကုန်မြို့သို့ ချီတက်ရန် ကြိုးစားခဲ့သည့် ပင်မသပိတ်စစ်ကြောင်းအား ဖြိုခွဲရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Read More »

တိုင်းဧရာတွင် လူမှုအဖွဲ့နှင့် ပါတီများပါဝင်သည့်  ဥပဒေအထောက်အကူပြု ကော်မတီဖွဲ့စည်း

မျိုးမင်းထွန်း (မြစ်မခ) ဧရာဝတီတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေမူကြမ်း အကောင်အထည်ဖော်ရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပါတီများပါဝင်သည့် ဥပဒေအထောက်အကူပြုကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း အဆိုပါအဖွဲ့မှ သိရှိရသည်။ “ဒီကော်မတီကို ဖွဲ့စည်းဖြစ်တာက အစိုးရအနေနဲ့ ကော်မတီဖွဲ့စည်းရင် အဆင်သင့်ဖြစ်ဖို့နဲ့ ဥပဒေကြောင်း ဆိုင်ရာနဲ့ ပတ်သတ်လို့ သင်တန်းပေးမယ်။ တိုင်းဒေသကြီးထဲမှာရှိတဲ့မြို့တွေအလိုက် သင်တန်းပေးမယ်။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် ရည်ရွယ်ထားတဲ့အတွက် အကောင်အထည်ဖော်ရင်အရမ်း တန်ဖိုးရှိမှာပါ” ဟု ဥပဒေအထောက်အကူပြု ကော်မတီဝင် ဦးကျော်မင်းစိုးက ပြောသည်။

Read More »

အမှုမစစ်သေး၍ ကမာရွတ်တရားရုံးရှေ့၌ ဗ.က.သ.ကျောင်းသားများ ဆန္ဒထုတ်ဖော်

ချမ်းငြိမ်း(မြစ်မခ)   အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ရာမှ ဖမ်းဆီးခံထားရသည့် မပိုပိုနှင့်ကိုဝင်းကျော့မှူး တို့အမှုအား မစစ်ဆေးသေးသည့်အတွက်  ဇွန်လ(၁၁) ရက်နေ့က ကမာရွတ်မြို့နယ် တရားရုံး၊ (၈)ကြိမ်မြောက် ရုံးထုတ်၌ ဗ.က.သ ကျောင်းသား(၁၀) ဦးခန့် ကမာရွတ်မြို့နယ် တရားရုံးရှေ့တွင် ညနေ(၃း၃၀)နာရီအချိန်က ခွင့်ပြုချက်မယူပဲ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ “ပိုပိုနဲ့ကိုဝင်းကျော့မှူးတို့ နှစ်ဦးရုံးထုတ်ပေမဲ့ အမှုက မစစ်ဆေးနိုင်သေးတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော် တာပါ။ အမှုကလည်း ကြာနေပြီ။ သာယာဝတီထောင်မှာ တခြားကျောင်းသားတွေနဲ့ ပေါင်းပြီး စစ်ဆေးပေးဖို့ပါ။ ခွင့်ပြုချက် မယူထားပါဘူး။ ဗကသအဖွဲ့ချုပ်ကလည်း ပုဒ်မ(၁၈)ကို အယုံအကြည် မရှိပါဘူး။” ဟု ဆန္ဒပြရာ တွင် ပါဝင်ခဲ့သည့် ဗ.က.သ.ကျောင်းသား ကိုမှုန်ကြီးက ပြောသည်။

Read More »