Saturday , May 27 2017
Home / ဗေဒင် / ၂၈-၇- ၁၆ မှ ၃-၈-၁၆ အထိ ၇ရက်သားသမီးဟောစာတမ်း

၂၈-၇- ၁၆ မှ ၃-၈-၁၆ အထိ ၇ရက်သားသမီးဟောစာတမ်း

ဒေါက်တာထွန်းလင်း- ဘုတလင် (Gold-medalist)

တနင်္ဂနွေ

စိတ်လေနေမည်။ ရည်ရွယ်ချက်များနေသည်။ ခရီးစဉ်များမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အောင်မြင်မည်။ အပေါင်းအသင်းမှားမည်။ အပေါင်းအသင်းခေါ်ရာ အရမ်းမလိုက်သင့်ပါ။ အချင်းချင်းစိတ်ဝမ်းကွဲကိန်းရှိသည်။ ချစ်သူနှင့်အဆင်မပြေဖြစ်မည်။ အချစ်ရေးမှာ အတိုက်အခံရှိသည်။ မနာလိုသူရှိသည်။ သူများအရှုပ် ကိုယ့်အရှုပ် ဖြစ်မည်။ အကြီးအကဲတို့၏ အထင်အမြင်လွဲခြင်းခံရမည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ ထီဂဏန်းကို ၁၊ ၅၊ ၇ ရှေ့မှထားထိုးပါ။ ဘုမ္မိကျသောတောင်အရပ်ခရီးသို့ ညအချိန်မသွားသင့်ပါ။ မမျှော်လင့်ပဲ အမှတ်တမဲ့မှ အမှတ်တရ ဖြစ်စရာများပေါ်မည်။ ပစ္စည်းပျောက်ကိန်း၊ ငွေလိမ်ခံရကိန်းရှိသည်။ အလုပ်ရမည်။ ရာထူးတက်မည်။ စာမေးပွဲ အောင်မည်။

အကျိုးပေးဂဏန်း – ၁၊ ၆ ၊ ၉

အထူးဟော မမျှော်လင့်တာများဖြစ်တတ်သည်။

ယတြာ – တန်ခိုးကြီးဘုရားကို အောင်သပြေပန်းကပ်လှူပါ။

တနင်္လာ

ရည်ရွယ်ချက်များနေမည်။ အလုပ်တွေလည်းများမည်။ သွားစရာလာစရာ များမည်။ သို့သော်လည်း လုပ်ဆောင်မှုများ အားနည်းမှုရှိမည်။ စိတ်လေနေမည်။ အပေါင်းအသင်းတစ်ဦး၏ ငြိုငြင်မှုကြုံမည်။ အကြီးအကဲ၏ စောင့်ရှောက်မှုများ ရမည်။ စက်၊ ရွှေတို့ အပြောင်းအလဲ အ၀င်အထွက်ဖြစ်မည်။ စီးပွားရးလုပ်ငန်းများ အကောင်အထည်ဖော်ဖြစ်မည်။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်တတ်၍ သတိထားပါ။ စကားပြောဆင်ခြင်ပါ။ စကားများတတ်သည်။ အချစ်ရေးမှာ အထင်အမြင်လွဲမှားတတ်သည်။ အချစ်ဟောင်းပြန်လာမည်။ ချစ်သူသစ်ထပ်တွေ့မည်။ အချစ်လက်ဆောင်ရမည်။ လက်ဆောင်ပေးသော ထီလက်မှတ် ပေါက်တတ်သည်။ ဘုမ္မိကျသောအနောက်တောင်အရပ်ကို မသွားသင့်ပါ။ စာမေးပွဲအောင်မည်။ အင်တာဗျုးအောင်မည်။

အကျိုးပေးဂဏန်း ၂၊ ၄၊ ၈

အထူးဟော – အပြောအဆို အနေအထိုင်ဆင်ခြင်ပါ။

ယတြာ – တန်ခိုးကြီးဘုရားကို တနင်္လာနံနက်တွင် ဆွမ်းကပ်လှူပါ။

 

