Wednesday , February 15 2017
Home / အတွေးအမြင်

အတွေးအမြင်

ပြုစုပျိုးထောင်ခြင်း အနုပညာ

========================================= အပြစ်တင်မဲ့ အစား ၊ အားပေးကူညီလိုက်တာက ပိုအလုပ်ဖြစ်တယ် =========================================== လူမှန်းသိတတ်စအရွယ်ကတည်းက ကျွန်မတို့ နားရည်ဝနေတဲ့စကားသံတွေကို ပြန်ကြားယောင်ကြည့်တဲ့အခါ အပြစ်တင်သံတွေပဲ အများဆုံး ကြားနေရတယ်။

Read More »

ကိုယ့်ကိုယ်ကို ကယ်တင်ခြင်း(၆)

သောကများကို လျော့ကျဖို့စေဖို့ ————————————————- ပူပင်သောကဆိုတာကတော့ ကျွန်မအတွက် ထိမ်းသိမ်းရ အခက်ခဲဆုံးလို့ ပဲ ဆိုရပါတော့မယ်။ ကျွန်မအနေနဲ့ လောဘနဲ့ဒေါသထက် မောဟလို့ ပြောနိုင်တဲ့ ပူပင်သောကတွေကို ပိုပြီး ထိန်းသိမ်းရခက်တယ်လို့ပဲ ဆိုချင်ပါတော့တယ်။ လောဘကိုတော့ အ လောဘဖြစ်အောင် အလေ့အကျင့်လေး တစ်ခုက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခံ ရှိနေခဲ့ပြီးသားဖြစ်တဲ့အတွက် ကျွန်မမှာ လောဘရဲ့နှိပ်စက်ခြင်းကို သိပ်မခံရတော့ပါဘူး။ တစ်ခါတစ်ရံမှာ အဆင်မပြေမှုလေးတွေကြောင့် ဖြစ်ပေါ်တတ်တဲ့ စိတ်ထဲမှာ တင်းကနဲဖြစ်သွားတာ၊ တစ်ယောက်ယောက်ရဲ့ လုပ်ရပ်ကြောင့် ဒေါသ စိတ်ဝင်လာတာကို တစ်ခဏအတွင်းမှာ သိလိုက်နိုင်တယ်။ သိသိချင်းမှာ ဒေါသနဲ့ မပေါက်ကွဲမိအောင် ထိမ်းသိမ်းလို့ရတယ်။ ဒါပေမဲ့… မောဟ စိတ်ကတော့ကျွန်မ ဆီကို တိတ်တဆိတ်လေး ၀င်ရောက်လာလေ့ရှိပါတယ်။ မိသားစုနဲ့ပတ်သက်ရင် …

Read More »

ကိုယ့်ကိုယ်ကို ကယ်တင်ခြင်း(၅)

======================= အကောင်းဆုံးနည်းလမ်းနဲ့ စောင့်ရှောက်ခြင်း ========================= ကိုယ်ကျင့်တရားကောင်းအောင်တည်ဆောက်ဖို့အတွက် သီလဟာ အခြေခံကျတယ်လို့ ကျွန်မက နားလည်ထားပါတယ်။ သီလကောင်းမွန်ဖို့ကတော့ဘာသာရေးဟာ အဓိက ပဓာန ကျပါတယ်။ ကျွန်မတို့ လူသားတိုင်းဟာ လူ့အဖွဲ့အစည်းတွင်းမှာ နေထိုင်နေကြတာဖြစ်တဲ့အတွက် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး…ဘာသာရေး စတဲ့အရေး ငါးပါးနဲ့ ကြုံဆုံကြရပါတယ်။ရှောင်လွဲလို့မရအောင်ကို ကြုံရပါတယ်လို့ ဆိုချင်ပါတယ်။ အချို့က ထင်မှတ်ကြတယ်။ စီးပွားရေးလုပ်ကောင်းတုန်း အရွယ်မှာ ဘာသာရေးတွေ လာမပြောနဲ့၊ ဘာသာရေးလိုက်စားရမဲ့ အရွယ်မဟုတ်ဘူးလို့ သတ်မှတ်ကြတယ်။နိုင်ငံရေးလုပ်နေတဲ့ သူတွေကလည်း နို်င်ငံရေးနဲ့ဘာသာရေး တွဲနေတာမကောင်းဘူး ဆိုတဲ့ အမြင်မျိုးလည်း ရှိတယ်။

