Wednesday , September 27 2017
Home / FNews (page 4)

FNews

ကသာမြို့ ဧရာဝတီမြစ်ရေတိုးချိန် တစ်နိုင်တစ်ပိုင် ငါးဆားနယ်လုပ်ငန်းများ တွင်ကျယ်နေ

  နေမျိုးလှရွှေ (မြစ်မခ) ကသာ၊သြဂုတ်လ(၁၇)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ဒုတိယအကြိမ် ဧရာဝတီမြစ်ရေတိုးချိန်၌ တစ်နိုင်တစ်ပိုင် ပိုက်ဆွဲ ငါးဖမ်း ၍ ငါးဆားနယ်ပြုလုပ်ရောင်းချနေသည့် လုပ်ငန်းများ တွင်ကျယ်လာကြောင်း ငါးရောင်းဝယ်ရေးဒိုင်များမှ သိရှိရသည်။ ဧရာဝတီမြစ်ရေသည် သြဂုတ်လဆန်းပိုင်းမှ စတင်တိုးနေသဖြင့် ငါးနုသန်း၊ ငါးလူး၊ ငါးခုံးမ၊ ငါးဇင်ရိုင်း၊ ငါးရံပိုး စသည့် ငါးကလေးများကို ဆားနယ်၍ ကသာမြို့ပေါ်ရှိ ငါးဒိုင်များသို့ တစ်ပိုင်တစ်ပိုင်လာရောက် ရောင်းချကြ ခြင်းဖြစ်သည်။

Read More »

မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးရှိ H1N1 သံသယရှိလူနာ(၃)ဦး ဓာတ်ခွဲအတည်ပြုအဖြေမရသေးသော်လည်း ကျန်းမာရေးအခြေအနေ တိုးတက်ဟုဆို

  ထိန်လင်းအောင်(မြစ်မခ) မြဝတီ၊ သြဂုတ် ၁၇ ရက်။ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ H1N1 သံသယဖြင့် ဆေးကုသမှုခံယူနေရသည့် လူနာ (၃)ဦးမှာ ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနထံမှ အဖြေမရရှိသေးသော်လည်း ကျန်းမာရေးကောင်း မွန်လာကြောင်း အဆိုပါဆေးရုံမှဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးကပြောဆိုလိုက်သည်။

Read More »

မောင်တောမြို့နယ်အတွင်း လုံခြုံရေးအခြေအနေကြောင့် လုပ်ငန်းရှင်များ အကျပ်အတည်းဖြစ်

  အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ သြဂုတ် ၁၆ ရက်။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ခရီးလမ်းလုံခြုံရေး စိုးရိမ်နေရသဖြင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း လုပ် ငန်းရှင်များထံမှ သိရှိရသည်။ ကုန်သွယ်စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဘင်္ဂါလီ ကျေးရွာများကို ဖြတ်သန်းသွားလာရသောကြောင့် လမ်းခရီး၌ လုံခြုံရေးစိုးရိမ်နေရသဖြင့် သြဂုတ်လအတွင်း လုပ်ငန်းများ ရပ်တန့်နေရကြောင်း သိရသည်။

Read More »

သထုံမြို့တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုကင်းဝေးစေရန် မိုင်းအန္တရာယ်အသိပညာပေး ဆရာဖြစ် သင်တန်း ပြုလုပ်

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ သြဂုတ် ၁၅ ရက်။ မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ စုပေါင်းရုံးလမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုကင်းဝေးစေရန် မိုင်းအန္တရာယ်အသိပညာပေးဆရာဖြစ်သင်တန်းကို သြဂုတ် ၁၄ ရက်မှ ၁၈ ရက်ထိ ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

Read More »

သာပေါင်းမြို့နယ်၊ ခရင်ချောင်းဖျားသစ်တောအတွင်း ဆင်သတ်ဂိုဏ်းဝင်တစ်ဦးကို ဖမ်းဆီးရမိကာ (၂)ဦး လွတ်မြောက်နေဆဲ

မျိုးသက်ဦး (မြစ်မခ) သာပေါင်း၊ သြဂုတ် ၁၄ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့၏မိုင်(၃၀)ဝန်းကျင်အကွာ ကျွန်းလျားကြီးကျေးရွာအုပ်စု၊ ခရင်ချောင်းဖျား သစ်တောအတွင်း ဆင်သတ်ဂိုဏ်းဝင်တစ်ဦးအား ပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ သစ်တောရဲကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာပူးပေါင်းအဖွဲ့သည် သြ ဂုတ် ၁၃ ရက်၊ နေ့လယ်ပိုင်းက သာပေါင်းမြို့နယ်တွင် တောဆင်များ ပစ်ခတ်သတ်ဖြတ်ခံရမှု ထိန်းသိမ်းကာ ကွယ်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ကြစဉ် လူ(၃)ဦးပါဝင်သောဆင်သတ်ဂိုဏ်းကို တွေ့ရှိဖမ်း ဆီးခဲ့ခြင်းဖြစ်သည်။

Read More »