Thursday , November 30 2017
Home / FNews (page 3)

FNews

ကော့သောင်းမြို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့် ကုမ္ပဏီကို တင်ခါခေါ်ယူရန် စီစဉ်နေ

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ နိုဝင်ဘာ(၁၄)ရက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည့် ကုမ္ပဏီကို တိုင်းဒေသကြီး အသေးစားနှင့် အလတ်စား လျှပ်စစ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်ဒါ ခေါ်ယူရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။ “ပြည်သူများဓာတ်အာားခ ဈေးနှုန်းသက်သာစွာ ဓာတ်အားသုံးစွဲနိုင်ရေး ပုဂ္ဂလိက အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဒေသခံလုပ်ငန်းရှင်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ် ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တနင်္သာရီအစိုးရအဖွဲ့မှ ကော့သောင်းမြို့ လျှပ်စစ်ဓာတ်အားထုတ် လုပ်ဖြန့်ဖြူရေးလုပ်ကိုင်ခွင့်အား တိုင်းဒေသကြီး အသေးစားနှင့် အလတ်စား လျှပ်စစ်ဥပဒေ၊ နည်းဥပဒေ၊ လုပ် ထုံးလုပ်နည်းများနှင့် အညီတင်ဒါခေါ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။”ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး …

Read More »

Facebook ပေါ်ကိုယ့်ရဲ့ လူမြင်မတင့်တယ်တဲ့ဓါတ်ပုံတွေ မပျံ့နှံ့စေမယ့်နည်းလမ်းကို Facebook ထုတ်ဖော်

  သမီးရည်းစားအချင်းချင်း ကွဲကွာသွားကြတဲ့အခါမှာ ငြင်းပယ်ခံလိုက်ရသူဟာ မကျေမချမ်းဖြစ်ပြီး လက်စားချေတဲ့အနေနဲ့ သူနဲ့ကွဲကွာသွားတဲ့ချစ်သူရဲ့ အဖော်အချွတ်ဓါတ်ပုံတွေ၊ လူအမြင်မတင့်တယ်တဲ့ ဓါတ်ပုံတွေကို လူမှုကွန်ယက်တွေပေါ်မှာ တင်လေ့ရှိကြပါတယ်။ ဒီလိုမျိုး ဓါတ်ပုံတွေကို တစ်ယောက်ယောက်က တင်မှာကို ကြိုတင်ကာကွယ်ထားနိုင်မယ့် နည်းလမ်းတစ်ခုကို Facebook က ထုတ်ဖော်ပြောပြခဲ့ပါတယ်။

Read More »

(၁၈)နိုင်ငံမှ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများ ကုန်စည်ပြပွဲကို ရန်ကုန်မြို့၌ နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပမည်

  ယမုံ (မြစ်မခ) ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက်။ (၁၈)နိုင်ငံမှ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများ၊ ဆေးရုံသုံးအထောက်အကူပြုပစ္စည်းများနှင့် ဓာတ်ခွဲခန်းသုံး ပစ္စည်းဆိုင်ရာကုန်စည်ပြပွဲကို ရန်ကုန်မြို့ရှိ Myanmar Event Park (MEP) ၌ ကျင်းပသွားမည်ဖြစ်ကြောင်း AMB Tars us Events Group မှ သိရှိရသည်။ အဆိုပါပြပွဲကို နိုဝင်ဘာ ၂၃ ရက်မှ  ၂၅ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ Sule Square ၌ နိုဝင်ဘာ ၉ ရက်ကကျင်းပပြုလုပ်သည့် MEDEX & MYANLAB 2017 ပြပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Read More »

UEHRD ၏ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့(၉)ဖွဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သွားရောက် တွေ့ဆုံမည်

  ယမုံ (မြစ်မခ) ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုး ရေးစီမံကိန်း(UEHRD)၏ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့(၉)ခုက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နိုဝင်ဘာ ၁၅ ရက်တွင် သွားရောက်တွေ့ဆုံကာ ရခိုင်ပြည်နယ်တွင် ပြန်လည်ထူထောင်ရေးကိစ္စများကို ညှိနှိုင်းသွားမည်ဖြစ်ကြောင်း UEHRD မှသိရသည်။

Read More »

တစ်ရက်ကို ပေါင် ၄၅၀၀၀ ကျော်အထိ ၀င်ငွေကောင်းခဲ့တဲ့ အဆိုတော် Adele

  Rolling in the deep ၊ Hello စတဲ့ သီချင်းတွေနဲ့အတူ ပရိတ်သတ်တွေရဲ့ အားပေးမှုအများအပြားကို လက်ခံရရှိခဲ့တဲ့ အဆိုတော် Adele ဟာ ၂၀၀၁၆ ခုနှစ်ထဲမှာတော့ တစ်ရက်ကို စုစုပေါင်းဝင်ငွေ ပေါင် ၁၆.၅ သန်း အထိ ရရှိခဲ့ကာ သူမရဲ့ ၀င်ငွေဟာ တစ်ရက်ချင်းစီကို ပေါင် ၄၅၀၀၀ ကျော်ရှိခဲ့ပါတယ်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ ကမ္ဘာလှည့်ဖျော်ဖြေမှုမှာ အောင်မြင်ခဲ့တာကြောင့် သူမရဲ့ ၂၀၁၆-၂၀၁၇ ခုနှစ် ၀င်ငွေဟာ မနှစ်ကထက် ပိုလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

Read More »