Friday , June 2 2017
Home / အတွေးအမြင် (page 2)

အတွေးအမြင်

ကိုယ့်ကိုယ်ကို ကယ်တင်ခြင်း(၂)

========================= စိတ်အညောင်းဖြေခြင်း စိတ်အညောင်းဖြေခြင်းဆိုတာကို ကျွန်မအနေနဲ့ ရင်းနှီးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့အဲဒါကို သိရှိစေဖို့ နေ့တစ်နေ့က ကျွန်မဆီကို ရောက်လာခဲ့ပါတယ်။ အဲဒီနေ့က ကျွန်မစိတ်ထဲမှာ ဘာမှ မလုပ်ချင်တော့တဲ့နေ့လို့ ပြောရမဲ့ နေ့ပါပဲံ၊ ကိုယ်နှစ်သက်စွာ ရွေးချယ်ပြီး လုပ်ကိုင်ခဲ့တဲ့အလုပ်လည်း မလုပ်ချင်ဘူး။ နေ့စဉ်ပြောနေရတဲ့ သတင်းလုပ်ငန်းနဲ့ပတ်သက်တဲ့စကားတွေလည်း မပြောချင်ဘူး။ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဘက်တွေရဲ့အမှားသေးသေးလေးတွေကိုလည်း သည်းမခံနိုင်တော့ဘူး။ ထပ်ခါ ထပ်ခါပြောလည်း မှားမှားနေတဲ့ သူတို့ကို သည်းမခံနိုင်တော့ဘူး။ ဒေါသနဲ့ အော်ဟစ်မောင်းထုတ်ပစ်ချင်စိတ် ပေါက်လာခဲ့တယ်။ ဒါပေမဲ့ကိုယ့်ရဲ့လုပ်ဖော်ကို်င်ဘက်တွေကိုလည်း အော်ဟစ်မောင်းထုတ်တာမျိုးတွေ မလုပ်ခဲ့ပါဘူး။ အသိစိတ်နဲ့ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားတာကိုး။ ငါ ဒါကို ဒေါသနဲ့ မပြောသင့်ဘူး၊ သူတို့ကို အေးအေးဆေးဆေးနဲ့စိတ်ရှည်လက်ရှည်ရှင်းပြ ရမယ်ဆိုတဲ့ အတိုင်း …

Read More »

ကိုယ့်ကိုယ်ကို ကယ်တင်ခြင်း

မလုပ်ချင်တာတွေကို လုံးဝ မလုပ်ပါနဲ့ ကိုယ်မလုပ်ချင်တဲ့အလုပ်ကို လုပ်နေရလို့ ပင်ပန်းဆင်းရဲ နေတဲ့သူတွေကို တွေ့တိုင်း ဘာဖြစ်လို့လုပ်တာလဲလို့ မေးမိတယ်။ နေ့စဉ်ကိစ္စရပ်လေးတွေမှာတောင် ကိုယ်မလုပ်ချင်ပေမဲ့ အကြောင်းကြောင်းတွေကြောင့်လုပ်နေရတဲ့သူတွေရှိပါတယ်။ သူတို့တွေ ပျော်ရဲ့လား။ ဒါဆိုရင် အချို့ပြန်မေးပါလိမ့်မယ်။ ဘ၀မှာ ပျော်ရွှင်မှု ဆိုတာ လိုအပ်ရဲ့လား လို့ပါ။ မပျော်ရွှင်ဘဲနဲ့ရှင်သန်နေရတဲ့ဘ၀ကို ဘယ်လောက်ထိ အသက်ရှည်ရှည်နေချင်သလဲလို့သာ မေးချင်ပါတယ်။ ကျွန်မ မိတ်ဆွေတစ်ဦး ရှိပါတယ်။သူက ဆရာဝန်ပါ။ “ကျွန်တော့်အမေက ကျွန်တော့်ကို ဆရာဝန်ဖြစ်စေချင်တယ်၊ ကျွန်တော်ကတော့ဝါသနာလည်း မပါဘူး၊ ဒါပေမဲ့ အမေ့ကို စိတ်ချမ်းသာစေချင်လို့၊ ဆေးကျောင်းတက်ခဲ့တယ်၊ဆရာဝန်လုပ်ခဲ့တယ်။ အမေ ကွယ်လွန်ပြီးမှ  ကျွန်တော် ၀ါသနာပါတဲ့ အလုပ်ကို စလုပ်ခဲ့တာ“ လို့ဖြေခဲ့တဲ့  ဆရာဝန်တစ်ဦးကိုလည်း တွေ့ခဲ့ဖူးတယ်။ သူမကြိုက်တဲ့ ဘ၀အတွက် …

Read More »