အင်္ဂါ
မမျှော်လင့်တာများဖြစ်တတ်သည်။ မရည်ရွယ်ပဲ ရုတ်တရတ် ဖြစ်ပေါ်ကိန်းရှိသည်။ အမှတ်တမဲ့မှ အမှတ်တရများ ဖြစ်လိမ့်မည်။ အတိုက်အခံများကျော်လွှားနိုင်မည်။ အချစ်ရေးမှာ အထင်အမြင်လွဲသူ သိက္ခာချသူများတွေ့မည်။ တိတ်တိတ်ပုန်းချစ်သူများတွေ့ကိန်းရှိသည်။ အိမ်ထောင်ရေးရန်မြင်သည်။ စကားပြောဆင်ခြင်ပါ။ ငယ်ရွယ်သူတို့ တော်လှန်ပုန်ကန်တတ်သည်။ အကြီးအကဲတို့မြှောက်စားခြင်းခံရမည်။ ရွှေ၊ စက်တို့ အ၀င်အထွက်ဖြစ်မည်။ ခရီးဝေး များရောက်မည်။ အလုပ်အကိုင်ကောင်းသည်။ ဝင်ငွေကောင်းမည်။ အရှေ့မြောက်ထောင့်ရှိ ထီဆိုင်တွင် ထီထိုးပါ။ ထီပေါက်မည်။

အကျိုးပေးဂဏန်း ၃၊ ၈၊ ၁

အထူးဟော – စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။

ယတြာ – အင်္ဂါနံဘုရားကို အင်္ဂါနေ့နံနက်တွင် အုန်းဆွမ်းကပ်လှူပါ။

 

ဗုဒ္ဓဟူး

အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်တတ်သည်။ ရည်ရွယ်ချက်များပြီး အကောင်အထည်ဖော်မှုအားနည်းတတ်သည်။ စိတ်လေနေမည်။ ခရီးယာယီများမည်။ အကြီးအကဲ၏ ယုံကြည်အားကိုးမှုရမည်။ ငွေကြေး အ၀င်ကောင်းမည်။ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ မိဘသားစုနှင့်ခေတ္တခွဲနေဖြစ်တတ်သည်။ စီးပွားရေးလုပ်ငန်းများ အဆင်ပြေ မည်။ အလုပ်ရာထူးတက်မည်။ လစာတိုးမည်။ စကားပြောဆင်ခြင်ပါ။ အဝေးမိတ်ဆွေအကူအညီရမည်။ ထီ ပေါက်ကိန်းရှိသည်။ ထီထိုးပါ။ ၃၊ ၆၊ ၉ ဂဏန်း ရှေ့မှ ထားထိုးပါ။ ချစ်သူထံမှ လက်ဆောင်ရမည်။ အိမ်ထောင်ကျ နိုင်သည်။ ဆင်ခြင်ပါ။

အကျိုးပေးဂဏန်း ၄၊ ၂၊ ၇

အထူးဟော – ကံကောင်းနေသည်

ယတြာ- တန်ခိုးကြီးဘုရားကို ဗုဒ္ဓဟူးနေ့နံနက်တွင် အောင်သပြေကပ်လှူပါ။

 

ကြာသပတေး

စိတ်မြန်မှု၊ ဆုံးဖြတ်ချက်မြန်မှု၊ ဒေါသကြီး များလာမည်။ အဝေးမိတ်ဆွေအကူအညီရမည်။ ချစ်သူ၊ သို့မဟုတ် အိမ်ထောင်ဖက်နှင့် ရန်မြင်သည်။ ကွဲနိုင်သည်။ သို့သော် ပြန်ခေါ်မည်။ ပြန်ပေါင်းမည်။ ငွေကြေးပစ္စည်းများ ရကာနီးမှ လွဲချော်တတ်၍ သတိထားပါ။ လူလိမ်၊ ငွေလိမ်ခံရတတ်သည်။ ပစ္စည်းပျောက်မည်။ ရာထူးတက်ခြင်း၊ လစာတိုးခြင်း၊ မမျှော်လင့်ပဲ အိမ်ထောင်ကျခြင်းများဖြစ်တတ်သည်။ အောင်ဘာလေထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။ အထူးသဖြင့် တောင်အရပ်ရှိထီလက်မှတ်ကို ထိုးပါ။ ၅၊ ၀၊ ၇ ရှေ့မှ ထားထိုးပါ။ စီးပွားရေးလုပ်ငန်းများ ရှယ်ယာလုပ်ငန်းများ အကောင်အထည်ဖော်ဖြစ်မည်။ လုပ်ငန်းတိုးချဲ့ရကိန်းရှိသည်။ ကောင်းသည်။ ကြီးသောသူကျန်းမာရေးချုချာ တတ်သည်။

အကျိုးပေးဂဏန်း ၅၊ ၂၊ ၆

အထူးဟော – ဆန္ဒမစောသင့်ပါ။

ယတြာ – ကြာသပတေးနံဘုရားကို ကြာသပတေးနေ့ ၇ နာရီတွင် အောင်သပြေကပ်လှူပါ။

 

