Sunday , May 28 2017
Home / ဗေဒင် (page 3)

ဗေဒင်

၅-၄-၂၀၁၆ မှ ၁၁-၄-၂၀၁၆ ထိ ၇ရက်သားသမီးဟောစာတမ်း

 ဒေါက်တာထွန်းလင်း-ဘုတလင် (Gold-Medalist) တနင်္ဂနွေ စိတ်ကူးထားမှုများနှင့် ရည်ရွယ်ချက်တို့ ထပ်မံပြောင်းလဲမှုဖြစ်မည်။ လုပ်ငန်းများ ခေတ္တရပ်နားမှု ဖြစ်လိမ့်မည်။ ထိခိုက်ရှနာမှု အသေးအဖွဲတို့ဖြစ်မည်။ ကတိမတည်မှုကြောင့် အချစ်ရေး သို့မဟုတ် အပေါင်းအသင်းတို့နှင့် စိတ်ဝမ်းကွဲသလို ခံစားရမည်။ သို့သော် ပြန်ပြေလည်မည်။ လူကြီးပိုင်းနှင့် နားလည်မှုလွဲမှားလိမ့်မည်။ ငွေကြေးကိစ္စ၊ ပစ္စည်းကိစ္စ၊ စကားရှုပ်မည်။ အကျိုးပေးဂဏန်း ၈၊ ၀၊ ၁ အထူးဟော – စိတ်ညစ်စရာကြုံသော်လည်း စိတ်ချမ်းသာမှုရမှာပါ။ ယတြာ – တနင်္ဂနွေနေ့ နံနက်တွင် ဘုရား ရေသက်စေ့ ရေသပ္ပာယ်ပါ။

Read More »

၂၉-၃-၁၆ မှ ၄-၄- ၁၆ အထိ ၇ ရက် သားသမီး ဟောစာတမ်း

ဒေါက်တာထွန်းလင်း -ဘုတလင် (Gold-Medalist) တနင်္ဂနွေ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အကောင်အထည်ဖော်ဖြစ်မည်။ အတိုက်အခံ၊ အထစ်အငေါ့တွေကြုံမည်။ မမျှော်လင့် ပဲ ရုတ်တရက်ထွက်ခွာသွားမည့် ခရီးစဉ်များပေါ်ပေါက်လိမ့်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး ဇာတ်လမ်းတွေရှုပ်မည်။ လူရင်း၊ လူခင်တို့ အထင်အမြင်လွဲမှားလိမ့်မည်။ အလိမ်ခံရသောပစ္စည်းများ၊ ပျောက်နေသောပစ္စည်းများ ပြန်တွေ့ မည်။ ထိခိုက်ရှနာ အသေးအဖွဲဖြစ်ကိန်းရှိ၍ အနည်းငယ်ဂရုစိုက်ပါ။ ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရမည်။ စာမေးပွဲ၊ အင်တာဗျူးများအောင်လိမ့်မည်။ အကျိုးပေးဂဏန်း ၁၊ ၅၊ ၆။ အထူးဟော – လှုပ်ရှားသွားလာမှုများ မြန်ဆန်မည်၊ များပြားမည်။ ယတြာ – တနင်္ဂနွေနေ့နံနက်တွင် အုန်းသီးဆံ ခြောက်ဆံကို အိမ်ဘုရားအားကပ်လှူပါ။

Read More »