ဆုံခဲ့ရတဲ့သူတွေ……. မကုန်ခမ်းနိုင်တဲ့ မျက်ရည်

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းကာလတွေဟာ ကျွန်မထင်ထားတာထက်ပိုပြီး ခက်ခဲနေခဲ့တယ်။ ပြည်တွင်းစီးပွားရေးအကျပ်အတည်းလည်း ရှိနေချိန်ဖြစ်တဲ့အတွက် မီဒီယာလုပ်ငန်းတွေမှာလည်း ထိခိုက်ကျဆင်းမှုတွေ ရှိနေတယ်။ မြစ်မခသတင်းအေဂျင်စီလို သတင်းရောင်းရငွေနဲ့ရပ်တည်ဖို့ ကြိုးစားနေတုန်းမှာပဲ အင်တာနယူးစ ပေးနေဆဲ ဂရန့်ကို တိကနဲ ရပ်ပစ်လိုက်တယ်။ တစ်လကို ငွေကျပ် ၈ သိန်းလောက် အင်တာနယူးစနေ ရနေခဲ့တာ၊ ရပ်လိုက်တော့ ငွေ ၈ သိန်း ပိုရှာဖို့ဖြစ်လာတော့တယ်။ ဂရန့်ထောက်ပံ့ငွေမရှိဘဲနဲ့မြစ်မခကိုရပ်တည်နို်ငဖို့ကြိုးစားမယ်လို့စိတ်ဆုံးဖြတ်ထားပေမဲ့တကယ်တမ်းမှာတော့ မလွယ်ကူလှပါဘူး။ မီဒီယာကြီးတွေကတော့ကြေညာဝင်ငွေနဲ့ရပ်တည်နို်ငဖို့ကြိုးစားချိန်မှာ ကြေညာမရတဲ့သတင်းဂျာနယ်တွေကတော့လစဉ် တပြုတ်ပြုတ်ရပ်ကုန်ကြတယ်။ မြစ်မခရဲ့ဖောက်သည်တွေထဲမှာ သတင်းမီဒီယာလေးတွေကပဲများနေခဲ့တဲ့အတွက် မြစ်မခအနေနဲ့တော်တော်လေးကို ကြိုးစားရုန်းကန်ရမယ့်အနေအထားဖြစ်လာခဲ့တယ်။ ဒီကာလမှာ ဂျာမန်သတင်းအေဂျင်စီက သတင်းတွေဝယ်သုံးနေတဲ့အတွက် လစဉ် ငွေ ဒေါ်လာ ၅၀၀လောက်ပုံမှန်ရတယ်။ ဗီအိုအေက အသုံးပြုပေးနေတဲ့သတင်းအတွက် ရတယ်။ ပြည်တွင်းက မြစ်မခသတင်းတွေကို …

Read More »

  မူးယစ်ဆေးဖြတ်လိုသူများကူညီနိုင်ရေး ဥပဒေပိုင်းအကူအညီလိုနေ

ပိုင်ထက် (မြစ်မခ) “ဆေးထိုးအပ်ကို သက်သေခံအဖြစ် အသုံးပြုနေတုန်းပါပဲ “National Drugs User Networks Management မှ ဒါရိုက်တာ ကိုမျိုးကျော်လင်းက  လက်ရှိမူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ မြန်မာ့ဥပဒေအကြောင်းကို မှတ်ချက်ပြုလိုက်တာပါ ။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူတွေကို နားလည်ဖို့ အကူညီပေးဖို့ လိုအပ်နေပြီး အစိုးရအနေဖြင့်လည်း ဥပဒေပိုင်းဆိုင်ရာတွေမှာ ပြင်ဆင်မှုတွေ လုပ်ဖို့လည်း လိုအပ်နေတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဌ ဦးစိုင်းအောင်ခမ်းက ပြောပါတယ်။

Read More »

ကျွန်​မတစ်​ခု​တော့ ​ပြောချင်​ပါသည်

သီဟလွင်​ (မြစ်​မခ) HIV မပြန့်ပွားအောင် ထိန်းချုပ်တဲ့ ART ဆေးသောက်နေစဉ်အတောအတွင်း မနှင်းဖြူဟာ ရန်ကုန်မြို့ကနေ သူမန္တလေးသို့ရောက်ရှိခဲ့သည်။ တစ်ညမှာ ကားမှတ်တိုင်တစ်ခုတွင် ဖုန်းအဆက်အသွယ်အရ Customer အလာကိုစောင့်မျှော်နေသည်။ ထိုညသူ သူမသည် စကတ်အတိုနှင့် အင်္ကျီချိုင်းပြတ်ကိုဝတ်ဆင်ထားသည်။ ထိုစဉ် ရဲဝန်းထမ်းအချို့ရောက်လာကာ  စီမံချက်အရဆိုကာ သူမကို ဖမ်းဆီးလိုက်ပါသည်။ “ငွေသက်သေလည်းမရှိဘူး ကွန်ဒုံးသက်သေလည်းမရှိဘူး လှပ်ပေါ်လော်လီလို့ဆိုပြီးဖမ်းတယ် ရဲတွေရဲ့မတရားဖမ်းဆီးခံရပြီးဆိုရင် ကျမဆို့ sex worker တွေကဖြေရှင်းပိုင်ခွင့် ငြင်းပိုင်ခွင့်မရှိဘူး ဘာသက်သေမှမရှိပဲနဲ့ မတရားဖမ်းဆီးတယ်  အဲဒါတာအပြင် အထဲရောက်တော့လည်း သူတို့တွေရဲ့အပြောဆို အပူအမူ ရုတ်ရင်းကြမ်းတန်းစကားတွေနဲ့ကြုံရတယ် စိတ်ပိုင်းဆိုင်ရာပါ အကြမ်းဖက်ခံရတယ်” မနှင်းဖြူကပြောသည်။

Read More »