Wednesday , September 27 2017
Home / FNews (page 20)

FNews

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပဲခူးတွင် အလှူဒါနများပြုလုပ်

မျိုးမြတ် (မြစ်မခ) ပဲခူး၊ ဇွန် ၁၉ ရက်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၂)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရွှေမော်ဓောဘုရားပေါ်တွင် ပဲနံပြားလှူဒါန်းခဲ့ပြီး NLD လူငယ်အဖွဲ့က ပဲခူးအ ကျဉ်းထောင်တွင် ကြက်သားဟင်းနှင့် ပဲကုလားဟင်းလှူဒါန်းမှုတို့အား ဇွန် ၁၉ ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

Read More »

ဒေါ်ဆွေဇင်ထိုက် ဦးဆောင်သင်ကြားသည့် ဒုတိယအကြိမ် ဇာတ်ညွန်းရေးသားနည်းသင်တန်း ပို့ချ

ထွယ်ဆန်(မြစ်မခ) ရန်ကုန်၊ ဇွန် ၁၉ ရက်။ Pen Myanmar မှ စီစဉ်၍ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်ဦးဆောင်သင်ကြားသည့် ဒုတိယအကြိမ် ဇာတ်ညွန်း ရေးသားနည်းသင်တန်းအမှတ်စဉ် ၁/၂၀၁၇ ကို ဇွန် ၁၇ ရက်မှ စတင်၍ စက်တင်ဘာလနောက်ဆုံးပါတ်ထိ တော်ဝင်စင်တာရှော့ပင်းမောလ်တွင် သင်ကြားပေးနေကြောင်း Pen Myanmar မှ သိရှိရသည်။ “ဇာတ်ညွန်းပိုင်းက ဒီဖက်မှာ အားနည်းနေတာကိုတွေ့နေရတယ်။ မြန်မာရုပ်ရှင်က ၁၉၂၀ မှစခဲ့ပြီး ၂၀၂၀ ခုနှစ် ဆို နှစ်တရာပြည့်ပြီနှစ်တရာလောက်အထိ ဖြတ်သန်းလာခဲ့ပေမယ့် ဇာတ်ညွန်းရေးဟန်တွေက ထူးထူးခြားခြား ပြောင်းလဲလာတာမရှိဘူး။ ဒီသင်တန်းကို ဆရာမ ဒေါ်ဆွေဇင်ထိုက်က လုပ်ချင်တယ်ဆိုတာနဲ့ ကျွန်တော်တို့က ပံ့ပိုးပေးတာပါ။” ဟု Pen Myanmar …

Read More »

မြန်မာနိုင်ငံတွင် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်းစီမံချက်တွင် အရပ်ဖက်အဖွဲ့ အစည်းများ ပါဝင်ရန်ဆွေးနွေး

မောင်မောင်ငြိမ်း (မြစ်မခ) ဘားအံ၊ ဇွန် ၁၉ ရက်။ မြန်မာနိုင်ငံတွင် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်း (FLEGT) စီမံချက်တွင် အရပ်ဖက်လူမှု အဖွဲ့အစည်းများ ပါဝင်နိုင်ရေးအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ဘားအံမြို့၊ သုမေဓာ ရာမ ဘုန်းတော်ကြီးကျောင်း၌ ဇွန် ၁၇ ရက်မှ ၁၈ ရက်အထိပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် သစ်အလွန်အကျွံထုတ်လုပ်ခဲ့ခြင်း၊ မြေအသုံးချမှုပြောင်းလဲခြင်းတို့ကြောင့် သစ်တောများ ပျက် စီးပြုန်းတီးကာ သစ်တောအတန်းအစားကျခြင်းတို့မှ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများ၊ လူမှုစီး ပွားရေးဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်ခြင်းကြောင့် ဥရောပသမဂ္ဂမှ ချမှတ်ခဲ့သည့်(FLEGT)လုပ်ငန်းစဉ်များကို မြန် မာနိုင်ငံတွင် စတင်အကောင်အထည်ဖော်ရန် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

Read More »

လားရှိုးမြို့တွင် သတင်းမီဒီယာလွတ်လပ်ခွင့်ရရှိရေး ရှမ်းမြောက် သတင်းမားများ ပူးပေါင်းကာ လက်ပတ်ဖြူ လှုပ်ရှားမှု စတင်

နောင် (မြစ်မခ) လားရှိုး၊ ဇွန် ၁၆ ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ မြန်မာတစ်နိုင်ငံလုံးတွင် သတင်းမီဒီယာလွတ်လပ်ခွင့်ရရှိရေး၊ လွတ် လပ်စွာ သတင်းရယူရေးသားခွင့်ရရှိရေးအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သတင်းသမားများ ပူးပေါင်းကာ လက်ပတ်ဖြူလှုပ်ရှားမှုကို ဇွန် ၁၆ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ သတင်းသမားများ သတင်းရယူရာတွင် လွတ်လပ်စွာရယူနိုင်ရေးနှင့် ဆက်သွယ်ရေးပုဒ်များဖြင့် အရေးယူခံ ရခြင်းများနှင့်ပတ်သက်၍ လက်ပတ်ဖြူလှုပ်ရှားမှုကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရုံးခန်းဖွင့်ပွဲနှင့် တစ်နှစ်ပြည့် အခမ်းအနား ကျင်းပ

မျိုးသက်ဦး (မြစ်မခ) ပုသိမ်၊ ဇွန် ၁၆ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရုံးခန်းဖွင့်ပွဲနှင့် သမဂ္ဂတစ်နှစ် ပြည့်အခမ်းအနားကို ဇွန် ၁၆ ရက်တွင် ပုသိမ်နည်းပညာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့် လူမှုရေးဝန်ကြီး ဒေါ်လှမြတ်သွေး နှင့် ၈၈ ငြိမ်းပွင့်မှ ဦးကိုကိုကြီးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »