Wednesday , October 12 2016
Home / သတင်းဆောင်းပါး

သတင်းဆောင်းပါး

ရှမ်းပြည်မြောက်ပိုင်းက ကမ္ဘာကျော်ဂုတ်ထိပ်တံတား

မြစ်မခ မြန်မာနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသည်တွေကို စွဲဆောင်နိုင်တဲ့ နေရာဒေသနဲ့ ခရီးစဉ်အမျိုးမျိုး ရှိပါတယ်။ အပန်းဖြေ ခရီးစဉ်အနေနဲ့ သွားလာလို့ရတဲ့ ငပလီလို ချောင်းသာ.. ငွေဆောင် … မောင်းမကန်လို… ကမ်းခြေများလည်းရှိပါတယ်။ ဒါ့အပြင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ သဘာဝကိုလေ့လာလို့ရတဲ့ အင်းတော်ကြီးလို အင်းလေး…မိုးယွန်းကြီးအင်း… ပုပ္ပါးတောင် အမျိုးသားဥယျာဉ်လို သဘာဝအခြေခံခရီးစဉ်၊ ရေအောက် သဘာဝအလှအပတွေနဲ့ သန္တာကျောက်တန်းတွေကို လေ့လာနိုင်တဲ့ အဏ္ဏ၀ါခရီးစဉ်တွေအပြင် ခြေလျင်တောင်တက်နဲ့ စွန့်စားမှုခရီးစဉ်တွေအနေနဲ့လည်း ခါကာဘိုရာဇီတောင်၊ ၀ိတိုရိယတောင်တွေကို သွားရောက်နိုင်ပါတယ်။

Read More »

ကျွန်​မတစ်​ခု​တော့ ​ပြောချင်​ပါသည်

သီဟလွင်​ (မြစ်​မခ) HIV မပြန့်ပွားအောင် ထိန်းချုပ်တဲ့ ART ဆေးသောက်နေစဉ်အတောအတွင်း မနှင်းဖြူဟာ ရန်ကုန်မြို့ကနေ သူမန္တလေးသို့ရောက်ရှိခဲ့သည်။ တစ်ညမှာ ကားမှတ်တိုင်တစ်ခုတွင် ဖုန်းအဆက်အသွယ်အရ Customer အလာကိုစောင့်မျှော်နေသည်။ ထိုညသူ သူမသည် စကတ်အတိုနှင့် အင်္ကျီချိုင်းပြတ်ကိုဝတ်ဆင်ထားသည်။ ထိုစဉ် ရဲဝန်းထမ်းအချို့ရောက်လာကာ  စီမံချက်အရဆိုကာ သူမကို ဖမ်းဆီးလိုက်ပါသည်။ “ငွေသက်သေလည်းမရှိဘူး ကွန်ဒုံးသက်သေလည်းမရှိဘူး လှပ်ပေါ်လော်လီလို့ဆိုပြီးဖမ်းတယ် ရဲတွေရဲ့မတရားဖမ်းဆီးခံရပြီးဆိုရင် ကျမဆို့ sex worker တွေကဖြေရှင်းပိုင်ခွင့် ငြင်းပိုင်ခွင့်မရှိဘူး ဘာသက်သေမှမရှိပဲနဲ့ မတရားဖမ်းဆီးတယ်  အဲဒါတာအပြင် အထဲရောက်တော့လည်း သူတို့တွေရဲ့အပြောဆို အပူအမူ ရုတ်ရင်းကြမ်းတန်းစကားတွေနဲ့ကြုံရတယ် စိတ်ပိုင်းဆိုင်ရာပါ အကြမ်းဖက်ခံရတယ်” မနှင်းဖြူကပြောသည်။

Read More »

