Wednesday , May 31 2017
Home / အင်တာဗျူး (page 10)

အင်တာဗျူး

” ဘ၀ပုံစံပြောင်းဖို့ဆိုရင် တူရာ သွားစုနေသမျှ ကာလပတ်လုံး မအောင်မြင်နိုင်ဘူး” လို့ဆိုတဲ့ မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထောင်ရေးအသင်းဥက္ကဋ္ဌနှင့် ခဏတာ

နိုင်ငံတော်အစိုးရအနေဖြင့် ဘိန်းစိုက်တောင်သူများအား စားဝတ်နေရေးပြေလည်စေရန် ပြုမူလုပ်ဆောင်ပေးခြင်း ၊ ဘိန်းစိုက်ပျိုးခြင်းဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဆိုသည့် တိကျသည့် ဥပဒေနှင့် ပြဌာန်းမှသာ မူးယစ်ဆေး သုံးစွဲမှုပပျောက်ရေး (၁၅)နှစ်စီမံကိန်း ဖြစ်မြောက်မည်ပြောကြားခဲ့သူဟု မူးယစ်ဆေး သုံးစွဲသူများ ပြန်လည်ထောင်ရေးအသင်း (မြန်မာ)ဥက္ကဌ ဦးစံရှိန်အား တွေ့ဆုံ မေးမြန်းဖြစ်သည် များကို ဖော်ပြအပ်ပါသည်။ မေး။ ။ မြန်မာနိုင်ငံ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်းကို ဘယ်နှစ်ခုနှစ်က စတင် တည်ထောင်ခဲ့ ပါသလဲ။

Read More »

“ လွတ်ပြီထင်လို့ ဆီပူအိုးက ခုန်လိုက်တာ…မီးပုံပေါ်ကျတယ်”(ဒုက္ခသည်စခန်းမှာ သိက္ခာနဲ့ ရိက္ခာလဲနေရပါလို့ ထိထိခိုက်ခိုက်ပြောလေ့ရှိတဲ့နို့ဖိုးစခန်းရောက် ဆရာမ နှင်းပန်းအိမ်နှင့်ခဏတာ)

ဘ၀ကို နိုင်ငံရေးယုံကြည်ချက်နှင့် စာရေးဆရာမတယောက်အဖြစ် ဖြတ်သန်းနေသည့် ထိုင်းမြန်မာနယ်စပ် နိုဖိုးဒုက္ခသည်စခန်းမှ စာရေးဆရာမနှင်းပန်းအိမ်နှင့် တွေ့ဆုံမေးမြန်းဖြစ်သည်များအား စာဖတ်သူများ အတွက် ဖော်ပြအပ်ပါသည်။ မေး ။ ဒုက္ခသည်စခန်းက လူအများစုဟာ တတိယနိုင်ငံထွက်ခွါဖို့ ပြင်ဆင်မျော်လင့်ကြတာများတယ်။ သတင်းတွေအရ ဒုက္ခသည်တွေကိုတတိယနိုင်ငံခေါ်ဖို့ သိပ်မျာ်လင့်ချက်နည်းနေတာတွေလည်း ကြားနေရတယ်။ ဆရာမရဲ့ အနေအထားကရော တတိယနိုင်ငံကို သွားနိုင်မဲ့ အနေအထားရှိလား?

Read More »

ပထမဆုံး ၂၇ ထပ်တိုက် ဆောက်လုပ်ခွင့်ရသူ ဦးအေးမြင့်ဦးနှင့်ခဏတာ

 မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကုမ္ပဏီများအား အထပ်(၂၀)ကျော်တိုက်များတည်ဆောက်ခွင့်ကို စစ်အစိုးရ က ပိတ်ပင်ခဲ့သော်လည်း အစိုးရသစ်တက်လာပြီးနောက် မကြာသေးမီက အထပ်မြင့်တိုက် စီမံကိန်း တည်ဆောက်မှုများအား ခွင့်ပြုလိုက်ပြီဖြစ်သည်။ ပထမဦးဆုံး အထပ်မြင့်တည်ဆောက်နိုင်ခွင့်ရသည့် ကုမ္ပဏီမှာ အေးမိသားစုကုမ္ပဏီဖြစ်သည်။ ၄င်းကုမ္ပဏီမှ ရဟတ်ယာဉ် ဆင်းသက်နိုင်မည့်(၂၇)ထပ်အမြင့်ရှိ တိုက် (၄)လုံးအား (၂)နှစ်တာ ကာလ အတွင်း အပြီးတည်ဆောက်သွားမည်ဟု သိရသည်။ အေးမိသားစုကုမ္ပဏီပိုင်ရှင် ဦးအေးမြင့်ဦးအား အထပ် မြင့်တည်ဆောက်ခွင့်၊ တိုက် ဒီဇိုင်းများနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းချက်များအား ကောက်နုတ် ဖော်ပြလိုက်ပါသည်။

Read More »

ဖားကန့်စစ်ပွဲမှ အပိုင်းအစများ

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်စစ်ပွဲများ ရပ်တန့်ကာ ငြိမ်းချမ်းရေးအတွက် အမြန်ဆုံးဆွေးနွေး သွားရန် ဇန်နဝါရီလ (၁၈) ရက်နေ့က ပြည်သူ့လွှတ်တော်တွင် အတည်ပြုဆုံးဖြတ်ခဲ့ပြီးနောက် အစိုးရသတင်းထုတ်ပြန်ရေးမှ လဂျားယန်တွင် ပစ်ခတ်နေသည့် စစ်ဆင်ရေးအား ရပ်ဆိုင်းတော့မည်ဟု အမိန့်ထုတ်ပြန်လိုက်သည်။ ထိုသို့အမိန့်ထုတ်ပြန်လိုက်သော်လည်း ဖားကန့်မြို့နယ်ရှိ ဒေသခံများမှာမူ စိုးရိမ်နေကြဆဲဖြစ်သလို ဇန်န၀ါရီ(၁၈)ရက် ၊ ညပိုင်းက ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာနှင့် ကားမိုင်းမြို့နယ်တွင် စစ်ပွဲများဖြစ်ပွား ခဲ့ကြောင်း သိရသည်။

Read More »

“ဒုက္ခသည်တွေ နေထိုင်ရေးအဆင်ပြေရင် နှစ်ဖက်ယုံကြည်မှုတိုးအောင် လုပ်ပေးဖို့လိုတယ်” (စစ်တွေရောက် အီရန်သံအမတ်Hossien Kamalianနှင့်တွေ့ဆုံခြင်း)

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အကူအညီပေးရန် ဇန်နဝါရီ (၁၅) ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိလာသော အီရန်နိုင်ငံမှသံအမတ်(Hossien Kamalian) ဦးဆောင်သည့် (၁၁) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်နှင့်ဘင်္ဂါလီဒုက္ခသည်စခန်းများသို့ သွားရောက်ကူညီခဲ့သည်။ ၄င်းတို့၏ ခရီးစဉ်နှင့်ပတ်သက်၍ အီရန်သံအမတ် Hossien Kamalianအား မြစ်မခသတင်းမီဒီယာမှ သွားရောက် မေးမြန်းခွင့်ရခဲ့သည်။

Read More »