Saturday , September 23 2017
Home / ဗေဒင် (page 2)

ဗေဒင်

၃၀-၅-၁၆ မှ ၅-၆-၁၆ အထိ ၇ ရက် သားသမီး ဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင် ( Gold-medalist) တနင်္ဂနွေ အတွေးများနေမည်။ တခါတရံ တွေးပူရတတ်သည်။ လွတ်လပ်မှု့ နှင့် လျို့ဝှက် တတ်မှု့ လိုလားသည်။ စိတ်တွေလေနေသည်။ ကျန်းမာရေး အနည်းငယ် ချူချာချင်သယောင် ဖြစ်မည်။ ငွေဝင်ငွေထွက် မျှနေမည်။ အချစ်ရေး မတင်မကျ ဖြစ်မည်။ အတိုက်အခံ ရှိသည်။ အလုပ်အကိုင် အဆင်မပြေလိုက် ပြေလိုက်ပါဘဲ။ အကျိုးပေးဂဏန်း         – ၁ ၊ ၆ ၊ ၉ အထူးဟော               – လူယုံမထားသင့်ပါ။ ယတြာ                     – ဘုရားနှင့် သံဃာ တွေကို အအေးကပ်ပါ။

Read More »

၁၆-၅-၁၆ မှ ၂၁-၅-၂၆ ထိ ၇ ရက် သားသမီး ဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင် ( Gold-Medalist) တနင်္ဂနွေ စိတ်ရောကိုယ်ပါ အတွေးများ၊ အလုပ်ရှုပ်ရမည့်ကာလဖြစ်သည်။ တစ်ခုပြီးမှ တစ်ခုလုပ်ခြင်းဖြင့် သင့်ရဲ့ရည်ရွယ်ချက် များ အောင်မြင်လာမည်။ ခရီးဝေးများထွက်ဖြစ်မည်။ မရောက်ဖူးသောခရီးများ ရောက်မည်။ မလုပ်ဖူးသောလုပ်ငန်းများ လုပ်ဖြစ်မည်။ မချစ်ဖူးသောချစ်သူနှင့်လည်း ဆုံစည်းဖြစ်မည်။ မစားဖူးသောအစားအစာများလည်း စားဖြစ်မည်။ ကျန်းမာရေးနှင့်ပတ်သတ်၍ ၀မ်းဗိုက်ဂရုစိုက်ပါ။ အစာအိမ်နှင့်ပတ်သတ်၍ ဖြစ်တတ်သည်။ မစိုးရိမ်ရပါ။ စက်ပစ္စည်းများ အ၀ယ်မှားတတ်သည်။ အလိမ်ခံရတတ်သည်။ အချစ်ရေးမှာ မမျှော်လင့်ပဲ လက်ထပ်ဖြစ်မည်။ စီးပွားရေး ပြောင်းလဲမှုများဖြစ်မည်။ ၀န်ထမ်းအလုပ် ရာထူးတက်မည်။ အင်တာဗျုးဖြေဆိုသူများ အောင်မည်။ အကျိုးပေးဂဏန်း ၁၊၃၊၆ အထူးဟော – ဆန္ဒမစောသင့်ပါ။ ယတြာ – တနင်္ဂနွေနေ့နံနက်တွင် လမ်းမှာတွေ့သောသံဃာတစ်ပါးအား မုန့်ဆွမ်းကပ်လှူပါ။

Read More »

