Sunday , April 1 2018
Home / FNews (page 416)

FNews

တရားရုံးမှ ဘက်လိုက်စီရင်ချက်ချသည်ဆိုကာ ကံသစ်ကျေးရွာသားများခင်ဦးမြို့တွင် ဆန္ဒထုတ်ဖော်

ကိုဖြိုး (မြစ်မခ)   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ် တရားရုံးမှတရားဆွဲဆိုထားသည့်ပုဒ်မ ၄၁၇ ကာမ လိမ်လည်မှုနှင့် အမှုဖွင့်ထားသူအား တရားသေလွှတ်လိုက်ရာ ခင်ဦးမြို့နယ်တရားရုံးက ဘက်လိုက်စီရင် ချက်ချသည်ဟုဆိုကာ ကံသစ်ကျေးရွာသားတို့မှ ခင်ဦးမြို့တွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာတွင် ကိုယ်ဝန်ရခဲ့သည့် အမျိုးသမီးက ရည်းစားဖြစ်သူ အမျိုးသားအား လက်ထပ် ရန်ပြောဆိုသည်ကို ငြင်းဆိုသည့်အတွက် ခင်ဦးမြို့နယ် တရားရုံးတွင် ၃၁/၂၀၁၅ ပုဒ်မ ၄၇၁ ဖြင့် တရားစွဲဆို ထားခဲ့သည့် အမှုအားတရားရုံးက တရားသေလွှတ်ပေးလိုက်သည့်အတွက် စက်တင်ဘာလ(၂၁) ရက်နေ့က ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

Read More »

တစ်နေ့လုပ်ခ ကျပ် ၃၆၀၀ မပေးနိုင်၍ ကြို့ပင်ကောက်မှ အထည်ချုပ်စက်ရုံ ပိတ်သိမ်း      

သီဟလွင် ( မြစ်မခ) ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ တင်ဟော့ အထည်ချုပ်စက်ရုံတွင် အလုပ်သမားခေါင်ဆောင် တစ်ဦးအား အလုပ်ထုတ်မှုအပါအ၀င် တစ်နေ့လုပ်ခ(၃၆၀၀)ကျပ်ကို မပေးနိုင်ခြင်းကြောင့် စက်တင်ဘာ(၁၈)ရက်နေ့မှ စတင်ကာ စက်ရုံပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။ လစာဖြတ်တောက်မှုများ၊ လစာတိုးတောင်းမှုများ၊ စည်းကမ်းဖောက်ဖျက်မှုများ၊ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုများ၊အလုပ်သမားခေါင်းဆောင်အားလုပ်ထုတ်မှုအပါအ၀င်၊တစ်နေ့လုပ်ခ(၃၆၀၀)ကို မပေးနိုင်ခြင်း အစရှိသည့် အငြင်းပွားမှုများ ကြောင့် အလုပ်သမားများနှင့်အလုပ်ရှင်အကြား သဘောထားတင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ စက်ရုံ ပိတ်သိမ်း လိုက်ခြင်းဖြစ်သည်။

Read More »

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲလက်မှတ်စက္ကူစာရွက် အင်ဒိုနီးရှားမှ တစ်တန်လျှင် ကန်ဒေါ်လာ(၁၄၀၀)ဖြင့် မှာယူ

မင်းအံ့သွန်း(မြစ်မခ)   ၂၀၁၅ ခုနှစ်ထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲလက်မှတ်စက္ကူစာရွက်ကို အင်ဒိုနီးရှားနိုင်ငံမှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၁၄၀၀)ဖြင့် မှာယူတင်သွင်းထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ အဆိုပါစက္ကူစာရွက်မှာ အင်ဒိုနီးရှားနိုင်ငံတွင် ငွေထုတ်နိုင်သည့် စာရွက်အမျိုးအစားဖြစ်ကာ လုံခြုံရေး အစီအစဉ်များလည်းပါဝင်ခြင်းကြောင့် ၂၀၁၀ခုနှစ်ကဲ့သို့ မထင်မရှားဖြစ်ပေါ်မှုများ မဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင်မှ ညွန်ကြားရေးမှုး ဦးဝင်းဦးခိုင်က ဆိုသည်။

Read More »

မော်လမြိုင်နှစ်ခြင်းအသင်းတော်အဆောက်အဦးပြုပြင်ရန် အမေရိကန်မှ ဒေါ်လာ(၁၂၅၀၀၀) ထောက်ပံ့မည်

ချိုမာအောင် (မြစ်မခ)   မွန်ပြည်နယ် မော်လမြိုင်မြို့ နှစ်ပေါင်း(၁၈၀)ကျော် သက်တမ်းရှိ သမိုင်းဝင် ပထမနှစ်ခြင်း ခရစ်ယာန် အသင်းတော် အဆောက်အဦးကို ရှေးမူမပျက်ပြန်လည်ပြုပြင်ရန် အမေရိကန်နိုင်ငံမှ ဒေါ်လာ (၁၂၅၀၀၀) ဝန်းကျင် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးမှ ထုတ်ပြန်ကြေငြာချက်အရ သိရှိရသည်။ သမိုင်းဝင် ပထမနှစ်ခြင်း ခရစ်ယာန်အသင်းတော် အဆောက်အဦးကို ပြုပြင်ရန်အတွက် ဒေါ်လာ (၁၂၅၀၀၀)ကို အမေရိကန်သံအမတ်များ၏ ယဉ်ကျေးမှုအမွေအနှစ် ထိန်သိမ်းရေးရန်ပုံငွေ (AFCP) ကို အသုံးပြုကာ အမေရိကန်နိုင်ငံ ကမ္ဘာ့ရှေးဟောင်းအဆောက်အဦ ရန်ပုံငွေအဖွဲ့ (WMF)မှ ကျွမ်းကျင် ပညာရှင်များအပြင် မြန်မာနိုင်ငံမှ ပညာရှင်များနှင့်အတူ ပူပေါင်းထိန်းသိမ်းသွားမည်ဖြစ်သည်။

Read More »

ပြည်ခရိုင်အတွင်း တစ်ကျော့ပြန်ရေကြီးမှုကြောင့် စာသင်ကျောင်းပေါင်း ၄၀ ကျော်ပိတ်ထား

သီဟလွင် – ပြည် (မြစ်မခ)   ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်အတွင်း တစ်ကျော့ပြန်ရေကြီးမှုများကြောင့် ကျေးရွာများနှင့် အနိမ့်ပိုင်း နေရာများ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျှက်ရှိပြီး စက်တင်ဘာ ဒုတိပတ်အတွင်း စာသင်ကျောင်းပေါင်း (၄၀)ကျော် ပိတ်ထားခဲ့ရကြောင်း ပြည်ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။ ထိုသို့တစ်ကျော့ပြန်ရေကြီးရေလျှံမှုများကြောင့် ပန်တောင်းမြို့နယ်အတွင်းရှိ ရေလယ်ကျွန်း၊ ဂျင်းရဲကျွန်း၊ တက်သစ်ကျွန်း၊ မြစိမ်းကျွန်းစသည့် ဒေသများမှ စာသင်ကျောင်းပေါင်း ၂၀ ကျော်၊ ရွှေတောင်မြို့နယ် အတွင်း(၂၂)ကျောင်း၊ ပြည်မြို့တွင် (၁) ကျောင်း ယာယီပိတ်ထားရခြင်းဖြစ်သည်။

Read More »