Thursday , November 30 2017
Home / အင်တာဗျူး (page 4)

အင်တာဗျူး

ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်ဟောင်း ညီညီကျော်ရဲ့ မြောက်ပိုင်းခရီး(၁၂)

အပိုင်း(၁၂) သတ်ကွင်းထဲက ကျွန်တော်တို့ အဲဒီနေ့ ည ပြီးတော့ ၁၁ ရက်နေ့ ညမှာပဲ ၃ ယောက်ကို ထပ်ဖမ်းပါတယ်။ တစ်ယောက်က ကျွန်တော့ ဇာတိက ကိုကျော်ကျော်မင်း(ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၁၉၉၂ သတ်ခံရသူထဲတွင် ပါဝင်သူ)၊နောက်တစ်ယောက်ကတော့ မန္တလေးက ဂျီတီအိုင်ပြီးကာစ ကိုသိန်းနိုင်ချို(သူကတော့ လွတ်မြောက်ပြီးမှ သေဆုံးသွားပါပြီ)၊ နောက်တစ်ယောက်ကတော့ ရွှေဘိုနယ်က ဇော်ထွန်း  ပါ။ နောက် အဲဒီလိုအဖမ်းအဆီးတွေရှိနေတော့ ရန်အောင်ကို ကျွန်တော်စကားပြောဖို့ ကြိုးစားပါတယ်။ အဲဒီလို ကြိုးစားတဲ့အခါမှာ မျက်နှာကို အချက် ၃၀ လောက် အရိုက်ခံရတယ်ဆိုတာ အဲဒီကိစ္စပါ။ အဲဒါကြောင့် ကျွန်တော်နဲ့ စကားပြောရင် သူတို့ပိုနာဖို့ပဲ ရှိတော့တယ်။ စကားပြောဖို့ကို မကြိုးစားတော့တယ်။ …

Read More »

ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်ဟောင်း ညီညီကျော်ရဲ့ မြောက်ပိုင်းခရီး

အပိုင်း(၁၁) သတ်ကွင်းထဲက ကျွန်တော်တို့ ပါဂျောင်ကို တက်လာသွားဖို့ ကျွန်တော်ရယ်၊ ဘဲလေးခေါ် သန့်စင်ရယ်၊ ကျော်ဇင်ထွန်းရယ် သုံးယောက်က ရွှေလီကို ဆင်းလာပါတယ်။ အဲဒီရွှေလီမှာ  ကိုမျိုးဝင်းနဲ့ ကျွန်တော်တို့ ဆုံပါတယ်။ ဆုံတော့ ကျွန်တော်နဲ့ ကျော်ဇင်ထွန်း(ကျော်ဇင်ထွန်းဆိုတာလည်း နောက်ပိုင်း အဖမ်းခံရတဲ့ ထဲမှာပါပါတယ်၊ ၅၅ဦး ထွက်ပြေးလွတ်မြောက်တဲ့ ထဲမှာလည်းပါပါတယ်) သူ့ကားနဲ့ကားကြုံလိုက်ခဲ့ရပါတယ်။ ဘဲလေးခေါ် သန့်စင်ကို ချန်ထားခဲ့ပါတယ်။ ဘဲလေးခေါ် သန့်စင်ဆိုတာက ကျွန်တော့်နားမှာ ကိုယ်ရံတော်အနေနဲ့ ထားထားတဲ့ကလေးပါ။ ကျွန်တော်က ဒါတွေ မလိုဘူးမထားပါနဲ့လို့ ပြောပေမဲ့ သူ့ကို ကျွန်တော့် ပီအေဆိုပြီး ဇွတ်ထားကြပါတယ်။ နောက်ပိုင်းမှ ကျွန်တော် သိရတာက အဲဒီ ဘဲလေး က မျိုးဝင်း မွေးထားတဲ့ …

Read More »

ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်ဟောင်း ညီညီကျော်ရဲ့ မြောက်ပိုင်းခရီး(၁၀)

