Friday , March 9 2018
Home / FNews

FNews

ကျိုက်ထီးရိုးတောင်ပေါ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများအား ငွေဒဏ်နှင့် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဒီဇင်ဘာ ၂၁ ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်ပေါ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ပညာပေး စည်းရုံးပြီးပါက ဒဏ်ငွေဆောင်ခိုင်းခြင်း၊ ဆိုင်ပိတ်သိမ်းသည်အထိအရေးယူခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့မှ သိရှိရသည်။ ကျိုက်ထီးရိုးတောင်ပေါ်ရှိ နေ့စဉ်ထွက်ရှိသော အမှိုက်များအား စနစ်တကျစွန့်ပစ်နိုင်ရေး မုဆိုးတောင်၌ နေရာ သတ်မှတ်ပေးထားသော်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိနေခြင်းကြောင့် ပညာပေးစည်းရုံးရေးများ လုပ်ဆောင်ရန်စီစဉ်နေကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင် ဦးစိုးနောင်ဦးက ပြောသည်။ “ကျွန်တော်တို့ ဂေါပကအဖွဲ့ တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ ဈေးတန်းပတ်ဝန်းကျင်မှာ နေရာလေးသတ်မှတ်ပြီး အမှိုက်တွေကို စွန့်ပစ်ဖို့လုပ်သေးတယ်။ ဒါပေမဲ့ ဒီဇင်ဘာလို ဘုရားဖူးများတဲ့ကာလတွေမှာဆို အမှိုက်ထွက်တာ လည်းများတော့ အမှိုက်ကထွက်တဲ့အနံတွေက ရင်ပြင်တော်ပေါ်ထိရောက်လို့ မခံနိုင်ဘူး။ …

Read More »

GrabTaxi ဂိတ်များကို ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနှင့် ပူးပေါင်း၍ ဈေးဝယ်စင်တာများနှင့် ရုံးအဆောက်အဦးများတွင် ထားရှိ

ကြယ်စင်လင်း (မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက်။ Grab က ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနှင့်ပူးပေါင်း၍ ရန်ကုန်မြို့ရှိဈေးဝယ်စင်တာများနှင့် ရုံးအဆောက် အဦးများတွင် Grab Taxi ဂိတ်များ ထားရှိပြီးဖြစ်ကြောင်း Grab Myanmar က ဒီဇင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ Grab ဂိတ်များကို Junction 8၊ Junction City၊ Junction Square၊ Junction Mawtin နှင့် Junction Zawana ဈေးဝယ်စင်တာများနှင့် Junction City Tower၊ Union Business Centre၊ Union Financial Centre အဆောက်အဦးများတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

Read More »

မန္တလေးဈေးချို တတိယထပ်နှင့် စတုတ္ထအထပ်ရှိ လစ်လပ်နေသည့် ဆိုင်ခန်းများ ငှားရမ်းလိုပါက မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပေးမည်

မင်းခန့် (မြစ်မခ) မန္တလေး၊ ဒီဇင်ဘာ ၈ ရက်။ မန္တလေးဈေးချိုတော်၏ တတိယထပ်နှင့် စတုတ္ထအထပ်ရှိ လစ်လပ်နေသည့် ဆိုင်ခန်းများကို ငှားရမ်းဖွင့်လှစ် မည်ဆိုပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ယင်း ကော်မတီမှ သိရှိရသည်။

Read More »

ပုံမှန်မဟုတ်တဲ့ဓမ္မတာအရောင်ကပြောတဲ့ အမျိုးသမီးကျန်းမာရေး

  မအင်္ဂါကနေ ဘယ်လို အရည်မျိုးပဲ ထွက်ထွက် မအီမသာဖြစ်စေပြီး စိတ်ပူပန်မှုကို ဖြစ်စေပါတယ်။ တချို့ဖြစ်စဉ်တွေကတော့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပေမယ့် တချို့တော့ ကျန်းမာရေးပြသနာတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တိုင်း ပြသနာတစ်ခုခုရှိတယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် အမျိုးသမီးတွေ ဘယ်လို ဓမ္မတာလာခြင်းဟာ ဘယ်လိုကျန်းမာရေးပြသနာရှိစေတယ်ဆိုတာကိုတော့ ခွဲခြားသိဖို့လိုအပ်ပါတယ်။ မအင်္ဂါက ထွက်တဲ့ အရည်ဟာ တခါတရံမှာ ကြည်လင်ပြီး ရိုးရိုးရေနဲ့ ဆင်တူပါတယ်။ ၀ါစိမ်းရောင်လည်းရှိနိုင်ပြီး နို့လိုမျိုးအဖြူရောင်လည်းဖြစ်နိုင်ကာ ဒိန်ချဉ်နဲ့လည်း တူနိုင်ပါတယ်။ ဒီအရောင်တွေဟာ ဘာကိုဆိုလိုတယ်ဆိုတာကို နားလည်ခြင်းအားဖြင့် ပြသနာတစ်ခုခုရှိ မရှိကို သိနိုင်ပြီး ပြသနာရှိခဲ့ရင်လည်း အကောင်းဆုံးကုသနိုင်မှာပါ။ အဖြူရောင် မအင်္ဂါက ပုံမှန်ထွက်တဲ့ အရည်ဟာ အကြည်ရောင်ဖြစ်နိုင်သလို နိုနှစ်ရောင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဖြူရောင်စစ်စစ် ထွက်မယ်ဆိုရင်တော့ …

Read More »

လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစု ပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံ မှ သိရှိရသည်။ “စစ်ဘေးသင့်ပြည်သူတွေထဲကမှ လုံးဝမိဘမဲ့ကလေးသူငယ်တွေအတွက် ပြုပြင်ပျိုးထောင်ရေး ဂေဟာ တည်ဆောက်သွားဖို့ လုပ်နေတာပါ။ အခုတော့ မြေနေရာရရှိလို့ စတင်ပြီးတော့တည်ဆောက်နေပါပြီ။’’ ဟု ဖြစ်မြောက်ရေးကော်မတီဝင် ဦးသော်တာထိုက်ကပြောသည်။

Read More »