Thursday , June 1 2017
Home / အတွေးအမြင် (page 5)

အတွေးအမြင်

မိန်းမတို့ အိနြေ္ဒ ရွှေပေးလို့မရပဲ ဖြစ်စေလိုပါသည်

ရန်ကုန်မြို့ကြီးကိုတဲ့ ယောင်လည်လည်ရောက်လာခဲ့တယ် မျက်လုံးလေး ကလယ် ကလယ် ဆိုတဲ့ တေးသံနဲ့အတူ “ငါ့မှာ သမီးမမွေးမိတာ ကံကောင်းတယ် အဲဒီလိုသမီးမျိုးမွေးမိရင် ငါကိုယ်တိုင်သတ်မိမှာပဲ”ဟု အမျိုးသမီးကြီး တစ်ဦး က ပြောသည်။ “ မျဉ်းကြားအကူးမှာ ရုတ်တရက်ဖမ်းလို့ ဒဏ်ရိုက်ခံရတယ်”လို့ သမိုင်းဈေးအတွင်းမှာ မိုဘိုင်းထီလှည်းက ဆက်လက် လွင့်ပျံ့လာတဲ့ တေးသံနဲ့အတူ အဆိုပါအမျိုးသမီးရဲ့ သူငယ်ချင်းဖြစ်ဟန်တူတဲ့ တစ်ယောက်က

Read More »

ဥပဒေလက်နက် ပြည်သူကို နှိပ်စက်ရန် မဟုတ် (သို့) မင်းကျန်စစ်ကြေညာချက်ကို မျက်ကွယ်ပြုသူများ

မြန်မာနိုင်ငံမှာ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်ကို ဗြိတိသျှတို့ကြောင့် ၁၈၈၅ခုနှစ်မှ စ၍ လွန်မြောက် ခဲ့သော် လည်း အုပ်ချုပ်ခံပြည်သူအများမှာမူ အုပ်ချုပ်သူအစိုးရအဆက်ဆက်ကို မင်းဧကရာဇ်သဖွယ် ဆက်လက်ဆက်ဆံလာခဲ့ကြသည်။ နှစ်ပေါင်း ၁၃၀ ကျော်ကြာမြင့်သည့်ကာလအတွင်း အင်္ဂလိပ် အစိုးရမင်း၊ နန်းရင်းဝန်မင်းမှအစ အင်စပက်တော်မင်းအထိကို ကျေးလက်နေပြည်သူများ လယ်သမားအပေါင်းက ဘုရားထူးခဲ့ကြရသည်။ ဂျပန်ခေတ်တွင်လည်း နိပွန်စစ်ဗိုလ်စစ်သားများကို လက်အုပ်ချီ ခဲ့ရဖူးသည်။

Read More »

ဘွဲ့ရအလုပ်လက်မဲ့လူငယ်တွေ . . . ပြောတဲ့စကား . . . သူ့မိဘနား ပေါက်နိုင်ပါစေ

မနေ့(ဒီဇင်ဘာလ-၂၁)က တပ်မတော်ခန်းမ၊ ဦးဝိစာရလမ်းမှာ  မြန်မာလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်းကနေ ကျင်းပပြုလုပ်တဲ့ Myanmar Job Fair 2013 ကို ကျမ သွားရောက်ခဲ့တယ်။ အဲဒီပွဲမှာ လူငယ်တွေအတွက်အလုပ်အကိုင်ရှာဖွေရေးအတွက်အပြင် လူငယ်တွေကို နှစ်သိမ့်ဆွေးနွေး အကြံပေးတဲ့ ကဏ္ဍလည်း ပါဝင်တာ တွေ့ရပါတယ်။ ကျမအနေနဲ့လည်း အဲဒီကဏ္ဍအတွက် ၀င်ရောက်ပြီး နှစ်သိမ့်ဆွေးနွေး၊ အကြံပေးခဲ့တယ်။

Read More »

စီစီတီဗီ

မစ်မခ ရုံးခန်းရှေ့က ဖိနပ်စင်ပေါ်က ဖိနပ်တွေ ဖိနပ် ၁၁ ကြိမ်မြောက် အခိုးခံပြီးရတဲ့ နောက်မှာတော့ မြစ်မခရုံးမှာ စီစီတီဗီ ကင်မရာတပ်ဖို့ ကျမတို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ၂၀၁၂ ခုနှစ်လောက်ကတည်းက မြစ်မခ ရုံးခန်းရှေ့က ဖိနပ်ချွတ်တဲ့ နေရာ၊ ဖိနပ်စင်ကနေ ဖိနပ်တွေ ပျောက်ဆုံးပါတယ်။ ဖိနပ်ခိုးတဲ့ သူက ဖိနပ်တိုင်းကိုတော့ မခိုးပါဘူး။ ဖိနပ်သူခိုးက ဈေးကြီးတဲ့ ဖိနပ်တွေ၊ သစ်လွင်တဲ့ ဖိနပ်တွေကိုပဲ ရွေးခိုးပါတယ်။ ကျမ စီးလေ့ရှိတဲ့ ကတ္တီပါ ဖိနပ်အပါးတွေလိုမျိုး၊ အမျိုးသားစီး ကတ္တီပါ ဖိနပ်တွေလိုမျိုးကိုတော့ မခိုးဘဲ ဒီအတိုင်း ထားရစ်ခဲ့ပြီး၊ AllStar လို ဖိနပ်လိုမျိုး ၊ Aerosoft လို ကွင်းထိုးဖိနပ်မျိုးတွေကိုတော့ …

Read More »

ကိုယ်ကျိုးဖက်နေမျှ နိုင်ငံဆင်းရဲနေဦးမည်

တစ်နေ့တုန်းက မြန်မာပြည်မှာ ကမ်းလွန်ရေနံလုပ်ကွက်ကို တင်ဒါလျှောက်ထားတဲ့ နိုင်ငံခြားကုမ္ပဏီက နိုင်ငံခြား သားတစ်ဦးနဲ့ မထင်မှတ်ဘဲ စကားပြောဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့တုန်းက ကမ်းလွန်ရေနံလုပ်ကွက်နဲ့ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပက နိုင်ငံ တကာကုမ္ပဏီတွေ အပါအ၀င် စုစုပေါင်း ၃၀ ၀န်းကျင်လောက် လျှောက်ထားကြတယ်လို့ သိရပါတယ်။ လာမဲ့ ဒီဇင်ဘာလအတွင်းမှာ တင်ဒါအောင်ရှုံး သိရလိမ့်မယ်လို့ ပြောပါတယ်။ သူ့ဆီက ကြားရတာကတော့ မြန်မာပြည်မှာ အလုပ်လုပ်တဲ့အခါမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့ အကြောင်းတွေ ကြားရပါတယ်။

Read More »