Friday , September 22 2017
Home / အတွေးအမြင် (page 4)

အတွေးအမြင်

ဒဏ်ရာရအရိုင်းပန်းတွေရဲ့ ရှိုက်သံကို ဥပေက္ခာပြုလိုက်ရင် တရားပါ့မလား

လောကမှာ အပစ်ပယ်ခံလူတန်းစားလို့ပြောနိုင်တဲ့ လူတန်းစားတစ်ရပ်အကြောင်းပြောပြချင်ပါတယ်။ သူတို့ကတော့ အများက ပြည့်တန်ဆာလို့ခေါ်ကြတဲ့ Sex Workers တွေပါ။ NGO လောကမှာတော့ အတိုကောက် SW လို့ခေါ်ပါတယ်။ ဒီနေရာမှာ SW ဆိုတာ Female Sex Workers ခေါ် အမျိုးသမီး SW တွေကိုသာ ရည်ညွှန်းလေ့ရှိပါတယ်။ ကျွန်တော် NGO နှစ်ခုမှာ ၇ နှစ်တာဝန်ထမ်းဆောင် ခဲ့စဉ်က SW ပေါင်းများစွာကို ပညာပေးဟောပြောခဲ့ရတဲ့အတွက် သူတို့တွေအတော်များများနဲ့ထိတွေ့ ဆက်ဆံခဲ့ကြဖူးပါတယ်။

Read More »

ငြိမ်းချမ်းရေး ရှေ့ခရီး ဘယ်၍ဘယ်မျှနည်း?

အပြုံးတွေကိုယ်စီနဲ့  လက်စွဲနှုတ်ဆက်ကြတဲ့ခဏ  အတ္တနဲ့ မာနတွေ  ပကတိကင်းစင်လို့။ ဟန်ဆောင်မှုကင်းကင်း  ပကတိ ရိုးသားခြင်းတွေက သူတို့တစ်တွေရဲ့မျက်နှာမှာ ကူးလူးယှက်သန်းလို့နေတယ်။ သူတို့တစ်တွေ  ငြိမ်းချမ်းမှုကို မြတ်နိုးကြတယ်။ သူတို့ တန်းတူမှုကို လိုချင်ကြတယ်။ ဒါကြောင့် သူတို့ ငြိမ်းချမ်းရေးအတွက်  ဆွေးနွေးနေကြတာပါ။ တန်းတူအခွင့်အရေးအတွက် သူတို့ စကားတွေ ပြောနေကြတာပါ။ သူတို့က တခြားမဟုတ်ဘူး။ တပ်မတော် ၊အစိုးရနဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ခေါင်းဆောင်တွေ။ တစ်ချို့က တိုင်းရင်း သားတွေရဲ့ ဟီးရိုး။ တချို့က  ငြိမ်းချမ်းရေးနဲ့ တန်းတူညီမျှရေးအတွက် တိုင်းရင်းသားလူမျိုးစုတွေရဲ့ တော်လှန်ရေးရဲ ဘော်တွေ။ အစိုးရအပါအ၀င် တပ်မတော်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ငြိမ်းချမ်းရေးလိုလားမှုတွေကို ဆွေးနွေးညှိနှိုင်းနေကြတာ။ ဒါပေမဲ့ သူတို့ ရဲ့ နိုင်ငံရေးမျှော်မှန်းချက် သူတို့ …

Read More »

ချစ်သူရည်စား အိမ်ထောင်သည်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ နားလည်မှု

