Thursday , November 30 2017
Home / အင်တာဗျူး (page 5)

အင်တာဗျူး

ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်ဟောင်း ညီညီကျော်ရဲ့ မြောက်ပိုင်းခရီး(၈)

အပိုင်း(၈) `သန်းထွန်းစိုးက စစ်အစိုးရအဖမ်းခံလိုက်ရလို့ သေဘေးကနေ လွတ်သွားတာပါ` ဒီဖွဲ့စည်းပုံရေးဆွဲရေးကော်မရှင်ဆိုပြီးတော့  ဖွဲ့လိုက်တဲ့အခါမှာ အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌအနေနဲ့ အဲဒီတုန်းက တစ်ဦးတည်းသော ကျောင်းထိုင် ဆရာတော်ပေါ့နော် ဦးဥတ္တမကိုထည့်ပြီး ကျွန်တော်တို့ ကတော့ (၉) ဦးနဲ့ ထုတ်လိုက်တယ် ။

Read More »

ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်ဟောင်းညီညီကျော်ရဲ့ မြောက်ပိုင်းခရီး( အပိုင်း ၇)

`ABSDF မှာလည်း ဝေဖန်ရင် သေဒဏ်၊ နံရံတိုင်းမှာ နားတွေ ရှိတယ်….တဲ့` သူတို့တစ်ချိန်လုံးကျွန်တော့်ကိုအကဲခတ်နေကြတယ်။  နောက်သူတို့ မျက်စိထဲမှာတော့ ကျွန်တော့် ပုံစံကြောင့်ပဲလားတော့ မသိဘူးဗျ၊ ကျောင်းသားခေါင်းဆောင်လို့ သူမထင်ဘူး တိုက်ချင်ခိုက်ချင်တဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ပဲသူတို့ လက်ခံပြီးတော့ ကျွန်တော့်ကိုဖယ်ထားခဲ့တာပဲ ။ အဲဒီမှာ လမ်းမားမှာလည်း တိုက်ပြီးရောချက်ချင်း စစ်ကြောင်းပြန် ထိုးပါတယ်။  ထိုးတဲ့အတွက် ကျွန်တော်တို့ နှစ်လခွဲလောက်ကြာတယ် ဒီစစ်ဆင်ရေးကာလမှာ အဲဒီနယ်မြေထဲမှာပဲ။ တော်တော်နဲ့ကို ကျွန်တော်တို့မခွာနိုင်ဘူး၊ လှည့်ပတ်ပြီးနေရတယ် ။ အဲဒီကနေတဆင့် ကျွန်တော်က ဗဟိုစခန်းဖြစ်တဲ့ ပါချောင်ကို ရောက်သွားတယ်။  ဟိုမှာ ကိုမျိုးဝင်း ကိုယ်တိုင်ထွက်လာပြီးကြိုပါတယ်။

Read More »

မရှင်းမလင်းပြောခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌစကားအပေါ် နိုင်ငံရေးသမားများဝေဖန်တုံ့ပြန်

 လာမယ့် ၂၀၁၅ရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ မဲဆွယ်စည်းရုံးတဲ့အခါ ကိုယ်တိုင်ကိုယ်ကျ စည်းရုံးဟောပြောခွင့်သာရရှိမယ့်အပေါ် ပါတီအချို့နဲ့ လွှတ်တော် ကိုယ်စားလှယ်အချို့က ဝေဖန်ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။ ဧပြီ(၇)ရက်က ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေ ၊ ခရိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေနဲ့တွေ့ဆုံတဲ့အခါမှာ ၂၀၁၅ရွေးကောက်ပွဲမှာ  သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ၀င်ရောက် အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေကိုသာ စည်းရုံးဟောပြောခွင့်ပြုမယ်လို့ ပြောကြားခဲ့ဟာ မရှင်းမလင်းဖြစ်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မေးခွန်းထုတ်မေးမြန်းခဲ့သည်များလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

Read More »

ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်ဟောင်း ညီညီကျော်ရဲ့ မြောက်ပိုင်းခရီး(၆)

အပိုင်း(၆) `သတ်ဖို့တော့ အကြောင်းရှာတာချည်းပဲ ` ကျွန်တော်က ကိုသန်းထွန်းစိုးနဲ့အတူတူ ရန်ကုန်မှာ ရောက်နေဆဲအချိန်မှာကျွန်တော်တို့ မြို့ပေါ်က ငါးဦးလောက်အဖမ်းခံရပြီ။ အဖမ်းခံရတဲ့ သူက ဘယ်သူလဲဆိုတော့ ပုံပန်းသဏ္ဍာန်ကို စုံစမ်းကြည့်လိုက် တော့ကျွန်တော့်လူဖြစ်နေတယ်။  ဖမ်းပုံဖမ်းနည်းကလည်း ဆိုးတယ်။  စက်ဘီးနဲ့လူတစ်ယောက်ကို ဆိုင်ကယ် ၃၊၄ စီးနဲ့ ဂျစ်ကားနဲ့ ပိတ်ပြီးတော့ ဖမ်းသွားတယ်ဆိုတာမျိုးနဲ့ဖမ်းသွားတယ်။ ကျွန်တော် ရန်ကုန်သွားတုန်း တာဝန်ပေးလိုက်တဲ့လူဖြစ်နေတယ်။ သူ့နာမည်က ကိုသိန်းကျော် ခေါ် ခြူးကြီးပါ။  (အဲဒီအချိန်တုန်းကတော့ ကျွန်တော် ထောင်ကစစ်ခုံရုံးဘဝပေါ့လေ (၃)နှစ်ပဲကျတဲ့အချိန်မှာ အကြောင်းကြောင်းကြောင့် သူ(၇)နှစ်ကျပါတယ် (၇) နှစ်အပြည့်လည်းနေခဲ့ရတယ်)

Read More »

ရခိုင်ပြည်နယ်ကို ပိုကောင်းလာအောင် လုပ်နိုင်မလား?

နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာကျော်ရင်လှိုင်နှင့်တွေ့ဆုံမေးမြန်းခြင်း  အရပ်အမောင်းကောင်းပြီး ခန္ဓာကိုယ်ကြံ့ခိုင်ဟန်ရှိတဲ့ စကားပြောမြန်ပေမဲ့ အသံထွက်သိမ်မွေ့တဲ့ ဒေါက်တာ ကျော်ရင်လှိုင်ကို ၂၀၀၀ ပြည့်နှစ်မတိုင်မီကာလတွေကတည်းက နာမည်နဲ့ ဂုဏ်သတင်းကို ကြားဖူးနေခဲ့ပါတယ်။  နောက်ပိုင်း မြန်မာအီးဂရက်မှာ ဒေါက်တာကျော်ရင်လှိုင် ပါဝင်လာတာကို တွေ့မြင်ခဲ့ရသလို၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ နိုင်ငံရေးအင်အားစုတွေ ပါဝင်ပြီး တိုင်းပြည်ပြောင်းလဲရေးအတွက်ဆောင်ရွက်ကြဖို့ စည်းရုံး တိုက်တွန်းတဲ့ ဆောင်ရွက်ချက် တွေနဲ့ပါ ပူးတွဲတွေ့လာခဲ့ရပါတယ်။

Read More »