Tuesday , November 28 2017
Home / အင်တာဗျူး (page 2)

အင်တာဗျူး

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်နှင့် တွေ့ဆုံခြင်း  

အေမီအောင်(မြစ်မခ) မေး – ဥပဒေကြမ်း ကော်မတီဥက္ကဌ အဖြစ် တာဝန်ပေးအပ်ခံရတဲ့ အပေါ် ဘယ်လိုခံစားမိပါသလဲ။ ဖြေ – ဥပဒေကြမ်း ကော်မတီဥက္ကဌ တာဝန်ပေးခံရတယ်ဆိုတာ လွှတ်တော် တက်တုန်းမှာပဲသိတာ။ ကြိုတင် သိရတာ မရှိဘူး။  ကြားလိုက်ရတော့ ပထမအချက်က အံ့သြသွားတာပေါ့။ ဒုတိယအချက်က ကျွန်တော်ကို တာဝန်ပေးတာပဲလို့ ခံယူတာပါ။ တတိယအချက်က ပေးတဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမယ်လို့ ခံယူထားပါတယ်။ ကျွန်တော်ရဲ့ သဘောထားအမြင်ပါ။   မေး – ဒီမိုကရက်တစ် အင်အားစုတွေ လွှတ်တော်တွင်းမှာ အများစု တာဝန်ထမ်းဆောင်လိုက်ရလို့ လွှတ်တော် တွင်းမှာ ဘယ်လိုအပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ထင်ပါလဲ။ ဖြေ- ကျွန်တော် နိုင်ငံရေးလုပ်ချိန် အသက်မွေးဝမ်းကျောင်းက …

Read More »

“တိုက်ပွဲသံတွေကို ပြည်သူတွေ မမျှော်လင့်ကြတော့ဘူးလို့ ယုံကြည်ထားပါတယ်” ဆိုတဲ့  သျှမ်းတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့်တွေ့ဆုံခြင်း

မြ၀န်းရံ (မြစ်မခ) သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် တွေ့ဆုံခဲ့စဉ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် – NCAနှင့်  ပတ်သက်၍ မေးမြန်း ဖြစ်ခဲ့သည် များအား ကောက်နှုတ်ဖော်ပြအပ်ပါသည်။ မေး- RCSS/SSA  အနေနဲ့ NCAမှာပါဝင်ပြီးတဲ့နောက် မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုဆက်လက် ရပ်တည်သွားမလဲ။ ဖြေ- နိုင်ငံရေးအခန်းကဏ္ဍမှာတော့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်တဲ့အထိ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့ အဓိက ထားတာက NCA ကို လက်မှတ်ရေးထိုး၊ ပြီးတော့ ဒီစာချုပ်မှာပါတဲ့ အချက်အလက်တွေကို ၀ိုင်းဝန်း အကောင်အထည်ဖော်၊ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ရေးဆွဲဖို့သွားကြမှာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ …

Read More »

 “ နေပြည်တော်မှာ ဘယ်လောက်ပဲ နိုင်ငံဂုဏ်ဆောင်ဖြစ်ခဲ့ပေမယ့် ပုဂံမှာတော့ ဖျာလိပ်ပြီး အိမ်ပြန် ခဲ့ရတယ်” ပါလာမိုတာ စီးရင်း အိမ်မက်တွေကို ရဲရဲဝံ့ဝံ့အကောင်အထည်ဖော်ခဲ့သူ ဖိုးလုံးနှင့်တွေ့ဆုံခြင်း

နောင်(မြစ်မခ) ပါလာမိုတာကို မြန်မာနိုင်ငံမှာ ကိုယ်တိုင်တီထွင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပထမဆုံး စီးနင်း ပျံသန်းခဲ့သူ၊ နိုင်ငံတကာအားကစားနည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ကစားသူနည်းပါးသေးသည့် ပါလာမိုတာ အားကစားနည်း ပြန်လည်ဆန်းသစ်ရန် ကြိုးစားစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ကျပ် (၁၀) သိန်း ဆုချီးမြှင့်ခြင်းခံခဲ့ရသည့်  ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ မြို့မှ ကိုကျော်စိုးအောင်(ခေါ်)ဖိုးလုံးနှင့် တွေ့ဆုံခိုက် ၄င်း၏ အဆိုပါ အားကစားနည်းအပေါ် ခံယူချက်နှင့် ပတ်သက်၍ ပရိတ်သတ် သိရှိနိုင်ရေး ကောက်နုတ်ဖော်ပြအပ်ပါသည်။

Read More »

လက်ထိပ်ဆွဲဖြုတ်ရာကနေ ကိုယ့်ကိုကိုယ် သန်မှန်းသိသွားတဲ့ ချင်းတိုင်းရင်းသား လူသန်ကြီးနှင့် ခဏတာ

ချင်းအမျိုးသားနေ့၌ တစ်တင်းခွဲဝင် ဆန်အိတ် (၂)အိတ်ကို ပုခုံးပေါ်ထမ်းခဲ့ပြီး တစ်တင်းခွဲဝင် ဆန်တစ်အိတ်ကို သွားနဲ့ကိုက်ဆွဲပြီး လမ်းလျှောက် သယ်ပြခဲ့ပြကွက်ဆန်းကို ပြသခဲ့သည့်  ချင်းတိုင်းရင်းသား လူသန်ကြီးနှင့် တွေ့ဆုံခဲ့သည့်အခိုက် ၄င်း၏ သူ့ဘ၀တစ်စိတ်တစ်ပိုင်းအချို့အကြောင်း တွေ့ဆုံမေးမြန်းဖြစ်သည်များကို ဖော်ပြအပ်ပါသည်။

Read More »

အစိုးရနဲ့ KNPP အပစ်ရပ်ပြီး နှစ်နှစ်အလွန် ကယားပြည်နယ် အခြေအနေ

ကယားပြည်နယ်ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးကွန်ရက်မှဦးခူးပလူးရယ်နှင့်တွေ့ဆုံခြင်း ကယားပြည်နယ်ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးကွန်ရက်(KSPMN)သည်မြို့နယ်ကိုယ်စားလှယ်ပေါင်း ၅၀ ကျော်ဖြင့် ကယားပြည်နယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူထုအကြား ငြိမ်းချမ်းရေး အသိပညာပေး လုပ်ငန်းများအပြင် Awareness Rising and Mobilization ကို လုပ်ဆောင်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။  ကယားပြည်နယ်အတွင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်နီဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP)အနေဖြင့် အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားပြီး အပစ်ရပ် လက်မှတ်ထိုးရေးတွင် ပါဝင်ဆောင်ရွက်နေချိန်ဖြစ်ရာ  ဖွံ့ဖြိုးမှုနည်းလှသည့် ကယားပြည်နယ်တွင်း KSPMNအဖွဲ့အနေဖြင့် အစိုးရနှင့် KNPP တို့ အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးနောက်ပြီး ကယားပြည်နယ်တွင်းဖွံ့ဖြိုးတိုးတက်လာမှုများနှင့် KSPMN အနေဖြင့်လက်ရှိလုပ်ဆောင်နေမှုများကို အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးခူးပလူးရယ်အား ဒေသတွင်း အခြေ အနေနှင့် ပတ်သက်၍ လွိုင်ကော်မြို့၌တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

Read More »