အပိုင်း(၁၀) သတ်ကွင်းထဲက ကျွန်တော်တို့ ကျွန်တော်အနေနဲ့ (၈)လေးလုံးသုံးနှစ်မြောက်အခမ်းအနားကို မဖြစ်မ နေတက်ရမယ်ဆိုလို့ ကျွန်တော်ရောက်လာတဲ့အချိန်မှာတော့ တော်တော်လေးဖြစ်သွားတာတွေ ရှိနေပြီ။ အဲဒီမှာ ကျွန်တော်ရောက်တော့ဘာတွေ့လိုက်ရသလဲဆိုတော့ကိုစိုးလင်းက တောင်ပိုင်းက မာနယ်ပလောကို မြောက်ပိုင်းကိုယ်စားလှယ်အနေနဲ့ သွားနေရတယ်။ ဒါလည်း မျိုးဝင်း စီစဉ်တာလို့ ကျွန်တော်ထင်တယ်။ နောက်ကိုမြင့်ကျော်ကလည်း မန္တလေးမြို့ပေါ်ကိုရောက်နေပါတယ်။

Read More »

“ အတင်းအဓမ္မ လူထုစည်းရုံးရေးဆင်းရင် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာမှာကို စိုးရိမ်ရတယ်”

၄၃၆ ပြင်ဆင်မှုဖို့ လူထုစည်းရုံးရခြင်း အကြောင်းအရင်း ဒီချုပ်ရှင်လင်းမှုအပေါ် ဝေဖန်သံများ ထွက်ပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ပွင့်လင်းနှင့်ငြိမ်းချမ်းရေးလူ့အဖွဲ့အစည်းပူးပေါင်းကာ ပုဒ်မ(၄၃၆)ပြင်ဆင်ရေးအတွက် ဗမာတစ်ပြည်လုံး လူထုဆန္ဒကောက်ခံသည့် လက်မှတ်ရေးထိုးပွဲကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ မေလ(၂၇)ရက်နေ့မှ စတင်ကာ ပြုလုပ်တော့မည်ဖြစ်သည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလေ့လာသုံးသပ်ရေးကော်မတီအနေဖြင့် ပုဒ်မ(၄၃၆)ကို ပြင်ဆင်ရန် မူကြမ်းသဘောမျိုးအနေဖြင့် ဆွေးနွေးပြီးဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အဆိုပါဥပဒေ ကို ပြင်ဆင်ရန် လူထုဆန္ဒခံယူသည့်အနေဖြင့် ဗမာတစ်ပြည်လုံး လက်မှတ်ထိုးခြင်းအခမ်းအနားကို ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

Read More »

ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်ဟောင်း ညီညီကျော်ရဲ့ မြောက်ပိုင်းခရီး(၉)

အပိုင်း(၉ ) သတ်ကွင်းထဲက ကျွန်တော်တို့ ကျွန်တော်က ဗဟိုကော်မတီဝင်တွေ ဖြစ်လာတယ် ဆိုပေမဲ့ ဒီနေရာမှာနည်းနည်းလေးရှင်းပြချင်ပါတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ ဒေသလေးခုကို အခြေခံလိုက်ရတယ်။ မန္တလေး ၊ စစ်ကိုင်း ၊ ရှမ်း ကချင်ဆိုပြီးတော့ ဒေသ (၄)ခု ရန်ကုန်နဲ့ ဆိုရင်တော့(၅)ခုကို အခြေခံပြီးတော့ ကျွန်တော်တို့ ဖွဲ့စည်းခဲ့ရတယ်။  ပထမဆုံး ဒေသအလိုက်မဲပေးပြီးရွေးတဲ့အထဲက ဒေသအလိုက်နှစ်ယောက်ဆီဆွဲထုတ်ရတယ် အဲဒီထဲကမှ မန္တလေးက ကျွန်တော် ၊ ကိုထွန်းအောင်ကျော် အရွေးခံရပါတယ်။ ကျွန်တော့်ကို မန္တလေးဒေသရေးရာ တာဝန်ခံဆိုပြီးတော့ ဒီဗဟိုကော်မတီမှာ ပါခွင့်ရတာပေါ့။ အဲ့လိုပဲ ရန်ကုန်ဒေသရေးရာတာဝန်ခံက ကိုရဲလင်းဖြစ်လာတယ်။ ကချင်ဒေသရေးရာတာဝန်ခံက ကိုမြင့်ကျော်ဖြစ်လာတယ်။ အဲဒီဒေသရေးရာ တာဝန်ခံက ဘာလဲဆိုတော့ ဒီဒေသမှာ ရောက်နေတဲ့ …

Read More »