Sunday , September 24 2017
Home / FNews (page 10)

FNews

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးအောင်စိုးမိုးကို အတည်ပြုခန့်အပ်

မင်းအောင်မြင် (မြစ်မခ) ရန်ကုန်၊ ဇူလိုင် ၁၀ ရက်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးအောင်စိုးမိုးကို ပြောင်း လဲခန့်အပ်ရာ၌ ကိုယ်ရေးအကျဉ်းတွင် ဘွဲ့ထူး၊ ဂုဏ်ထူး၊ ရာထူးများ မပါဝင်ဘဲ မပြည့်စုံခြင်းများရှိနေသည်ဟု ထောက်ပြခြင်းများရှိခဲ့သော်လည်း အတည်ပြုခန့်အပ်လိုက်ကြောင်း သိရှိရသည်။ အဆိုပါ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးခန့်အပ်ခြင်းကို ဇူလိုင် ၁၀ ရက်တွင်ကျင်းပသည့် ဒုတိယအကြိမ်ရန် ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ်အစည်းအဝေး(၁/ ၂၀၁၇) ပထမနေ့တွင် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

Read More »

ပေါင်မြို့နယ်အတွင်း အသားတိုးကြက် ဖောက်သည်ယူဈေး ပြန်လည် မြင့်တက်သဖြင့် ကြက်မွေးမြူရေး လုပ်ကိုင်သူများ အဆင်ပြေလာ

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဇူလိုင် ၁၀ ရက်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ဇွန်လကုန်ပိုင်းမှ စတင်၍ အသားတိုးကြက်ဖောက်သည်ယူဈေး ပြန်လည်မြင့် တက်လာသဖြင့် အသားတိုးကြက်မွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းအဆင်ပြေလာကြောင်း ပေါင်မြို့ နယ်ရှိ ကြက်မွေးမြူရေးလုပ်ကိုင်သူများထံမှ သိရှိရသည်။ ဒေသတွင်း စားသုံးမှုမြင့်လာပြီး ဝယ်လိုအားများလာသဖြင့် ဖောက်သည်ဈေးမြင့်လာကာ ကြက်သားဈေး ကောင်းမွန်ရလာခြင်းဖြစ်ကြောင်း အသားတိုးကြက်မွေးမြူရေးလုပ်ကိုင်သော ပေါင်မြို့နယ်၊ ကဒုံစီးရပ်နေ ဦးမောင်က ပြောသည်။

Read More »

သထုံခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကူညီထောက်ပံ့နိုင်ရန် အိမ်ထောင်စု (၅၀၀) အတွက် ကြိုတင်ပြင်ဆင်ထား

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဇူလိုင် ၇ ရက်။ မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်များတွင် သဘာဝဘေးအန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ကူညီထောက်ပံ့နိုင်ရေး အိမ်ထောင်စု(၅၀၀)စာ ကြိုတင်ပြင်ဆင် ထားကြောင်း သထုံခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးမှ သိရှိရသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများခံစားကြရသည့် ပြည်သူများ အဆင်ပြေစေရန်နှင့် အ ချိန်မီထောက်ပံ့နိုင်ရေး ကြိုတင်ပြင်ဆင်ထားရခြင်းဖြစ်ကြောင်း သထုံခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက ပြောသည်။

Read More »

ထိုင်းမှ ပြန်လာသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများကိုကူညီပေးရန် ကျပ်သိန်း(၅၀)အဆင်သင့်ထားရှိဟုဆို

  ပိုင်ထက်(မြစ်မခ) ရန်ကုန်၊ ဇူလိုင် ၇ ရက်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှတဆင့် ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများကို နေရပ်ပြန်နိုင်ရေးနှင့် လိုအပ်သည့် ပံ့ပိုးမှုတွေပြုလုပ်နိုင်ရန် ငွေကျပ်သိန်း(၅၀)အဆင်သင့်ထား ရှိထားကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရှိရသည်။

Read More »

ရခိုင်ပြည်နယ်တွင် တစ်သောင်းတန်အတုများ ပြန့်နှံ့နေခြင်းကြောင့် ဒေသခံများ ဆုံးရှုံးနစ်နာမှုရှိနေ

ပန်​လှ​အောင်​(မြစ်​မခ) မင်းပြား၊ ဇူလိုင်​ ၇ ရက်​။ ရခိုင်​ပြည်​နယ်​တွင်​ တစ်​​သောင်းတန်​​ ငွေစက္ကူအတုများ ​များစွာပြန့်နှံ့​နေခြင်း​ကြောင့်​ မြန်မာ့လယ်ယာဖွံဖြိုးရေး ဘဏ်​သို့ ​ချေး​ငွေလာဆပ်​​သည့် တောင်​သူများ ငွေစက္ကူအတုမိကာ နစ်​နာဆုံးရှုံးမူများရှိ​နေ​ကြောင်း ​တောင်သူ များထံမှ သိရှိရသည်​။ ဒေသခံ​တောင်​သူများသည် ဘဏ်​​ချေး​ငွေဆပ်​ရန်​ စပါး၊ ကျွဲ၊ နွား​၊ သစ်နှင့်​​ ရွှေထည်ပစ္စည်း​များ ရောင်းချ၊​ ပေါင်နှံ ရာမှ ရရှိလာသည့် ငွေစက္ကူများဖြင့် ချေးငွေလာဆပ်ရာတွင် အတုများပါရှိသည်ကို တွေ့ရှိနေရကြောင်း သိရသည်။

Read More »