Friday , June 2 2017
Home / ဗေဒင် (page 30)

ဗေဒင်

၁၂ . ၇. ၂၀၁၃ မှ ၁၈ . ၇. ၂၀၁၃ ထိ ၇ရက်ဟောစာတမ်း

တနင်္ဂနွေ အတွေးသမား အဆွေးသမား စိတ်ကူးယဉ်မား တစ်ယောက်ဖြစ်နေမည်။ တွေးခေါင်ပူပန်တတ်၍ တစ်ခါတစ်လေ စားမ၀င်အိပ်မပျော် ဖြစ်နေမည်။ ကျောင်းနေသူဖြစ်လျှင် စာကြည့်ရင်း စိတ်မငြိမ်ဖြစ်နေမည်။ ရုံးလုပ်နေသူ ဖြစ်လျှင် အလုပ်တစ်ခြား စိတ်တစ်ခြားဖြစ်နေတတ်သည်။ တစ်ခုတော့ ဂရုစိုက်ပါ။ ကားမောင်း ၊ ဆိုင်ကယ်မောင်း လေယာဉ်မောင်းသူတို့ မောင်းနေရင်း စိတ်က တစ်ခြားမရောက်ဖြစ်အောင် ဂရုစိုက်ဖို့သင့်ပါသည်။ ရုတ်တရက် ခိုက်မိမှု့များ ကြုံမည်။ မေ့မေ့ပျောက်ပျောက် ဖြစ်၍ ပစ္စည်းများမေ့ကျန် ရစ်မည်။ ချစ်သူ၏ အပြစ်တင်ခြင်းခံရမည်။ လက်ထပ်မင်္ဂလာ ရုတ်တရက် ကျင်းပဖြစ်မည်။ အလုပ်နေရာအိမ်ပြောင်း အရွှေ့ ဖြစ်မည်။ ကြီးသူတစ်ဦး ချူချာမည်။

Read More »

5 . 7. 2013 မှ 11. 7 . 2013 ထိ၇ရက်ဟောစာတမ်း

တနင်္ဂနွေ အတွေးများနေသည်။ တခါတရံ တွေးခေါင်ပူပင်မည်။ အတွေးသမား၊ စိတ်ကူးယဉ်သမားဖြစ်၍ ပို၍ ဆိုးမည်။ လွတ်လပ်မှုလိုလားသော်လည်း ကိုယ်စိတ်ကိုမပိုင်ဖြစ်မည်။ ကွက်ကျော်ဖြင့် အကဲခတ်ကောင်းသော်လည်း တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချရဲမည်။ ရည်ရွယ်ချက်များသော်လည်း စိတ်တိုင်းမကျဖြစ်နေမည်။ ထီထိုး၊ မဲနိုက် ပြုလုပ်လျှင်ပေါက်မည်။ အလုပ်အတွက်၊ ပညာရေးအတွက် အင်တာဗျူးစာမေးပွဲတွေအောင်မြင်မည်။ ချစ်သူထံမှ မင်္ဂလာသတင်းကြားရမည်။ မိသားစုအတွက် ၀န်ထုတ်၊ ၀န်ပိုး ဖြစ်နေမည်။

Read More »

14.6.2013 မှ 20.6.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ ယခု အချိန်နှင့် ယခင်အချိန် က လုပ်ရပ်များ အဆင်ပြေ အောင်မြင်မှု့ တို့ကြားလာရလိမ့်မည်။ ချစ်သူထံမှ ကောင်းသတင်းကြားရမည်။ အလုပ်ကိစ္စနှင့် ခရီးထွက်ရမည်။ ရန်သူ ၏ တောင်းပန်မှုရမည်။ အခက်အခဲ အထစ်အငေါ့ များပြေပျောက်မည်။ ရှုပ်နေသော အရာများရှင်းနိုင်မည်။ သင်တန်းသွားရတတ်သည်။ ကျန်းမာရေး အနည်းငယ်ချူချာ နိုင်သည်။

Read More »

မတ်လ ၁၅ ရက် မှ ၂၁ ရက်အထိ (၇) ရက်သားသမီး ဟောစာတမ်း

  တနင်္ဂနွေ စိတ်ပြေလက်ပျောက် ခရီးစဉ်လေး တစ်ခု ထွက်ဖြစ်မည်။ အချစ်ရေးအတွက် ခေါင်းရှုပ်ရတတ်သည်။ ရစရာငွေ နှင့် ပေးစရာငွေတို့ ပြောစရာဖြစ်နေမည်။ ဆွေမျိုးသားချင်းကြား ၊ မောင်နှမကြား ၊ ချစ်သူ ၂ ဦးကြား ၊ လင်မယားကြား ဝင်ရှုပ်သလို ဖြစ်၍ ပြဿနာတက်တတ်သည်။ မရည်ရွယ် မစဉ်းစားမိဘဲ လက်ထပ်ဖြစ်မည်။ (သို့မဟုတ်) ခိုးပြေးဖြစ်မည်။ အတိုက်အခံ ပြောရပြီးမှ ငွေရခြင်း ၊ အလုပ်အဆင်ပြေခြင်းတို့ဖြစ်မည်။ အဒေါ် (သို့မဟုတ်) ဦးလေး အတွက် ကျန်းမာရေးဂရုစိုက်ပါ။ အလုပ်ပြောင်းရွှေ့ရမည်။ စာမေးပွဲ ဖြေဆိုနေသူများ အောင်မြင်မှုရမည်။ အပူလောင်ခြင်းထိခိုက်အနာတရ ဖြစ်တတ်၍ ဂရုစိုက်ပါ။ အကျိုးပေးသောနံပါတ်            – ၁၊ ၆၊ …

Read More »