သောကြာ

စူးစမ်းခြင်း စမ်းသပ်ခြင်း၊ တစ်ဇွတ်ထိုးလုပ်တတ်ခြင်းများ ဖြစ်လာမည်။ ဆင်ခြင်ပါ။ မှားတတ်ပါသည်။ ကျော်တော့ လှေသူကြီး ညားတော့ လှေထိုးသားဖြစ်တတ်သည်။ စကားပြောဆင်ခြင်ပါ။ အမှားတွေ့တတ်သည်။ မမျှော်လင့်ပဲ မရောက်ဖူးသောခရီးများရောက်မည်။ မိသားစုနှင့်တစ်ကွဲစီ ခွဲနေရတတ်သည်။ အကြီးအကဲတို့ အထင်အမြင်လွဲမည်။ ငွေဝင်မည်။ ထီပေါက်မည်။ စက်ပစ္စည်း၊ ရွှေပစ္စည်းဝင်လိမ့်မည်။ ပြန်ထွက်တတ်၍ သတိထားပါ။ ဘုမ္မိကျသော အရှေ့တောင်အရပ်ခရီးများမသွားသင့်ပါ။ ရေလမ်းခရီးရှောင်ပါ။ စီးပွားရေးလုပ်ငန်းများ စတင်လုပ်လျှင်ကောင်းသည်။ အချစ်ေ၇းမှာ ၀ါတွင်းကြီးအိမ်ထောင်ကျတတ်သည်။ လုံးဝမယူသင့်ပါ။ အိမ်ကသဘောမတူ၍ ခိုးရာလိုက်မိတတ်သည်။ အပူလောင်ကိန်းရှိ၍ ဂရုစိုက်ပါ။ ချော်လဲလိမ့်ကျတတ်၍ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း ၆၊ ၀၊ ၉

အထူးဟော – စိတ်လေနေသည်။ သတိထားပါ။

ယတြာ – သောကြာနံနက်တွင် အိမ်ဘုရားကို ဆီမီးငါးတိုင်၊ အမွှေးတိုင် ၅ တိုင်၊ ရေတော် ၅ ခွက် ကပ်လှူပါ။

 

စနေ

ကိုယ်ကကောင်းစေချင်၍ ဆောင်ရွက်မှုများတွင် တစ်ပါးသူ၏ အထင်အမြင်လွဲမှားမှုဖြစ်တတ်သည်။ စေတနာသည် လူတိုင်းနှင့်မတန်ဖြစ်တတ်သည်။ သင့်စေတနာကို တန်ဖိုးမထားသူနှင့်တွေ့တတ်သည်။ မိဘသားချင်း၏ စောင့်ရှောက်မှုကောင်းသည်။ စီးပွားရေးလုပ်ငန်းများ ပညာရေးများ ၊ အချစ်ရေးများ ကောင်းနေသည်။ သို့သော် သင့်ချစ်သူအပေါ် မိဘသားချင်းတို့သဘောမတူတတ်ပါ။ ရည်ရွယ်ချက်များနေသည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အောင်မြင်မည်။ အတိုက်အခံများကျော်လွှားနိုင်မည်။ အဝေးခရီးများသွားဖြစ်မည်။ ပစ္စည်းပျောက်တတ်၍ သတိထား ပါ။ ငွေအလိမ်ခံရတတ်၍ သတိထားပါ။ ခြေဖျား။ လက်ဖျားခိုက်မိတတ်၍ ဂရုစိုက်ပါ။ ထီပေါက်မည်။ တောင်အရပ် ရှိဆိုင်တွင် ထီထိုးပါ။ ၂၊ ၅၊ ၇ ဂဏန်း ရှေ့မှထားထိုးပါ။ မုဆိုးမ၊ တစ်ခုလပ်မနှင့် စပ်တူထိုးပါက ဆုကြီးမည်။ အလုပ်အကိုင်တိုးတက်မည်။ တစ်မျိုးမကလုပ်ဖြစ်မည်။

အကျိုးပေးဂဏန်း ၇၊ ၀၊ ၁

အထူးဟော – အောင်မြင်မှုရမည်။

ယတြာ – စနေနံဘုရားကို စနေနေ့နံနက်တွင် ရွက်လှညွန့် ကပ်လှူပါ။ ထီးအနီ ၉ လက် ကပ်လှူပါ။

Check Also

၉-၆-၁၆ မှ ၁၅-၆-၁၆ အထိ ၇ရက်သားသမီးဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင်( Gold-Medalist) တနင်္ဂနွေ စိတ်မောလူမော ဖြစ်နေမည့် ကာလတစ်ခုပါ။ အရာရာ ဖြစ်ချင်တာတွေ ဖြစ်မလာသေးလို့ စိတ်မောနေရမှာပါ။ စိတ်မမောပါနှင့်။ မုချ အဆင်ပြေပါတယ်။ (၁) စာမေးပွဲအောင်တယ်။ …