Tuesday , May 30 2017
Home / ဗေဒင် (page 10)

ဗေဒင်

၂၄-၇-၁၅ မှ ၃၀-၇-၁၅  အထိ ၇ ရက် သားသမီးဟောစာတမ်း

တနင်္ဂနွေ ဤတပတ် တနင်္ဂနွေ သားသမီးတို့ စိတ်ဓာတ်တို့သည် ကိုယ်လုပ်သော အလုပ် အပေါ် ၊ ကိုယ်ပြောသော စကား အပေါ် ကိုယ်သွားသော ခရီး အပေါ် နှင့် ဆောင်ရွက်မှုတွေ အားလုံးပေါ်မှာ ဟုတ်ပါ့မလား ဖြစ်နိုင်ပါ့မလား ရယ်လို့ သံသယ (သို့မဟုတ်) စိတ်တထင့်ထင့် ဖြစ်ကြရတတ်မည်။ စိတ်မထင့်ပါနှင့်။ သင့်ရဲ့ဆောင်ရွက်မှု အားလုံး ထဲမှ တချို့ မြန်ဆန်စွာ ကောင်းသတင်း ကြားရပြီး အောင်မြင်မှုရပြီး တချို့ ကိစ္စ တွေ မှာတော့ နှောင့်နှေး ပြီးမှ အောင်မြင်မှာ သေချာပါတယ်။ လုံးဝ မအောင်မြင်တာမရှိဘူးလို့ ဟောချင်ပါတယ်။ ကိုယ်ရေးကိုယ်တာ တင်မက မိသားစု အရေးသားချင်းအရေးပါ ဆောင်ရွက်ဖြစ်ပါမည်။ …

Read More »

၁၈.၇.၂၀၁၅ မှ ၂၄.၇.၂၀၁၅ ရက်အထိ ၇ ရက်ဟောစာတမ်း

တနင်္ဂနွေ အတွေးများနေသည်။ ရည်ရွယ်ချက်များနေသည်။ ဆုံးဖြတ်ချက်မြန်နေမည်။ ဒေါသကြီးလွယ် ပြေလွယ်မည်။ စားမေးပွဲ အင်တာဗျုးတို့အောင်မြင်မည်။ အချစ်ရေးမှာ မတင်မကျဖြစ်နေမည်။ အပေါင်းအသင်း မှားကိန်းရှိသည်။ လူလိမ် ငွေလိမ် ပစ္စည်းလိမ်ခံရကိန်းရှိသည်။ အိမ်ထောင်သည်တို့ အိမ်ထောင်ရေး ပြသာနာတတ်မည်။ စီးပွားရေးသမားများ ငွေကြေးကိစ္စရှုပ်မည်။ စက်၊မြေ၊ ရွှေ၊ အ၀င်အထွက်ဖြစ်မည်။ အကျိုးပေးဂဏန်း ၁ ၊ ၅၊ ၇။

Read More »

အာဇာနည်နေ့မပြုလုပ်ရန် တားမြစ်ထားသော်လည်း ပြည်မြို့၌ မြို့ခံထောင်နှင့်ချီ၍ အခမ်းအနားပြုလုပ်

သီဟလွင် – ပြည် (မြစ်မခ) ပြည်မြို့ – ဇူလိုင်(၁၉)ရက်။ ပြည်မြို့အာဇာနည်နေ့၌ မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်တည်ရှိရာနေရာ အပါအ၀င် အခြား အထိမ်းအမှတ်နေရာများတွင် ပန်းခွေချခြင်း စီတန်းလှည့်လည်ခြင်းများပြုလုပ်သွားပါက တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်းမြို့နယ်အုပ်ချုပ်ရေးအဆင့်မှ အရေးပေါ်အမိန့်ထုတ်၍ တားမြစ်ထားသော်လည်း ထောင်နှင့်ချီသော မြို့ခံလူထုမှ ဂါရ၀ပြုခြင်းအခမ်းအနားများကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ “ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့မှာ ကျွန်တော်တို့ပန်းခွေချတယ် ကြိုက်သလိုအပြစ်ပေးလို့ရပါတယ်။ အရေးယူလို့ ရပါတယ်။ ဗိုလ်ချုပ်ကို လေးစားတန်ဖိုးထားလို့ ပန်းခွေချရခြင်းဖြစ်ပါတယ်။”ဟု ဗိုလ်ချုပ်ကျောက်ရုပ်သို့ ချီတက်အလေးပြုခဲ့သူ ပြည်သူ့အထောက်အကူပြုကွန်ရက်မှ ကိုကျော်ဦးက ပြောသည်။

Read More »

ပြည်မြို့လမ်း ပျော်ကလေး (၆) ဦးအနက် (၂)ဦးသာ အလယ်တန်းပညာ ဆက်လက်သင်ကြားနိုင်

  သီဟလွင် (မြစ်မခ) ပြည်မြို့ – ဇူလိုင် (၁၂) ရက်။ ပဲခူတိုင်းဒေသကြီး ပြည်မြို့တွင် လမ်းပျော်ကလေးများအား ပညာသင်ကြားပေးလျှက်ရှိရာ မူလတန်းအောင်မြင် သည့်ကလေး (၆) ဦးတွင် (၂)ဦးသာ အလယ်တန်းပညာ ဆက်လက်သင်ကြားနိုင်ကြောင်း ဂရုဏာလက်များ ကွန်ရက်ကျောင်းမှ သိရှိရသည်။

Read More »

၂-၇-၂၀၁၅ မှ ၉-၇-၂၀၁၅ ထိ ၇ ရက်သားသမီးဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင်(Gold Medalist) တနင်္ဂနွေ စိတ်တွေလေနေသည်။ ရည်ရွယ်ချက်များနေမည်။ ဆုံးဖြတ်ရခက်သော ပြသာနာတို့ကြုံတွေ့မည်။ မရောက်ဖူးသောခရီးတို့ထွက်ဖြစ်မည်။ အချစ်ရေးမှာ စိတ်ရှုပ်ရလိမ့်မည်။  အရင်းနှီးဆုံး သူငယ်ချင်းများ စိတ်ဝမ်းကွဲမည်။ ပြန်ခေါ်မည်။ အလုပ်အကိုင်တွင် တိုးတက်မှု ပြောင်းလဲမှု ရွှေ့ပြောင်းမှုများဖြစ်မည်။ ကြီးသူတစ်ယောက် ကျန်းမာရေး ချုချာမည်။ မရောက်ဖူးသောခရီးသွားဖြစ်မည်။ ကျန်းမာရေး မှာ အကြော၊ အဆစ်နှင့်ပတ်သတ်၍ ချုချာတတ်သည်။ အကျိုးပေးဂဏန်း ၁၊ ၆၊ ၉၊ အထူးဟော- ကံကောင်းလိမ့်မည်။ ယတြာ -တနင်္ဂနွေနေ့နံနက်တွင် အောင်သပြေပန်းကို ဘုရားကပ်လှူပါ။

Read More »