Friday , September 22 2017
Home / အင်တာဗျူး

အင်တာဗျူး

ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလာမှုများခြင်းနှင့်အတူ ဆင်ဆာကျပြီး ရုံတင်မည့် ကား(၁၇၀)ရှိဟု ရုပ်ရှင် အစည်းအရုံး ဒုတိယ ဥက္ကဌ ဦးအေးကြူလေးပြောဆို

  မဟာ(မြစ်မခ) ရန်ကုန်၊ ဇွန် ၅ ရက်။ လက်ရှိ ရုပ်ရှင်နှင့် ဗီဒီယိုလောကအတွင်း ဗီဒီယိုလောကအခြေအနေ မငြိမ်မသက်ဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကား များ ပြန်လည်ဦးမော့လာခြင်းနှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံးမှ ဒုတိယ ဥက္ကဌ ဦးအေးကြူလေးကို တွေ့ဆုံမေးမြန်းခဲ့သည်။ 

Read More »

နေဝင်အိပ်တန်းတက်ရုပ်ရှင်ကားတွင် ကိုယ်မလုပ်တတ်သည့် ဇာတ်ရုပ်ဖြစ်သောကြောင့် ရိုက်ကူးချိန်တွင် အတော်ကို ကြိုးစားအားထုတ်ခဲ့ရပါတယ်လို့ဆိုတဲ့ ပိုင်ဖြိုးသုနဲ့တွေ့ဆုံခြင်း

  စံပယ်ဖြူ (မြစ်မခ) ရန်ကုန်၊ မေ (၃၀) ရက်။ ဒါရိုက်တာ ဝိုင်းရိုက်ကူးထားသည့် နေဝင်အိပ်တန်းတက် ရုပ်ရှင်ဇာတ်ကားတွင် မေကြာဖြူ ဇာတ်ရုပ်နေရာက ပါဝင်သရုပ်ဆောင်ထားသော ပိုင်ဖြိုးသုကို ဇာတ်ကားရိုက်ကူးစဉ် အတွေ့အကြုံများနှင့် ဇာတ်ကားရုံတင်ချိန်တွင် သူမမျှော်လင့်ထားသည့် အချက်များ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြပေးလိုက်ပါတယ်။ အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ဝိုင်းရိုက်ကူးပြီး သရုပ်ဆောင် ပြေတီဦး၊ ထွန်းအိန္ဒြာဗိုနှင့် ပိုင်ဖြိုးသုတို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး ဇွန် ၂ ရက်မှ စတင်၍ ရုပ်ရှင်ရုံများတွင် ပြသတော့မည်ဖြစ်သည်။

Read More »

ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် လိင်ပိုင်းဆိုင်ရာများ မပါဝင်သည့် ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာကိုအာကာနှင့် တွေ့ဆုံခြင်း

  မြင့်ဟိန်း(မြစ်မခ) ရန်ကုန်၊ မေ ၂၅ ရက်။ မေလအတွင်း အွန်လိုင်းစာမျက်နှာများပေါ်တွင် လူကြိုက်များ ခေတ်စားနေသည့် ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကား တစ်မိနစ်စာ Teaser အပိုင်းမှာ ကြည့်ရှုသူ ရှစ်သိန်းခန့်ရှိခဲ့ပြီး အဆိုပါဇာတ်ကားရိုက်ကူးခဲ့သူ ကိုအာကာနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါတယ်။ 

Read More »

အသက် ၁၂ နှစ်အရွယ် ပန်းချီဆရာမ

ငယ်စဉ်ကတည်းက ပန်းချီပညာကိုစိတ်ဝင်စားရင်း တစ်စိုက်မတ်မတ်ကြိုးစားလာခဲ့ရာမှ အသက် (၁၂)နှစ် အရွယ်မှာ ပထမဆုံး ပန်းချီပြပွဲပြုလုပ်သွားတော့မယ့်….မမေသော်တာဟိန်ကို အင်တာဗျုးထားပါတယ်။ မေး ။မင်္ဂလာပါ ညီမလေး။ ဖြေ ။မင်္ဂလာပါ။ မေး ။ညီမလေးရဲ့ လက်ရှိ ပန်းချီပြပွဲအကြောင်းလေး ပြောပြပါလား။ ဖြေ ။ညီမရဲ့ ပန်းချီပြပွဲကတော့ မေလ(၁၃)ရက်ကနေ (၁၅)ရက် သုံးရက်ပြသွားမှာပါ။နေရာကတော့ ပန်းဆိုးတန်း Glallery မှာ မနက်(၁၀)နာရီကနေ ညနေ(၆)နာရီထိ ပြသသွားပါမယ်။

Read More »

အမြန်ရေယာဉ် နစ်မြုပ်ရာတွင် အသက်ဘေးမှ လွတ်မြောက်လာသူ နောင်ပကြစ် ကျေးရွာမှ မူလတန်းပြ ဆရာမဒေါ်မြတ်ခက်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကောင်းခန့်လင်း (မြစ်မခ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကင်းအုပ်စု၊ မိချောင်းတွင်းရွာအနီးချင်းတွင်းမြစ်အတွင်း အောက်တိုဘာ လ(၁၅)ရက် နံနက်(၅)နာရီခန့်က အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်းမှ အောင်စိုးမိုးကျော် ၂ ခရီးသည် တင် အမြန်ရေယာဉ် နစ်မြုပ်ရာ၌ အသက်ဘေးမှလွတ်မြောက်လာသည့် ဟုမ္မလင်းမြို့နယ် နောင်ပကြစ် ကျေးရွာမှ မူလတန်းပြကျောင်းဆရာမဒေါ်မြတ်ခက်ကို တွေ့ဆုံမေးမြန်းချက်များကို ဖော်ပြပေးလေိုက်ပါတယ်။

Read More »