Tuesday , May 30 2017
Home / သတင်းဆောင်းပါး (page 2)

သတင်းဆောင်းပါး

ပစ်ခတ်နေသော နေ့ရက်များ ပျက်ကြွေစေသား

နိုင်ငံရေးမျက်နှာစာမှာ လေ့လာသူတစ်ဦးအသွင်နှင့် ကျွန်မရပ်တည်နေစဉ်မှာပင် ၂၀၁၃ နှင့် ငြိမ်းချမ်းရေး ဆိုသည့် ခေါင်းစဉ်က ဦးကျောက်တွင်းသို့ ထဲထဲဝင်ဝင်၊ ဖြတ်သန်းခဲ့ရသည်။ ဘာကလိုတိုတို အလိုမကျမှုများစွာနှင့်သာ ၂၀၁၃ က ရောက်လာပါ၏။ “ထိပ်သီးပုဂ္ဂိုလ်တွေ ဆွေးနွေးနေကြတာ နှစ် ၅၀ ရှိပြီ”ဆိုသော မင်းကိုနိုင်၏ စကားကို ၂၀၁၃ နှစ်ဦးမှာ ပြောချိန်တန်၍ ပြောသည့်စကားဟု သတ်မှတ်ကာ ချီးကျူးဂုဏ်ပြုမိပါသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးသည် ၂၀၁၃၏အရေးကြီးဆုံးပြဿနာဟု ကျွန်မကလည်း ခံယူပါသည်ကိုး၊ ငြင်းမည်ဆိုလျှင်တောင် မငြင်းသင့်ပါ။

Read More »