၉-၅-၁၆ မှ ၁၅-၅-၁၆ ထိ  ၇ ရက်သားသမီး ဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင် (Gold-Medalist) တနင်္ဂနွေ ရည်ရွယ်တာက နှောင့်နှေးနေမည်။ မရည်ရွယ်တာကို အရင်လုပ်ဖြစ်မည်။ အောင်မြင်မှု့ ကတော့ တချို့တ၀က်ပါပဲ။ ဆန္ဒစောပြီး ဒေါသမထွက်လေနှင့်။ ပြီးမှ မှားမှန်းသိရသလို ဖြစ်တတ်သည်။ အားနာစရာတွေ ဖြစ်တတ်လို့ သတိထားပါ။ ဟောချင်တာကတော့ ဒီတပတ်မှာတော့ သင်လုပ်တာ ပြောတာ တွေ ဟာ အရာရာ နှင့် အကြောင်းကြောင်း ဖြစ် တတ်သည်။ နောက်ပြီး ရည်းစားကိုလည်း ကတိ တွေပေးပြီး မေ့နေတာမျိုး မဖြစ်စေနှင့် အလုပ်တွေလည်း ကြွေးဆပ် နေရအုံးမည်။ အထစ်အငေါ့ အတိုက်အခံ တွေက ဒုနှင့်ဒေး ဖြစ်တတ်သည်။ သို့ပေမင့် ဆောင်ရွက်တာလေးတွေ ကြိုးစားထားတာတွေ အောင်မြင်ပါလိမ့်မည်။ တော်သေးပြီ။ အကျိုးပေးဂဏန်း ၉၊ …

Read More »

၃-၅-၁၆  မှ ၉-၅-၁၆ ထိ ၇ ရက် သားသမီး ဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင်(Gold-Medalist) တနင်္ဂနွေ စိတ်တွေလေပါမည်။ အရာရာ ဖြစ်မလာသေးသည့်ကိစ္စ အတွက် တွေးပူးနေရတတ်ပါသည်။ မျှော်လင့်ချက် ဖြင့်နေရသည့်ကာလ လေး တစ်ခု ဖြစ်ပါမည်။ အချစ်ရေး ပညာရေး အလုပ်အကိုင် နှင့် ပတ်သက်လို့ကတော့ သေချာပေါက် အဆင်ပြေပြီဟု မှတ်ပါ။ ငွေရေး ကြေးရေး စီးပွားရေး ကတော့ သင့်မျှော်လင့်သလို ဖြစ်မလာသေးပါ။ အချိန်တစ်ခု အထိ ထပ်ဆောင့်ရပါဦးမည်။ ဆန္ဒမစောသင့်သို ရှေ့လောမကြီး သင့်ပါ။ ကျန်းမာရေးကတော့ ဆီးနှင့်အစာအိမ်ဂရုစိုက်ပေးပါ။ အကျိုးပေးဂဏန်း ၃၊ ၆၊ ၁ အထူးဟော – အရာရာ ဆင်ခြင်တုံတရားဖြင့်နေပါ။ ယတြာ – အိမ်ဘုရားကို တနင်္ဂနွေ နေ့ နံနက်တွင် အအေးအချိုရည်ကပ်၍ ဆုတောင်းပါ။ …

Read More »

၂၆-၄-၁၆ မှ ၁-၅-၁၆ ထိ ၇ ရက် သားသမီး ဟောစာတမ်း  

  ဒေါက်တာထွန်းလင်း-ဘုတလင် ( Gold-Medalist) တနင်္ဂနွေ စိတ်ကြည်နူးမှု့ ဆန္ဒပြည့်ဝမှု့ များရလာလိမ့်မည်။ ရည်ရွယ်ချက် အသစ်များ ပေါ်ပေါက်လာမည်။ ရည်မှန်းချက်လမ်းကြောင်း များ ပြောင်းလဲ လုပ်ဖြစ်မည်။ စိတ်သစ်လူသစ် အားအင်သစ်များ ဖြင့် ဆောင်ရွက်မှု့ကြောင့် အောင်မြင်မှု့ မြန်ဆန်လာမည်။ အချစ်ဟောင်း နှင့် ပြန်ဆုံမည်။ အချစ်သစ်ထပ်တွေ့မည်။ လက်ထပ်ရက် ရွှေ့ဆိုင်းလာလိမ့်မည်။ ထီပေါက်ကိန်း ရှိ၍ မြောက်အရပ်က ထီဆိုင်ကို ၅ စ ၅ ပိတ် ဖြင့်ထိုးပါ။ ကြီးသူ ၁ ဦး ချူချာမည်။ အလုပ်အကိုင် ရာထူး တက် မည်။ ငွေဝင်မည်။ ခရီးသွားရမည်။ အန္တရာယ်လုံးဝ မရှိပါ။ အကျိုးပေးဂဏန်း ၃၊ …

Read More »