Friday , September 22 2017
Home / FNews (page 30)

FNews

ကျိုင်းတုံမြို့နယ်တွင် ဖမ်းဆီးရမိထားသည့် တရားမဝင်သစ်ပိုင်ရှင်များကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေ

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ ဇွန် ၅ ရက်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခုတ်-ကျိုင်းတုံကားလမ်းပေါ်ရှိ ပန်လီရွာအနီးတွင် ဖမ်းဆီးရမိ ထားသော တရားမဝင်ပိတောက်သစ်ခွဲသားများ၏ ပိုင်ရှင်ဖြစ်သူများကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေ ကြောင်း သိရှိရသည်။ အဆိုပါ သစ်များကို မေ ၃ ရက်၊ နံနက်(၃)နာရီတွင် (၁၀)ဘီးယာဉ်(၂)စီးဖြင့် သယ်ဆောင်လာစဉ်  ဖမ်းဆီးရမိခဲ့ပြီး မေ ၄ ရက်၊ ည(၁၁)နာရီကျော်တွင် ကျိုင်းတုံမြို့မ ရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရှိရသည်။

Read More »

ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလာမှုများခြင်းနှင့်အတူ ဆင်ဆာကျပြီး ရုံတင်မည့် ကား(၁၇၀)ရှိဟု ရုပ်ရှင် အစည်းအရုံး ဒုတိယ ဥက္ကဌ ဦးအေးကြူလေးပြောဆို

  မဟာ(မြစ်မခ) ရန်ကုန်၊ ဇွန် ၅ ရက်။ လက်ရှိ ရုပ်ရှင်နှင့် ဗီဒီယိုလောကအတွင်း ဗီဒီယိုလောကအခြေအနေ မငြိမ်မသက်ဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကား များ ပြန်လည်ဦးမော့လာခြင်းနှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံးမှ ဒုတိယ ဥက္ကဌ ဦးအေးကြူလေးကို တွေ့ဆုံမေးမြန်းခဲ့သည်။ 

Read More »

ကျောင်းဖွင့်ရာသီအရောက် လားရှိုးဆိုင်ကယ်ဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ်လာ

နောင် (မြစ်မခ) လားရှိုး၊ ဇွန် ၅ ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးဆိုင်ကယ်ဈေးကွက်မှာ ကျောင်းဖွင့်ရာသီရောက်လာခြင်းကြောင့် ပုံမှန်အ ရောင်းအဝယ်ဖြစ်လာကြောင်း ဆိုင်ကယ်အရောင်းဆိုင်များထံမှ သိရသည်။ ကျောင်းပိတ်ချိန်များတွင် အရောင်းအဝယ်နည်းခဲ့သည့်ဆိုင်ကယ်ဈေးကွက်မှာ ကျောင်းများစတင်ဖွင့်လှစ်ချိန် ဇွန်လတွင် ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လာကြောင်း ဆိုင်ကယ်ဝယ်ရောင်းလုပ်ကိုင်သူ ကိုခိုင်ဝင်းကပြော သည်။

Read More »

မူဆယ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုကြောင့် တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

  နောင် (မြစ်မခ) လားရှိုး၊ ဇွန် ၂ ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၌ ဇွန် ၂ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှု ဖြစ်ပွားသောကြောင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့အစည်းများထံမှ  သိရှိရသည်။

Read More »

မန္တ​လေးမြို့တွင်​ လျှပ်​စစ်​မီးမကြာခဏပြတ်​​တောက်ခြင်းအတွက်​ အရန်​ဓာတ်​အားလိုင်းများ တိုးချဲ့မည်

မင်းခန့်​ (မြစ်မခ) မန္တလေး၊ ဇွန် ၂ ရက်​​။ မန္တလေးတိုင်း​ဒေသကြီးတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ပါက အချိန်မီပြန်လည်ပေးပို့နိုင်ရန်  အတွက်​ အရန်​ဓာတ်​အားလိုင်းများ လုပ်​​ဆောင်​​သွားမည်ဖြစ်ကြောင်း မန္တ​လေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်​စစ်​၊ စွမ်းအင်​နှင့်​ ​ဆောက်လုပ်​​ရေးဝန်​ကြီး ဦးဇာနည်​​အောင်​ထံမှ သိရှိရသည်။ “မန္တလေးတိုင်းမှာ လျှပ်စစ်ဓာတ်အားနဲ့ပတ်သက်ပြီးတော့ ပြည်သူကို အရှိအတိုင်းသိစေချင်တယ်။ လျှပ်​စစ်​မီး​တွေ မကြာခဏ ပြတ်​​တောက်​တာတွေဖြစ်​​နေတဲ့အတွက်​ ကျွန်တော်တို့အ​နေနဲ့ ပြည်​သူ​တွေကို ​တောင်းပန်ပါ တယ်။ တကယ်​ဆိုရင်​ ကျွန်​​တော်​တို့အ​နေနဲ့ လျှပ်​စစ်​မီးကို မျက်​​တောင်​ ​တောင်​ မခတ်​​စေချင်​ပါဘူး။ ဒီအတွက်​ အရန် ဓာတ်​အားလိုင်းတွေကိုလည်း တိုးချဲ့ဆောင်​ရွက်​​နေပါတယ်​။ ပြည်သူက​တော့ နားလည်ပြီးသားပါ။ ကျွန်တော်တို့ နိုင်ငံမှာ လျှပ်စစ်ဓာတ်အားမလုံလောက်တဲ့အတွက်ကိုလည်း အရှိကို အရှိအတိုင်း၊ သိ​စေချင်​ပါတယ်။”ဟု ဝန်​ကြီး ဦး​ဇာနည်​​အောင်​က ပြောသည်​။

Read More »