Friday , September 22 2017
Home / အတွေးအမြင် (page 3)

အတွေးအမြင်

တရုတ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှု ဘယ်သူ့အကျိုးအမြတ်လဲ

မေသင်္ကြန်ဟိန်(မြစ်မခ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေရဲ့ ဖိတ်ကြားမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ၅ ရက်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် သွားရောက် လည်ပတ်ခဲ့ပြီး ထိတ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့တယ်လို့ကြား သိရ ပါတယ်။ ဒီခရီးစဉ်မှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ တရုတ် သမ္မတ စီကျင်ပေး၊ နိုင်ငံတော် ကောင်စီဝင် ရန်ကျဲ့ချီ၊ ကွန်မြူနစ် ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေး အကြီးအကဲ ၊ တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး အဖွဲ့ရဲ့ အကြီးအကဲ တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်  တွေ့ဆုံပြီး မြန်မာ့အနာဂတ်ရေးအတွက်လည်း ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့လည်းကြား သိရပါ သေးတယ်။

Read More »

အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်တော့မှာလား

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC – UnionPeace Making Committee )သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရေးဆိုင် ရာညှိုနှိုင်းရေးအဖွဲ့(Nationwide Ceasefire CoordinationTeam – NCCT)၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီးငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ၂၀၁၄၊ သြဂုတ်လ ၁၈ရက်နေ့ MPC(Myanmar Peace Center)၌ တွေ့ဆုံ ဆွေးနွေးကြတော့မည်ဖြစ်သည်။

Read More »

ဥပဒေချိုးဖောက်သူအဖြစ်တော့ မရောက်စေလို

ယူနတီသတင်းထောက် တွေကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တဲ့အပေါ်မှာ ကျွန်မအနေနဲ့လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၅)ရက်နေ့ထုတ် ယူနတီဂျာနယ်မှာ `ဗိုလ်ချုပ်မှူးကြီး ဟောင်း ၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာချုပ်တို့၏ ပေါက်မြို့နယ်က လျို့ဝှက်ဓာတုလက်နက် စက်ရုံ ` ဆိုတဲ့ ခေါင်းစဉ်နဲ့ ပေါက်မြို့နယ်က အမှတ်(၂၄)ကာကွယ်ရေး ပစ္စည်းစက်ရုံ အကြောင်းကို ဆောင်းပါးရေးသားခဲ့တယ်။

Read More »

နစ်နာသူနှင့် အုပ်ချုပ်သူကြားမှ မြန်မာ့တရားရေးမဏ္ဍိုင်ကို မည်သူတည့်မတ်မည်နည်း

မြန်မာနိုင်ငံရေး အပြောင်းအလဲအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတည်ပြုပြီးသကာလ ပြည်သူ့ဆန္ဒဖြင့်ရွေးကောက် တင်မြှောက်သည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ခံကိုယ်စားလှယ် အများစုဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်း၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သစ်ကြီးဖြစ်ပေါ်လာခဲ့ပါသည်။ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေး၏ တင်းကြပ်သော စည်းမျဉ်းအမိန့်ပြဋ္ဌာန်းချက်များအောက်၌ ပြားပြား ဝပ်ခဲ့သော သာမာန် ပြည်သူအပေါင်းတို့မှာ ဖြေလျှော့ပေးခဲ့သော အတိုင်းအတာတစ်ခု အထိလွတ် လပ်ခွင့်ရလာခဲ့သည်ကို တွေ့မြင်ရသည်။

Read More »

အိုးနင်းခွက်နင်း စီမံခန့်ခွဲမှုတွေ မွေး၊ရေ၊ကျေးဝန်ကြီးဋ္ဌာန မလုပ်စေလို

တစ်ပါတီစနစ်၊ စစ်အုပ်ချုပ်ရေးကာလတို့ကို ဖြတ်သန်းလာတဲ့ ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ကမ္ဘာ့အသိုင်းအဝိုင်းထဲကိုပြန် လည်ဝင်ရောက် လာခဲ့ပါတယ်။ ကမ္ဘာနဲ့အဆက်အသွယ်ပြတ်သလောက်ရှိနေရာကနေ ကမ္ဘာ့အသိုင်းအဝိုင်းထဲပြန် ဝင်လာပြီးတဲ့နောက် ဖွံ့ဖြိုးစ ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ နိုင်ငံတကာ ရင်းနှီးမြှပ်နှံ မှုတွေ ကို မျှော်လင့်ကြတာ ဓမ္မတာပါပဲ။ နိုင်ငံတကာနဲ့ အလုပ်လုပ်တဲ့အခါ နိုင်ငံတကစံနှုန်းတွေ၊ ဥပဒေတွေကို လေးစားလိုက်နာဖို့လိုပါတယ်။ ပြည်ပ ရင်းနှီး မြှပ်နှံသူတွေကို ဆွဲဆောင်နိုင်လောက်အောင် ကျွန်တော်တို့ အသင့်ဖြစ်နေပြီလား။

Read More »