Thursday , November 30 2017
Home / FNews (page 2)

FNews

အခြေခံပညာကျောင်းများတွင် လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာများ အသိပညာပေးလုပ် ဆောင်ရန်စီစဉ်

  ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ နိုဝင်ဘာ ၂၂ ရက်။ အခြေခံပညာစာသင်ကျောင်းများတွင် လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဥပဒေအကြောင်း များကို ကလေးများအတွက် အသိပညာပေးဟောပြောခြင်းများလုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးထံမှ သိရှိရသည်။ “စာသင်ကျောင်းတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေအားတဲ့ အချိန် ကလေးတွေလည်း စာမေးပွဲတွေမနီး သေးတဲ့အချိန်လောက်မှာ လွှတ်တော်နဲ့ပတ်သက်တဲ့အကြောင်း၊ ဥပဒေနဲ့ပတ်သက်တဲ့အကြောင်း၊ အတွေ့ အကြုံလေးတွေကိုဖြန့်ဝေပေးပြီးတော့ လွှတ်တော်ခေါ်တဲ့ပုံစံကို လက်တွေ့လေ့လာခိုင်းမလို့ အစီအစဉ်တွေ တော့ ရှိပါတယ်။”ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောသည်။

Read More »

ပုသိမ်မြို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးအပြီး (၄)တန်းကျောင်းသူတစ်ဦးသေဆုံး

  မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ နိုဝင်ဘာ ၂၂ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၄)တန်းကျောင်းသူတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးထိုးပြီးနောက် မူးဝေအော့အန်ကာ နိုဝင်ဘာ ၂၁ ရက်က သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။ ပုသိမ်မြို့ရှိ အ.ထ.က တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် (၄)တန်းကျောင်းသူ မရှင်းသန့်ဝေသည် နိုဝင်ဘာ ၂၀ ရက်နေ့က ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးအပြီးမကြာမီ ခေါင်းမူး၍ ကိုယ်ပူ လာသဖြင့် အတန်းပိုင်ဆရာမက မိဘများကို ဖုန်းဆက်ခေါ်ကာ ကျောင်းမှ အိမ်သို့ပြန်ခေါ်စေခဲ့ကြောင်း သိရသည်။

Read More »

ဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ်များ ပြပွဲ (၂)ရက်တာကျင်းပမည်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက်။ မြန်မာနိုင်ငံမှ ကားဝါသနာရှင်များ စုဆောင်းထားသည့် ကားပုံစံငယ် (Diecast Scale Model)များကို အများပြည်သူ လေ့လာနိုင်စေရန် ပြပွဲပြုလုပ်၍ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း Myanmar Diecast Collectors အဖွဲ့ထံမှ သိရှိရသည်။ အဆိုပါကားပုံစံငယ်များကို ရန်ကုန်မြို့၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ Thuwunna Bhumi Event Park ၌ နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပြုလုပ်မည့် မော်တော်ယာဉ်အရောင်းပြပွဲ (Cars DB Auto Show 2017)တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

အရေးအခင်းကာလများတွင် နောက်ကွယ်မှ ရုန်းကန်ခဲ့ကြသူများကို မမေ့စေလိုသဖြင့် “မုန်တိုင်းကို ရင် ဆိုင်ကြသူတွေ” ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးထုတ်လွှင့်

  မြစ်မခ ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက်။ အရေးအခင်းကာလများတွင် နောက်ကွယ်မှ ရုန်းကန်ခဲ့ကြသူများကို မမေ့စေလိုသဖြင့် ပြန်လည်အမှတ်ရစေရန် “မုန်တိုင်းကို ရင်ဆိုင်ကြသူတွေ” ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးထုတ်လွှင့်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ယင်းဇာတ်ကားထုတ်လုပ်သူ မြစ်မခမီဒီယာဂရုမှ သိရသည်။ အဆိုပါဇာတ်လမ်းတွဲတွင် ၁၉၉၀ ရွေးကောက်ပွဲ၊ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် အခြားပဋိပက္ခဖြစ်စဉ်များကိုပါ ထည့်သွင်းရိုက်ကူးထားကြောင်း သိရသည်။

Read More »

မောင်တောမြို့နယ် ကျောက်ပန္တုကျေးရွာအနီး ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူတစ်ခု ထပ်မံတွေ့ရှိ

  မြစ်မခ နေပြည်တော်၊ နိုဝင်ဘာ ၁၄ ရက်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာ၏ တောင်ဘက် မီတာ ၃၀၀ ခန့်အကွာ၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများပြုလုပ်ထားသည့် လိုဏ်ဂူ တစ်ခုအား နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

Read More »