၂၂-၃-၁၆ မှ ၂၈-၃-၁၆ ထိ ၇ ရက် သားသမီး ဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင် ( Gold-Medalist) တနင်္ဂနွေ အံ့သြစရာများနှင့် အထိတ်တလန့်ဖြစ်စရာများ ကြုံရတတ်ပါသည်။  ရည်ရွယ်နေသော ကိစ္စများ မဖြစ်လာသေးခင် မမျှော်လင့်သော ကံကောင်းခြင်းများ ကြုံရကိန်းရှိပါသည်။ ထီပေါက်ခြင်း၊ ထီပေါက်သလို ငွေရခြင်းကြောင့် လည်းကောင်း၊ အစုလိုက်အပြုံလိုက်ငွေ၇မည်။ သူများအကျိုးဆောင်ပေး၍ ကိုယ့်အကျိုးအောင်ကိန်းရှိပါသည်။ ကောင်းသောသတင်း ကျော်ကြားမည်။ အချစ်ရေးမှာ ၊ လက်ထပ်ကိန်းရှိသည်။ လူကြီးမိဘတို့၏ ဆန္ဒကို လိုက်လျော ဖြစ်မည်။ အချစ်ဟောင်းနှင့် အဆင်မပြေမှုများ ကြုံမည်။ မရောက်ဖူးသောခရီးများေ၇ာက်ဖြစ်မည်။ ရစရာရှိသော ငွေကြေးတစ်ချို့ ပြန်ရမည်။ လုပ်ငန်းပြောင်းလဲမည်။ လုပ်ငန်းသစ်ရမည်။ ခရီးဝေး သွားဖြစ်မည်။ အကျိုးပေးဂဏန်း ၁၊ ၈၊ ၆ အထူးဟော – အမှတ်တမဲ့မှ အမှတ်တရဖြစ်စရာများ ပေါ်မည်။ …

Read More »

တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူများနှင့် မိဘများအတွက်

ဒေါက်တာထွန်းလင်း-ဘုတလင်( Gold-Medalist) ၂၀၁၆ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်ပြီး ၁၀ တန်းစာမေးပွဲ ဖြေဆိုကြမည်ဖြစ်ပါသည်။ ကျွန်ုပ်အပါအ၀င် အားလုံးရဲ့ စိတ်ထဲမှာ စာမေးပွဲဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားအားလုံး အောင်မြင်ကြပါစေဟု ဆုတောင်းနေကြမည်မှာ မလွဲပါ။ အထူးသဖြင့် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘတို့က ပိုလို့ပင် စိတ်မောနေကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။ အောင်မြင်ပါစေ တစ်နှစ်လုံး စားလည်း သည်စိတ်၊ ထိုင်လည်း သည်စိတ်၊ အိပ်ရာဝင်လည်း သည်စိတ်ပဲ၊ တကုတ်ကုတ်နှင့် ကြိုးစားခဲ့သည်မှာ ယခုစာမေးပွဲကြီးဖြေဆိုမည့် ပထမနေ့သို့ပင် ရောက်ရှိလာပါပြီ။

Read More »

၈-၃-၁၆ မှ ၁၄-၃-၁၆ ထိ ၇ ရက် သားသမီး ဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင် ( Gold-Medalist) တနင်္ဂနွေ စိတ်လေမည်။ ခရီးယာယီ ထွက်ချင်မည်။ ရည်ရွယ်ချက်များမည်။ ရည်းစား၁ယောက်နှင့် အဆင်မပြေဖြစ်မည်။ အအို ၁ယောက် က ဖမ်းစားမည်။ အလိမ်အကောက်ခံရမည်။ ပစ္စည်းကိစ္စ စကားရှုပ် မည်။ အထင်မြင်လွဲ စွပ်စွဲခံရမည်။ ရည်းစား တစ်ယောက် နှင့်လျို့ဝှက် ချစ်မိမည်။ စက်ပစ္စည်း ချို့ယွင်းမည် အလုပ်ကိစ္စ အဆင်ပြေမည်။ စာမေးပွဲ ဖြေနိုင်မည်။ အောင်မည်။ ခြေ ၊ လက်ဂရုစိုက်ပါ။ အကျိုးပေးဂဏန်း ၁၊ ၅၊ ၆ အထူးဟော – သူများ စကားအရမ်းမယုံနှင့်။ ယတြာ – ကန်စွန်းညွန့် ဘုရားကပ်ပါ။ ကိုယ်တိုင်လည်း ဆောင်ပါ။ အောင်မြင်ပါတယ်။

Read More »