Thursday , June 1 2017
Home / အတွေးအမြင် (page 9)

အတွေးအမြင်

ဝင်ငွေခွန် ဆောင်ကြမယ်

မြန်မာနိုင်ငံမှာ တိုင်းပြည်ဝင်ငွေ ၉၇ ရာခိုင်နှုန်းက နိုင်ငံပိုင် သယံဇာတတွေကို ထုတ်ယူ ရောင်းချနေတာဖြစ်ပြီး ကျန်တဲ့ ၃ ရာခိုင်နှုန်းကသာ အခွန်အခတွေကနေ ၀င်ငွေ ရရှိနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတိုင်း သက်ဆိုင်ရာအခွန်အခတွေ ပေးဆောင်ကြမယ်ဆိုရင် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းစပြုနေတဲ့ နိုင်ငံအနေနဲ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက ဘယ်လောက်အထိမြင့်တက်လာနိုင်မလဲလို့ တွေးမိပါတယ်။

Read More »

ရောင်စုံ ဝံသာနုရက္ခိတ ဂယက်

မြန်မာနိုင်ငံသား အမျိုးသားအမျိုးသမီးတွေ လူမျိုးဘာသာကို စောင့်ထိန်းကြဖို့ ရေးလိုက်တာနဲ့ ပတ်သက်ပြီး တုန့်ပြန်မှုစုံစုံလင်လင်လေး ရရှိပါတယ်။ နိုင်ငံတွေ အများအပြား၊ လူမျိုးတွေ အစုံအလင်၊ ယုံကြည် ကိုးကွယ်ရာတွေ ကွဲပြားနေတဲ့ ကမ္ဘာကြီးမှာ လူမျိုးတစ်မျိုးနှင့် တစ်မျိုး ၊ ဘာသာတစ်ခုနှင့် တစ်ခုအကြား အကောင်းအဆိုးတွေ အပြန်အလှန် ပြောနေကြရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ခက်ခဲနိုင်တဲ့အတွက် မိမိလူမျိုး မိမိဘာသာကို မြတ်နိုးလာအောင် ထိန်းသိမ်းချင်လာအောင် သွန်သင်ကြဖို့ တိုက်တွန်းတာပါ။ တချို့ကလည်း အမျိုးဘာသာစောင့်ထိန်းဖို့ပြောတာ ကောင်းပါတယ်၊ ဆက်ပြောပေးပါလို့ တိုက်တွန်း ကြပါတယ်။

Read More »

ဃရာဝါသနှင့် ဝံသာနုရက္ခိတ

မြန်မာအမျိုးသမီးတွေ လူမျိုးခြားဘာသာခြားတွေနဲ့ တွဲတာ၊ အတူနေတာ လက်ထပ်တာတွေနဲ့ပတ်သက်လို့ လူမှုရေးစာမျက်နှာတွေပေါ်မှာ တော်တော်လေး နာနာကျင်ကျင် ဆွေးနွေးနေတာ တွေ့ရပါတယ်။ ဒါတွေကိုမြင်ပြီး ဝံသာနုရက္ခိတဆိုတဲ့ စကားလုံးကို သတိရလိုက်တယ်။ အမျိုးကို စောင့်ခြင်းဆိုတဲ့ စကားလုံးမှာ ဘာဝိသေသနမှ မပါပါဘူး။ ဆင်းရဲလို့ အဝေးရောက်နေလို့ နီးစပ်လို့ ဆိုတဲ့ ဆင်ခြေတွေပေါ့။

Read More »

ရင်ဘတ်အဟောင်းကြီး ခလေးတွေကို မငှားပါနဲ့

“ဖေဖေ…ကျွန်တော့်စကား..နားမထောင်ဖူး”လို့ ငါးတန်းကျောင်းသားကျွန်တော့်သားက ..ကျောင်းကပြန်ရောက်တာနဲ့မီးဖိုခန်းက ကျွန်တော်စွန့်ပစ်ထားတဲ့ ပလပ်စတစ်အမှိုက်ခြင်း သုံးပုံးထဲက အမှိုက်တွေကိုသေချာလိုက်ကြည့်ရင်း ပြောလိုက်တော့.. ဟင်းချက်ဖို့ပြင်နေရင်း ပြုံးမိတယ်။ ဟိုတစ်နေ့ကပဲ သူကျောင်းက ယူလာတဲ့ အစိမ်းရောင်၊အပြာရောင်ဂျွတ်ဂျွတ်ထုတ်တွေကို စက္ကူပုံးသုံးခုလုပ်ပြီး တစ်ပုံးမှာ ရိုးရိုးအဖြူရောင်အိပ်၊ နောက်တစ်ပုံးက အပြာ၊ နောက် အစိမ်းဆိုပြီး ခွဲထားပေးတယ်။ ပြီးတော့ကျွန်တော့်ကို သေချာမှာတယ်။ အိပ်အစိမ်းမှာ စားကြွင်းစားကျန်၊ အပြာမှာပလပ်စတစ်ပစ္စည်း၊ ကျန်တဲ့အိပ်မှာ စက္ကူဆိုပြီး သီးသန့်ခွဲ စွန့်ပစ်ဖို့ ပြောတာပါ။

Read More »

ဘယ်လို… လူမျိုးလဲ

ကျမ အလယ်တန်းကျောင်းသူ ဘ၀တုန်းက မြန်မာစာ သင်ပေးတဲ့ ဆရာပြောခဲ့ဖူးတာကို မှတ်မိနေတာရှိပါတယ်။ ဆရာက ကျမတို့ကို စာသင်နေရင်းနဲ့ ရုတ်တရက် ရှင်းပြရင်း သင်ကြားပေးခဲ့တာမျိုးပါ၊ အဲဒီနေ့က သင်ပေးခဲ့တဲ့ သင်ခန်းစာကိုတော့ မမှတ်မိတော့ပေမဲ့ ဆရာသင်ပေးခဲ့တာကိုတော့ ဒီနေ့အထိ မှတ်မိနေတုန်းပါပဲ။ အခါအားလျော်တိုင်းလည်း ပြန်ပြန်သတိရတတ်ပါတယ်။ ဆရာက ပြောတယ်။ လောကမှာ ခွေး ၃ မျိုး သုံး စားရှိသတဲ့။ ပထမ တမျိုးက သတ္တိလည်း မရှိဘူး သစ္စာလည်း မရှိဘူးတဲ့။

Read More »