Read More »

ကိုယ့်ကိုယ်ကို ကယ်တင်ခြင်း(၄)

===================== လောဘ သစ်တွေ တိုးမလာစေဖို့ ==-============== လောဘမရှိတဲ့သူဆိုတာကတော့လောကမှာ မရှိဘူးလို့တောင် ဆိုနိုင်တာပါပဲ။ လောဘမရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး တိုးတက်ကြီးပွားပါ့မလဲ လို့တောင် စဉ်းစားတဲ့သူတွေရှိပါတယ်။ လောဘဆိုတာ တွန်းအားတစ်မျိုးလည်း ဖြစ်စေခဲ့တာကိုး။ ကျွန်မအနေနဲ့ ဆိုရင်လည်း ဆင်းရဲမှာကို ကြောက်တဲ့စိတ် အပြင်၊ ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ခုကို လုပ်နို်င်ဖို့ လုပ်ချင်တာတွေ လုပ်ရဖို့ဆိုတဲ့ဇောနဲ့လောဘနဲ့ အားထုတ်ကြိုးစားခဲ့တဲ့ အချိန်တွေကလည်း နည်းမှ မနည်းတာ။ ဒါကို လောဘနဲ့ကြိုးစားတာလားလို့ မေးရင်လည်း မငြင်းပါဘူး။ ကိုယ့်လောဘနဲ့ကိုယ် ကြိုးစားခဲ့တာတွေ၊ အားထုတ်ခဲ့တာတွေ၊ အားတင်းခဲ့တာတွေ အပြင်၊ လောဘ စိတ်နဲ့သည်းခံခဲ့တာတွေ နားထောင်ပေးခဲ့တာတွေ၊ နားလည်းပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ကောင်းကောင်းမွန်မွန်နေချင်၊ စားချင်တဲ့လောဘ စိတ်ကြောင့် လူတွေက ချမ်းသာဖို့ ကြိုးစားကြတယ်။တင့်တင့်တယ်တယ်နဲ့လူအများရဲ့ အားကျမှုကို …

Read More »

ကိုယ့်ကိုယ်ကို ကယ်တင်ခြင်း(၃)

======================= ဒေါသစိတ်ကို ထိန်းသိမ်းခြင်း ငယ်ငယ်တုန်းက ရပ်ကွက်ထဲမှာ ရန်ဖြစ်ပြီး နပန်းလုံးကြတဲ့အမျိုးသမီးတွေကို ကြည့်ပြီး အံ့သြနေခဲ့ဖူးတယ်။ ဘယ်လောက် လှတဲ့ မိန်းမဖြစ်ပါစေ၊ ရန်ဖြစ်ပြီး နဘန်းလုံးပြီဆိုကတည်းက  ပုံပျက်ပန်းပျက်နဲ့ ရုပ်ဆိုးတော့တာပါပဲ။ အလှကြိုက်တဲ့ကျွန်မ အဲလို ရုပ်ဆိုးပန်းဆိုး ဘယ်တော့မှ မဖြစ်စေရဘူး၊ ကိုယ့်ဒေါသကြောင့် ကိုယ့်ကိုယ်ကို ရုပ်ဆိုးပြီး အကျည်းတန်မှုမျိုး မဖြစ်စေရဘူးဆိုပြီးတော့ စဉ်းစားခဲ့ဖူးတယ်။

Read More »