Monday , November 27 2017
Home / သတင်း

သတင်း

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို သံချပ်ဖြင့် အသိပညာပေးမည်

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ နိုဝင်ဘာ ၂၁ ရက်။ အမျိုးသမီးများအပေါ်အကြမ်းဖက်မူ အသိပညာပေးအစီအစဉ်အဖြစ် သံချပ်များထိုးခြင်းကို ဒီဇင်ဘာ ၂ ရက်နေ့ ညနေ(၅း၀၀)နာရီတွင် မန္တလေးမြို့ရှိ မနော်ယမံကွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသမီးအရေးလှုပ်ရှား ဆောင်ရွက်နေသည့် spectrum အဖွဲ့မှ သိရှိရသည်။ အမျိုးသမီးနှင့်ကလေးငယ်များအနေဖြင့် အကြမ်းဖက်မူအသိပညာရရှိပြီး ယင်းအကြမ်းဖက်မူအပေါ် တွန်းလှန် နိုင်စေရန်အပြင် သက်ဆိုင်ရာအစိုးရနှင့် အဖွဲ့အစည်းအားလုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်း လုပ်ဆောင်သည်ကိုသိရှိပါက အကြမ်းဖက်သူများအနေဖြင့် အကြမ်းဖက်မူလျော့နည်းသွားနိုင်ကြောင်း spectrum အဖွဲ့မှ ဒေါ်အိအိချောက ပြောသည်။

Read More »

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ အစီရင်ခံစာ စာအုပ်ထွက်ရှိ

  အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ နိုဝင်ဘာ ၂၁ ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း နှင့် ပတ်သက်၍ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း(KRDA)က “ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ” စာအုပ်မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၀ ရက်က ကျောက်ဖြူဟိုတယ်၌ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။ “ဖွံ့ဖြိုးတိုးတက်မှုအပိုင်းကို ကျွန်တော်တို့လက်မခံနိုင်စရာ အကြောင်းမရှိပါ။ သို့သော်လည်း ဖွံဖြိုးမှုအပိုင်းကိုသွား တဲ့အခါ အဲဒီဖွံ့ဖြိုးမှုလုပ်ငန်းဟာ ဘယ်လူထုကိုအခြေခံသလဲဆိုတဲ့ Process ကို လေ့လာပါတယ်။ ကျောက်ဖြူ SEZ တည်သည်ပဲဖြစ်ဖြစ်၊ တခြားနည်းလမ်းတွေနဲ့ ဖွံ့ဖြိုးမှုအပိုင်းကိုလုပ်သည်ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့အသင်းရဲ့ ရပ်တည်ချက်ဖြစ်တဲ့ လူသားတိုင်းမှာရှိနေတဲ့ လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာမချိုးဖောက်ဖို့ ဒီစာအုပ်မှာ တိုက် တွန်းထားပါတယ်။ ချိုးဖောက်ခံလာရရင်တော့ …

Read More »

ပဲခူးမြို့အတွင်း မှုခင်းကျဆင်းရေး ပိတ်ဆို့ရှာဖွေခြင်းလုပ်ငန်းများ အသေးစိတ်ဆောင်ရွက်နေ

  မျိုးမြတ် (မြစ်မခ) ပဲခူး၊ နိုဝင်ဘာ ၂၂ ရက်။ ပဲခူးတိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်ပွားမှုလျော့ကျစေရေး ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေခြင်းလုပ်ငန်းများကို နိုဝင်ဘာလတတိယအပါတ်မှ စတင်၍ ရဲအင်အားနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ အသေးစိတ် ဆောင်ရွက်နေကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ပဲခူးခရိုင်(၈)မြို့နယ်တွင် ပြီးခဲ့သည့် (၄)လ (မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လ)အတွင်း လူသတ်မှု(၁၁)မှု၊ လုယက် မှု(၃)မှု၊ မုဒိမ်းမှု(၂၂)မှု၊ ခိုးမှု(၃၆)မှု၊ လောင်းကစားမှု(၅၉)မှုဖြစ်ပွားခဲ့ပြီး၊ စက်တင်ဘာနှင့် အောက်တိုဘာလတို့ တွင် လူသ

Read More »

ရခိုင်ပြည်နယ်တွင် ဆောင်းခိုငှက်များ ဝင်ရောက်ချိန်နောက်ကျခဲ့ပြီး အကောင်အရေအတွက်လည်း နည်းလာ

ပန်လှအောင် (မြစ်မခ) မင်းပြား၊ နိုဝင်​ဘာ ၂၂ ရက်။ ရခိုင်ပြည်နယ်သို့ ​ဆောင်းရာသီတွင်​ နှစ်စဉ်လာရောက်နေကျဖြစ်သည့်ဆောင်းခိုငှက်များသည် ၂၀၁၇ ခုနှစ် ဆောင်းရာသီတွင် ဝင်ရောက်ချိန်နောက်ကျပြီး အကောင်အရေအတွက်လည်း လျော့နည်းလာကြောင်း ဒေသခံ များထံမှ သိရှိရသည်။ အဆိုပါ ဆောင်းခိုငှက်များဖြစ်သည့် ဟင်္သာ၊ ဘဲရူး၊ ဘဲပြာနှင့် ဆိုက်ဘေးရီယားဘဲငန်းများသည် ယခင်နှစ်များက နိုဝင်ဘာလဆန်းပိုင်းမှ စတင်ဝင်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင် နိုဝင်ဘာလတတိယအပါတ်မှသာ စတင်ဝင်ရောက်လာနေကြောင်း သိရသည်။

Read More »

အခြေခံပညာကျောင်းများတွင် လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာများ အသိပညာပေးလုပ် ဆောင်ရန်စီစဉ်

  ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ နိုဝင်ဘာ ၂၂ ရက်။ အခြေခံပညာစာသင်ကျောင်းများတွင် လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဥပဒေအကြောင်း များကို ကလေးများအတွက် အသိပညာပေးဟောပြောခြင်းများလုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးထံမှ သိရှိရသည်။ “စာသင်ကျောင်းတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေအားတဲ့ အချိန် ကလေးတွေလည်း စာမေးပွဲတွေမနီး သေးတဲ့အချိန်လောက်မှာ လွှတ်တော်နဲ့ပတ်သက်တဲ့အကြောင်း၊ ဥပဒေနဲ့ပတ်သက်တဲ့အကြောင်း၊ အတွေ့ အကြုံလေးတွေကိုဖြန့်ဝေပေးပြီးတော့ လွှတ်တော်ခေါ်တဲ့ပုံစံကို လက်တွေ့လေ့လာခိုင်းမလို့ အစီအစဉ်တွေ တော့ ရှိပါတယ်။”ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောသည်။

Read More »