ကမ္ဘာပေါ်မှာလူသတ္တဝါရယ်လို့စတင်ဖြစ်တည် ပေါက်ဖွားလာချိန်ကတည်းက ယောက်ျားနဲ့မိန်းမဆိုပြီး နှစ်မျိုးပဲ မွေးဖွားခဲ့ပါတယ်။ ခေတ်ကာလတွေ ဘယ်လိုပဲရွေ့လျား ပြောင်းလဲလာလာ၊ ဘယ်လိုနည်းပညာတွေ တိုးတက်လာပါစေ၊ ယောက်ျားနဲ့ မိန်းမနှစ်မျိုးကတော့ဖြင့် တိုးတက်ပြောင်းလဲ မွေးဖွားလာခြင်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးမှာ ယောက်ျားနဲ့ မိန်းမဆိုတဲ့ဆန့်ကျင်ဘက် လိင်နှစ်မျိုးရှိနေခဲ့လို့လည်း လူသားဆိုတဲ့ မျိုးဆက်မပြတ်ခဲ့တာပါ။ လူသားတွေ မျိုးဆက်မပြတ်စေဖို့အတွက်နဲ့ မျိုးဆက်ပွားစေဖို့အတွက်တာဝန်အရှိဆုံးလူ နှစ်ဦးကလည်း အာဒံဧ၀အစပြုတဲ့ ယောက်ျားမိန်းမနှစ်ဦးပါပဲ။

Read More »

အင်တာနက်အသုံးပြုသည့် မြန်မာနိုင်ငံသားများကို ကာကွယ်မည့်ဥပဒေ လိုအပ်လာ

အာဆီယံမိသားစုဝင်ဖြစ်လာသည့် မြန်မာနိုင်ငံသားများအနေဖြင့် အင်တာနက်ကို မသုံးစွဲ၍မဖြစ်တော့သည့် အခြေအနေ သို့ရောက်ရှိချိန်တွင် အင်တာနက်အသုံးပြုသူနိုင်ငံသားများကို အကာအကွယ်ပေးမည့် ဥပဒေတစ်ရပ်လိုအပ်လာသည်ဟု ဥပဒေပညာရှင်အသိုင်းအ၀ိုင်းက ဆိုလာသည်။ ၂၀၀၈ အခြေခံဥပဒေကို အကြောင်းပြု၍ ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်မှ အခြေပြုကာ အစိုးရအဖွဲ့သစ်တစ်ရပ် ၂၀၁၁ ခုနှစ်၌ ပေါက်လာခဲ့သည်။ ထိုအချိန်မှစတင်ကာ အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေး အာဏာပိုင်တို့ ညီညွတ်စွာဖြင့် ဥပဒေသစ် အမျိုးမျိုး၊ ဥပဒေဟောင်း ပြင်ဆင်ချက် အမျိုးမျိုးတို့ပြင်ဆင်ကာ (၃)နှစ်အတွင်း ဥပဒေကြမ်းအဆင့်မှ အတည်ပြု သက်ဝင်လာခဲ့ သည်။ ၎င်းတို့အနက် ဆက်သွယ်ရေးဥပဒေသည်လည်းတစ်ခု အပါအဝင် ဖြစ်သည်။

Read More »

လုံခြုံရေးအသိ လုံခြုံရေးသတိရှိစေလို

၂၀၀၄ ခုနှစ် မတ်လ ၁ ရက် ည ၉နာရီ မိနစ် ၂၀ ခန့်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း ဘူတာရုံ၌ အကြမ်း ဖက်သမား အုပ်စုတစ်စု၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေကြေ၊ ဒါဏ်ရာရခဲ့ကြကြောင်း သတင်းမီဒီယာများတွင် တွေ့မြင်လာရသည်။ တရုတ်နိုင်ငံတွင်း မွတ်ဆလင်အများစုနေထိုင်သည့် ရှင်ကျန်းပြည်နယ်မှ အကြမ်းဖက်သမားများဟု ယူဆရသည့် အဖွဲ့ဝင် ၁၀ ဦးပါ အကြမ်းဖက်အဖွဲ့က ကူမင်းဘူတာရုံတွင် ဓားများဖြင့်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ ၂၉ ဦး သေဆုံးခဲ့ပြီး ၁၃၀ ကျော် ဒါဏ်ရာရကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်နှိမ်နှင်းမှုကြောင့် အကြမ်းဖက်သမား ၄ ဦး သေဆုံးခဲ့ကြောင်း ရှိကြောင်း နေ့စဉ်ထုတ်သတင်းစာများတွင် …

Read More »