Friday , September 22 2017
Home / သတင်း / လူ့အခွင့်အရေးဆိုင်ရာ သတင်းများ

လူ့အခွင့်အရေးဆိုင်ရာ သတင်းများ

ကျိုင်းတုံမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးပွဲပြုလုပ်

ထက်တိုင်းကျော်(မြစ်မခ) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ World Vision ရုံးခွဲနှင့် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးပွဲကို ကျိုင်းတုံဟို တယ်သစ်၌ မတ် ၁၃ ရက်၊ နံနက်(၉)နာရီကပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ “ကျိုင်းတုံမြို့နယ်အပါအဝင် ရှမ်းပြည်နယ်အရှေ့ဒေသမှာနေထိုင်ကြတဲ့ ကလေးငယ်များရဲ့ကလေးအခွင့်အရေး တွေဖြစ်တဲ့ အသက်ရှင်ရပ်တည်နိုင်ခွင့်၊ အစားအစာအာဟာရ ဖူလုံစွာစားသောက်ခွင့်၊ ဘေးကင်းလုံခြုံစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရေး၊ ကျောင်းပညာသင်ယူနိုင်ခွင့်ရရှိစေရေးတို့အတွက် ကျွန်မတို့လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ ချိတ်ဆက်ဖွဲ့စည်းထားတဲ့ မြို့နယ်ကော်မတီအပါအဝင် World Vision ကျိုင်းတုံရုံးခွဲတို့က အစီအစဉ် တွေ ရေးဆွဲအကောင်အထည်ဖော်လုပ်ဆောင်ပေးနေပါတယ်။”ဟု ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ လေးသူငယ်အခွင့်အရေးများဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲသူအရာရှိ ဒေါ်လှလှထွန်းက ပြောသည်။

Read More »

မစ္စရန်ဟီးလီ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ အကျဉ်းဦးစီးဌာန ကုန်ထုတ်စခန်းနှင့် ဝတ်ကြီးကုန်ထုတ်စခန်း များသို့ သွားရောက်လေ့လာ

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဇန်နဝါရီ (၁၁) ရက်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ အကျဉ်းဦးစီးဌာနကုန်ထုတ်စခန်းနှင့် ဖလပ်ကျေးရွာရှိ ဝတ်ကြီး ကုန် ထုတ်စခန်းများသို့  ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်း သူ မစ္စရန်ဟီးလီမှ ဇန်နဝါရီ ၁၁ ရက်တွင် ပထမဆုံးအကြိမ်လာရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။

Read More »

လက်ပံတန်းမြို့နယ် NLD လူငယ် တာဝန်ခံအား ပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ခံထားရမှု ရဲစခန်းသို့ သွားရောက်အဖမ်းခံ  

သီဟလွင် (မြစ်မခ) ပြည်၊ ဒီဇင်ဘာ(၁၆)။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း လက်ပံတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံအား စည်ပင်ကော်မတီဝင်တစ်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်တန်းမှုကြောင့် အဆိုပါ  လူငယ်မှာ ကိုယ်တိုင် ရဲစခန်းသို့ သွားရောက်ဖမ်းဆီးခံခဲ့ကြောင်း သိရှိရသည်။ အမှုဖွင့်တိုင်တန်းထားမှုနှင့် ပတ်သက်၍ ရဲစခန်းက အကြောင်းကြားလာမှုကြောင့် ဒီဇင်ဘာ(၁၅)ရက် နံနက် ပိုင်းက လက်ပံတန်းမြို့မ ရဲစခန်းသို့ တိုင်တန်းခံရသူ လူငယ်တာဝန်ခံ ကိုငြိမ်းချမ်းက ကိုယ်တိုင်သွားရောက်  ဖမ်းဆီးခံခဲ့ခြင်းလည်းဖြစ်သည်။ “သူတို့က ၆၆ (ဃ)နဲ့တရားစွဲထားတယ် ကျွန်တော့်အနေနဲ့က ကျွန်တော်မှားယွင်းတယ်လို့ မယူဆတဲ့အတွက် ရင်ဆိုင်သွားမယ်။ စခန်းကလည်းလာရောက်ဖို့ချိန်းဆိုထားတဲ့အတွက် လာရောက်ရခြင်းလည်းဖြစ်တယ်။ အာမခံရဖို့ကတော့ လျှောက်သွားမယ်။ ဒီ ၆၆ ဆိုတာလည်း မရှိသင့်ဘူး။ ကျွန်တ်ာတို့ရဲ့ လွတ်လပ်စွာ …

Read More »

KG တန်းတက်ရောက်နေသည့်ကလေးငယ်တစ်ဦးအား အတန်းပိုင်ဆရာမမှ ကြိမ်တုတ်ဖြင့်ရိုက်နှက်မှု မိဘအုပ်ထိန်းသူများက သတင်းစာရှင်းလင်း

ချိုမာအောင်(မြစ်မခ) မော်လမြိုင်၊ အောက်တိုဘာ (၁၂) ရက်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် KG တန်းတက်ရောက်နေသည့် ကလေးငယ်တစ်ဦးအား အတန်းပိုင်ဆရာမမှ ကြိမ်တုတ်ဖြင့် မျက်လုံး၊ ကျော၊ တင်ပါးတို့အား ရိုက်နှက်အပြစ်ပေးခြင်းကြောင့် ကလေးအုပ်ထိန်းသူများက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Read More »

ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီနှင့် ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ပြည်နယ်ရုံးဖွင့်လှစ်

မောင်မောင်ငြိမ်း (မြစ်မခ) ဘားအံ၊ စက်တင်ဘာ(၂၇)ရက်။ ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီနှင့် ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ပြည်နယ်ရုံးကို ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အောင်ရတနာ လမ်း၊ အမှတ်(၂၅၈)တွင် စက်တင်ဘာ(၂၇)ရက်က ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။

Read More »