အခက်အခဲတွေကြားက ပေးခဲ့ရတဲ့ မဲပြားတွေ 

မြစ်မခ အလင်းရောင်ပင် မရသေး ကမာရွတ်မြို့နယ် အထက(၃)ကျောင်းဝင်းအတွင်းက မဲဆန္ဒရှင် ပြည်သူ တွေ လှုပ်လှုပ်ရှားရှားဖြစ်လို့နေကြပြီ၊ တစ်နာရီသာသာလောက်ကြာတော့ သူတို့တစ်တွေရဲ့ မျက်နှာ တွေပေါ်မှာ ဒီမိုကရေစီ အစိုးရသစ် ရွေးချယ်ဖို့ စိတ်အားထက်သန်နေတဲ့ အရိပ်အယောင်တွေက လည်း  မနက်ခင်း နေခြည်နုနုနှင့်အတူ လန်းဆန်းလာတော့သည်။ နိုဝင်ဘာလ (၈)ရက်နေ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံအ၀ှမ်းမှ မဲဆန္ဒရှင်ပြည်သူ အားလုံးအနည်းနှင့်အများဆိုသလို စိတ်လှုပ်ရှားခဲ့ကြသည့် နံနက်ခင်းတစ်ခုပင် ဖြစ်၍ နေပါတော့သည်။ မဲပေးစဉ် စိတ်လှုပ်ရှားခဲ့ကြသလို မဲရလာဒ် ကြေညာချိန်၌လည်း သူတို့မဲပေးခဲ့တဲ့ ကိုယ်စားလှယ်တွေ အနိုင်ရပါ့မလား၊ အနိုင်ရခဲ့ရင်ရော လွှတ်တော်ထဲရောက်ရှိပါ့မလား၊ အစိုးရကရော ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို လွှတ်တော်မခေါ်ဘဲ နေမလား စတဲ့ အတွေးတွေနဲ့ ပူပင်မှုတွေ ရှိနေ …

Read More »

ABSDF မြောက်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသူရဲမေခင်ချိုဦးအကြောင်း ပြန်လည်တူးဖော်ခြင်း

မခင်ချိုဦး ဖခင်နှင့် တွေ့ဆုံမေးမြန်းခြင်း (၁) အိမ်ရှေ့ခန်းက ဧည့်ခန်းထဲမှာ အမြဲတမ်းခင်းထားပုံရတဲ့ ဖျာနဲ့အညာစောင်ကို အိပ်ရာလုပ်ပြီး ခင်းထားတဲ့ အိပ်ရာ ပေါ်မှာ အသက် ၇၀ ကျော်အရွယ်၊ ပိန်ပိန်ပါးပါးနဲ့ အဖိုးအိုတစ်ဦးလှဲနေရာကနေ ခေါင်းကလေးထောင်ပြီးကြည့်တယ်။ သူ့မျက်လုံးတွေက မှုန်ဝေနေပုံရပေမဲ့ အာရုံစိုက်ပြီး ကြည့်တဲ့အကြည့်မှာတော့ စူးစူးရှရှရှိတယ်။ စူးစမ်းတဲ့ သူ မျက်လုံးတွေနဲ့အရာရာကို သတိရှိရှိနဲ့သာ စောင့်ကြည့်မဲ့ သူတစ်ယောက်ရဲ့ မျက်လုံးတွေပါပဲ။ သူကတော့ မခင်ချိုဦးရဲ့ ဖခင်အသက် ၇၃ နှစ်အရွယ် ဦးတင်ပိုပဲဖြစ်ပါတယ်။

Read More »

သင် . . . ဘယ်လိုလူစားလဲ

လူ (၄)မျိုး ရှိပါတယ်။ (၁) အမှောင်ကလာပြီး အလင်းကို သွားတဲ့လူ (၂) အမှောင်ကလာလို့ အမှောင်ထဲ ပြန်သွားတဲ့လူ (၃) အလင်းကလာပြီး အမှောင်သွားတဲ့သူ (၄) အလင်းကလာပြီး အလင်းထဲ သွားတဲ့လူ ဒါတွေကတော့ ရှင်းပါတယ်။ လူမူရေး အမြင်ဘက်က ပြောရရင် ဒီလူ (၄) မျိုးဟာ ကာလကိုပြတဲ့ လူတွေပေါ့။ အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ် အနာဂတ်ရယ်ရှိတဲ့ အထဲမှာ ပစ္စုပ္ပန်ကို ဖွက်ထားတယ်။ ဘာလို့ဆိုတော့ လူတိုင်းဟာ ပစ္စုပ္ပန်ကို မှီတည်နေကြ လို့ပါ ။

Read More »