Saturday , March 10 2018
Home / FNews (page 456)

FNews

ကိုးကန့်တိုက်ပွဲကြောင့် တရုတ်ပြည်၌တိမ်းရှောင်နေသူများ ပြန်လည်ရောက်ရှိလာ

နောင်(လားရှိုး) ရှမ်းမြောက်လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့်တရုတ်ပြည်နယ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည့်မြန်မာအလုပ်သမားများအား ကယ်ဆယ်ထားသော မိုင်တိုင်အမှတ် 125ဒုက္ခသည် စခန်းမှဒုက္ခသည် ၃၈၀ မှာ မတ် ၆ရက်နေ့က  လားရှိုးမြို့သို့ ထပ်မံရောက်ရှိလာကြောင်း ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မနေ့ညနေကသုံးရာရှစ်ဆယ် ရောက်လာတယ်။ ဆရာ/မ၀န်ထမ်းကတော့ ရှစ်ဆယ်ကျော်ရောက်ပါတယ်။ ဒီနေ့ညနေတစ်ရာငါးဆယ်လောက် ရောက်ဖို့ရှိတယ်လို့သတင်းရထားပါတယ်။ ၀န်ထမ်းတွေကိုတော့ အ.ထ. က(၁)ကျောင်းကိုပို့တယ်။ဒီနေ့မနက်အကုန်လုံး မန္တလေးကို ပို့လိုက်ပါပြီ”’ဟု ကယ်ဆယ်ရေး လုပ်ဆောင်နေသူ ကိုအောင်ကျော်မိုးက ပြောသည်။

Read More »

တိမ်ကောစပြုလာသည့် ရခိုင့်ရိုးရာ သဲပုံစေတီပွဲတော် စစ်တွေကမ်းခြေ၌ ကျင်းပ

မိုးဝေ (မြစ်မခ) တိမ်ကောစပြုနေသည့် ရခိုင်တို့၏ ရိုးရာပွဲတော်တစ်ခုဖြစ်သော တပေါင်းလပြည့်သဲပုံစေတီပွဲတော်ကို စစ်တွေမြို့ ပင်လယ်ကမ်းခြေတွင် (၁၁)ကြိမ်မြောက်ပွဲတော်အဖြစ် သာကီမဏ္ဍိုင်ရခိုင် ယဉ်ကျေးမှု မြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပလျက်ရှိကြောင်း သိရှိရသည်။ ဒေသခံများက စစ်တွေကမ်းခြေတွင် သဲပုံစေတီများ ပြုလုပ်ကာ ကုသိုလ်ယူကြခြင်းသဲပုံစေတီ ပူဇော် ဓလေ့မှာ ရခိုင်လူမျိုးတို့ခေတ်အဆက်ဆက်ပြုလုပ်လာခဲ့ကြခြင်းဖြစ်သည်။

Read More »

တမူးမြို့၌ အော်ရီဒူးမှ ဖုန်းတာဝါတိုင် ဆောက်လုပ်မှု တိုင်ကြားထားသော်လည်း ဖြေရှင်းပေးခြင်းမရှိသေး

ကျော်သူစိုး(မြစ်မခ) စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် လူနေရပ်ကွက်များအတွင်း အော်ရီဒူးမှ ဖုန်းတာဝါတိုင် ဆောက်လုပ်မှုကြောင့် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သည့် ဒေသခံ ပြည်သူ (၄၀) ဦးမှ လက်မှတ်ထိုးကာ တမူးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌထံသို့ ဖေဖော်ဝါရီ(၂၇) ရက်နေ့တွင် စာတင်ထားသော်လည်း မတ်လ (၄)ရက်နေ့ထိ ဖြေရှင်း ပေးခြင်း မရှိသးကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဖုန်းတာဝါတိုင်များ ဆောက်လုပ်ပါက သဘာဝဘေးဒဏ်ကြောင့် အနီးအဝေးရှိ လူနေအိမ်များ ပေါ်သို့ ပြိုလဲနိုင် ခြင်း၊ လျှပ်စစ်မိုးကြိုးအန္တရာယ်ကျရောက်လာနိုင်ခြင်းတို့ကြောင့် ကန့်ကွက်သည်ဟုဒေသခံများက ဆိုသည်။

Read More »

ငါးထောင်တန်ငွေစက္ကူအသစ်များကို အတုဟုယူဆသဖြင့် ကော့မှူးတွင် သုံးစွဲမရဖြစ်နေ

သန့်ဇော်စိုး(မြစ်မခ) ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ငါးထောင်တန် ငွေစက္ကူအသစ်ထွက်ရှိသည်ကို မသိခြင်းကြောင့် အတုဟု ယူဆကြကာ သုံးစွဲမရဖြစ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။ “အမျိုးသားက လစာထုတ်လို့ ဆေးဖိုးဆိုပြီး ငါးထောင်တန် အရွက်နှစ်ဆယ်ကို အမေ့လာကန်တော့ တယ်။ အဲ့ဒီငွေနဲ့ အပေါင်ဆိုင်မှာ ပစ္စည်းသွားရွေးတာ အသစ်ထုတ်ဝေထားတဲ့ တစ်ရွက်ပါသွားတာ။ အပေါင်ဆိုင်က အတုဆိုပြီးမယူဘူး။ ဈေးဝယ်တော့လည်း အတုဆိုပြီး မယူဘူးဖြစ်နေတယ်။”ဟု နတ်စင်ကုန်း ကျေးရွာမှ ဒေါ်လင်းလင်းသော်က ပြောသည်။

Read More »

မန္တလေးမြို့ယာဉ်ကြောပိတ်ဆို့ ငါးနှစ်အတွင်းဖြစ်လာနိုင်သဖြင့် သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်မည်

မန္တလေးမြို့တွင် နောင်လာမည့်ငါးနှစ်အတွင်း ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပွားလာနိုင်သဖြင့် သယ်ယူ ပို့ဆောင်ရေးစနစ်ကို Asia Development Bank(ADB) ပူးပေါင်းကာ အဆင့်မြင့်တင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းက ပြောသည်။ “ မန္တလေးမြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်က ဆိုင်ကယ်တွေကိုပဲ အားကိုးနေရတယ်။ အဆင့်မြင့် ဘတ်စ်ကားတွေ မရှိသေးဘူး။ ရှိလာရင် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်လာမယ်။ ဒါကြောင့် ငါးနှစ်အနေအထားနဲ့ တွက်ချက်ပြီး သယ်ယူပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်သွားမှာဖြစ်တယ်” ဟု ၀န်ကြီး ဦးကျော်ဆန်းက ပြောသည်။

Read More »