Wednesday , September 27 2017
Home / အင်တာဗျူး (page 3)

အင်တာဗျူး

“ ကျောင်းပြီးတာနဲ့ လုပ်ငန်းခွင်ဝင်နိုင်အောင် ဆောင်ရွက်ပေးမယ်ဆိုရင် မူးယစ်ဆေးသုံးစွဲမှုကိုလည်း ထိန်းကျောင်းပြီးသား ဖြစ်သွားမယ် ”

မူးယစ်ဆေးဝါးကို တားဆီးဖို့ အဆိုတင် ဆွေးနွေးခဲ့ပြီးဖြစ်တယ်ဆိုတဲ့  ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဆွတ်နောင်နှင့် တွေ့ဆုံခြင်း  ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း မူးယစ်ဆေးဝါးအကြောထိုးသွင်းသူများ၏ ၅၀ ရာခိုင်နှုန်းမှာ HIV ကူးစက်ခြင်းကို ခံနေရပြီဖြစ်သည့်အတွက် မူးယစ်ဆေးဝါး ကာကွယ်တိုက်ဖျက်ရေးတင်မကဘဲ မူးယစ် ဆေးဝါးသုံးဆွဲမှုမှတဆင့် ကူးစက်သည့် HIV ပိုးကို ကာကွယ်ရန်လည်း အရေးကြီးနေပြီဖြစ်သည်။ ထိုသို့ကာကွယ်ရန်မှာ ပြည်သူများ ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍမှာလည်း လွန်စွာအရေးကြီးလှသောကြောင့် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပညာရေး၊ ကျန်းမာ ရေး၊ စည်ပင်သာယာရေးနှင့် စည်းရုံးရေးဆိုင်ရာကော်မတီရဲ့ ဥက္ကဌဖြစ်သူ ဦးဆွတ်နောင်နှင့် တွေ့ဆုံစဉ် ပြည်နယ်အရေး အတွက် ဆောင်ရွက်နေပုံများကို ၎င်း၏ ဖြေဆိုချက်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Read More »

ကြီး ၉ ကြီးတွေ့ဆုံပွဲအပေါ် နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့အချို့အမြင်များ

နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းအချို့အမြင်များ အားလုံးက မျှော်လင့်တကြီးနဲ့အဖြေကို စောင့်နေကြပါတယ် အောက်တိုဘာ(၃၁) ရက်နေ့တွင် နိုင်ငံတော်သမ္မအိမ်တော်၌ ကြီး(၉)ကြီး တွေ့ဆုံပွဲအပေါ်  နိုင်ငံရေးပါတီ အချို့မှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့မှ တာဝန်ရှိသူများကို တွေ့ဆုံမေးမြန်း ဖြစ်သည်များအား ဖော်ပြအပ်ပါသည်။

Read More »

လှိုင်းလုံးကြားမှ လူမှုထူးချွန်ဆု ရရှိခဲ့သူ ဆရာဦးရွှေဘနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံအတွင်း ဆရာ၊ ဆရာမပေါင်း သုံးသိန်း ခုနစ်သောင်းကျော်ရှိရာမှ ယခုနှစ် အောက်တိုဘာလ ၅ ရက် နေ့၌ သုံးဦးကို လူမှုထူးချွန်ဆုကို ချီးမြှင့်ခဲ့လေသည်။ ထိုဆရာ ၃ ဦးအတွင်းမှ ဆုရခဲ့သည့် ပဲခူးတိုင်း ဒေသကြီး၊ ဝေါမြို့နယ်၊ ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူး ဆရာ ဦးရွှေဘနှင့် တွေ့ဆုံကာ ပညာရေးအပေါ် ခံယူချက်၊ စိတ်ထားနှင့် မျှော်မှန်းချက်တို့ကို မေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Read More »

“မြန်မာကိုယ်စားပြုအနေနဲ့သာ ၀င်ပြိုင်ရမှာ အစိုးရက ထောက်ပံ့ပေးတာမျိုး မရှိဘူး” ဆိုတဲ့ ဖွေးကိုကိုနှင့် ခဏတာ

 မြန်မာနိုင်ငံကိုယ်စားပြု အာဆီယံဒေသတွင်းနိုင်ငံများမှ ကျွမ်းကျင်ပြိုင်ပွဲဝင်ရောက်မည့် နည်းပညာ ဒုတိယနှစ် ကျောင်းသား ဖွေးကိုကိုနှင့်တွေ့ဆုံခြင်း  ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် အောက်တိုဘာ(၂၀)ရက်၌ ကျင်းပမည့် ဆယ်ကြိမ်မြောက် အာဆီယံဒေသတွင်း နိုင်ငံများမှ ကျွမ်းကျင်မှုပြိုင်ပွဲ (The 10th asean skills competition) တွင် မြန်မာနိုင်ငံမှ ပထမဆုံးလျှပ်စစ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်ဖြင့် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မယ့် ကိုဖွေးကိုကိုနှင့် သွားရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေမှုကို တွေ့ဆုံမေးမြန်းဖြစ်သည်များအား ဖော်ပြအပ်ပါသည်။

Read More »

ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်ဟောင်း ညီညီကျော်ရဲ့ မြောက်ပိုင်းခရီး(၁၃)

အပိုင်း(၁၃) သတ်ကွင်းထဲက ကျွန်တော်တို့ ဒီနေရာမှာ တစ်ခု ပြောချင်တယ် ကျွန်တော့်စိတ်ထဲ ဇဝေဇ၀ါ ဖြစ်နေတာက စိုးမင်းအောင်ရဲ့ ထွက်ချက်က အင်ကြီး(အတု)ဖြစ်နိုင်တယ်။ ဒီကိစ္စမှာ ပထမဆုံးစဖမ်းခံခဲ့ရတဲ့ စိုးမင်းအောင်ရဲ့ ပါးစပ်ထဲက လူ ၅၀ ရဲ့ နာမည်တွေအကုန်မထွက်နိုင်ဘဲနဲ့ စက်ထဲကနေ လာတယ်ဆိုပြီးတော့ ဖြစ်သွားတာလည်း ဖြစ်နိုင်တယ်။ စက်ကတော့ ဒီပါဂျောင်ဒေသမှာ ဘွန်လွန်းဆိုတာရှိတယ် အဲဒါအမြင့်ဆုံးနေရာ အဲဒီမှာ ဆက်သွယ်ရေးစက်ကို ထိုင်တယ်။ ကေအိုင်အေ ထိုင်တယ်၊ ကျောင်းသားလည်း ထိုင်ပါတယ်။ ကေအိုင်အေနဲ့အတူ ပူးတွဲသုံးရတာပေါ့ အထိုင်စက်ကတော့။အဲဒီစက်အထိုင်ကနေမှ တပ်ထဲမှာ ရှိတဲ့ လမ်းလျှောက်စကားပြောစက်ကို လှမ်းပြောတာ။  စိုးမင်းအောင်ပါးစပ်ကနေ ၅၀ ပြောသွားတယ်လို့ ကျွန်တော်တို့ မသိနိုင်ပါဘူး ဒါပေမဲ့ ကျွန်တော်တို့ကို ခင်ဗျားတို့ …

Read More »