Saturday , September 23 2017
Home / ဗေဒင် (page 5)

ဗေဒင်

၂၂.၁.၂၀၁၆ မှ၂၈.၁.၂၀၁၆အထိ ၇ရက်သားသမီးဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင် (Gold-Medalist) တနင်္ဂနွေ ပျော်ရွှင်သောခရီးများထွက်ဖြစ်မည်။မမျှော်လင့်ဘဲစိတ်ချမ်းသာမှုသတင်းကောင်းကြားရမည်။ရှုပ်နေတာတွေရှင်းနေမည်။မရည်ရွယ်ဘဲခရီးထွက်ဖြစ်မည်။ရည်းစား၊ချစ်သူအသစ်တွေ့မည်။မိဘသားချင်းတို့အိမ်နေရာ၊အလုပ်တစ်ခုခုပြောင်းလဲံမှုဖြစ်မည်။ထီပေါက်သလိုငွေရမည်။ကျန်းမာရေးနည်းနည်းဂရုစိုက်ပါ။ အကျိုးပေးဂဏန်း         –   ၉၊၆၊၈ အထူးဟော               –   သင်ကံကောင်းလာလိမ့်မည်။ ယတြာ                     –   တနင်္ဂနွေနေ့နံနက်မှာကလေးတွေကိုချိုချဉ်ဝေလိုက်ပါ။

Read More »

၁၅-၁-၂၀၁၆ မှ ၂၁-၁-၂၀၁၆ ထိ ၇ရက်သားသမီးဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင် ( Gold-Medalist) တနင်္ဂနွေ သူတစ်ပါး၏ လှည့်စားမှုကြုံလိမ့်မည်။ အတိုက်အခံပြုသူကို သတိထားပါ။ ဆက်တိုက် အနှောင့်အယှက်ပြုလိမ့်မည်။ ကံစမ်းသောမဲများ၊ ကုမ္ပဏီများရဲ့ ဆုမဲများ သင်ပေါက်လိမ့်မည်။ ချစ်သူရဲ့ ဖောက်ပြန်မှု ပြုလိမ့်မည်။ ရည်ရွယ်ချက်များ ပြောင်းလဲမှုဖြစ်မည်။ အခြားနေရာ ၊ အခြားအိမ် ၊ အခြားအလုပ် ပြောင်းရွှေ့မှုဖြစ်မည်။ မိသားစုအရေး မဆိုင်သူက အနှောင့်အယှက်ပြုလိမ့်မည်။ အကျိုးပေးဂဏန်း ၃၊ ၉၊ ၆ အထူးဟော –   အရာရာကို ရဲ့ဝံ့စွာ ဖြေရှင်းပြောဆိုပါ။ ယတြာ – အိမ်က ဘုရားကို တနင်္ဂနွေနေ့ နံနက်တွင် အုန်းပန်းကပ်ပါ။

Read More »

၅.၁.၂၀၁၆ မှ ၁၁.၁.၂၀၁၆  အထိ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ စိတ်လေနေမည်။ ရည်ရွယ်ချက်တွေများနေမည်။ကိုယ်ဒူးကိုယ်ချွန် ကြိုးစားချင်စိတ်ကြောင့် မတိုင်ပင်ဘဲလျို့ဝှက် လုပ်ခြင်းတွေများမည်။ ကျွန်ုပ်ကံကောင်းသည် ဟုပြောသောသူတို့က လွတ်လပ်စွာမတိုင်ပင်ပဲလုပ်ပါ လွန်စွာချမ်းသာ ကြွယ်ဝမည်ဖြစ်ပါသည်။ ညံ့ပါသည်ဟုဆိုတော့ သူတို့ကတော့ လုံးဝ မလုပ်သင့်သေးပါ။ လုပ်လျှင် ရှုံးပါမည်။ အတိုက်အ်ခံတွေများနေမည်။ လူယုံမထားသင့်သေးပါ။ စီးပွားရေးလုပ်ငန်းများလုပ်ငန်းသစ်များလုပ်ရတတ်ပါတယ်။ စက် ၊ မြေ ၊ အိမ် ပြောင်းလဲ မှု့များ ကြုံပါမည်။ အချစ်ရေးအဆင်ပြေပါမည်။ အကျိုးပေးဂဏန်း         –   ၁၊၆၊၈ အထူးဟော               –   ကံကောင်းပါသည်။ ယတြာ                     –   တနင်္ဂနွေနေ့နံနက်တွင်အိမ်ဘုရားကိုအုန်းဆွမ်းကပ်လှူပါ။

Read More »

၂၉.၁၂.၂၀၁၅ မှ ၄.၁.၂၀၁၆ အထိ ၇ ရက် သားသမီးဟောစာတမ်း

တနင်္ဂနွေ စိတ်ပျော်ရွှင်မှု့ ၊ စိတ်လန်းဆန်းမှုများ ဖြစ်လာလိမ့်မည်။ လွတ်လပ်ပျော်ရွှင် သော ခရီးလမ်းတစ်ခု ကိုလည်း သွားဖြစ်မည်။ အမှတ်တရ လက်ဆောင်ရသော ( သို့မဟုတ်) ကောက်ရသော ထီလက်မှတ် မှ ပေါက်မဲရ၍ ထီပေါက်လိမ့်မည်။ ချစ်သူ ၂ ဦး တစ်ပြိုင်နက် ပေါ်မည်။ အထင်မြင်လွဲစရာ တစ်ခု နှင့် ပြစ်တင်ခံရမှု့ တစ်ခုတော့ ဖြစ်လာမည်။ ပြောင်းရွှေ့ မှု့ နှင့် ပြောင်းလဲမှု့ တစ်ခု မုချ ဖြစ်လာမည်။ ဒါပေမဲ့ တစ်ခုတော့ သင်ဂရုစိုက်ပါ။ တစ်ဦးတစ်ယောက်သော သူက သင့်ကို လှည့်စားမှု့ ပြုလာမည်။ သတိတော့ ထားနေပါ။ အကျိုးပေးဂဏန်း –   ၁ ၊ …

Read More »

၂၂-၁၂-၂၀၁၅ မှ ၂၈-၁၂-၂၀၁၅ ထိ ၇ရက်သားသမီး ဟောစာတမ်း 

ဒေါက်တာထွန်းလင်း-ဘုတလင် (Gold-Medalist) တနင်္ဂနွေ စိတ်လေနေမည်။ ရည်ရွယ်ချက်များနေမည်။ ဆုံးဖြတ်ချက်တွေမြန်နေမည်။ ချစ်သူအချင်းချင်း ၊ လုပ်တူကိုင်ဖက်ချင်း၊ မိသားစုချင်း၊ သူငယ်ချင်း အချင်းချင်း စိမ်းကွဲမှုများဖြစ်ပေါ်မည်။ အတိုက်အခံများနှင့် ရင်ဆိုင်ရမည်။ အထင်အမြင် လွဲမှားမှုတွေခံရမည်။ ပစ္စည်းပျောက်မည်။ ငွေလိမ်ခံရမည်။ မရည်ရွယ်သောခရီး ထွက်ရမည်။ မမျှော်လင့်ပဲ အိမ်ထောင်ပြုခြင်း၊ စာမေးပွဲအောင်ခြင်း၊ အလုပ်အကိုင်ရခြင်းတို့ ဖြစ်မည်။ အိမ်အပြောင်းအရွှေ့ မြင်သည်။ ကျန်းမာရေး အနည်းငယ် ချုချာမည်။ အကျိုးပေးဂဏန်း ၁ ၅ ၃ အထူးဟော – စိတ်ဓာတ်ကြံ့ခိုင်ပါစေ။ ယတြာ – တနင်္ဂနွေနေ့ နံနက်တွင် တန်ခိုးကြီးဘုရားအား တံခွန်ကုက္ကားအနီတစ်စုံ ကပ်လှူပါ။

Read More »