Saturday , May 27 2017
Home / ဗေဒင် / ၂၀-၇-၁၆ မှ ၂၆-၇-၁၆ ထိ ၇ရက်သားသမီးဟောစာတမ်း

၂၀-၇-၁၆ မှ ၂၆-၇-၁၆ ထိ ၇ရက်သားသမီးဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင်( Gold-medalist)

တနင်္ဂနွေ

စိတ်ကူးတော့တစ်မျိုး ၊ လုပ်မိတော့တစ်မျိုးဖြစ်တတ်သည်။ မရည်ရွယ်ပဲခရီးယာယီများရောက်မည်။ မစဉ်းစားမိပဲ ချစ်သူအသစ်တွေ့လိမ့်မည်။ ရုတ်တရတ် ခိုက်မိမှုများကြုံမည် ။ ယခုရက်ပိုင်း ဖြေဆိုသောစာမေးပွဲများနှင့် အင်တာဗျုးများအောင်မြင်မည်။ ချစ်သူထံ ၊ ချစ်ခွင့်တောင်းပါက အောင်မြင်မည်။ ကျန်းမာရေးမှာ အစာအိမ် လေရောဂါသော်လည်းကောင်း ခေါင်းမူးရောဂါသော်လည်းကောင်းဖြစ်တတ်သည်။ ငွေကြေးနှင့်ပစ္စည်းပျောက်ကိန်းရှိ၍ သတိထားပါ။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်ကိန်းရှိသည်။ သူများကြား ဝင်မရှုပ်သင့်ပါ။ မကြာမီ ခရီးသွား၇မည်။ လက်ရှိအလုပ် ရာထူး မုချတက်မည်။ နေရာတာဝန်ရွှေ့ပြောင်းရမည်။ ကိုယ်ပိုင်လုပ်ငန်းများ စပ်တူရှယ်ယာများ အကျိုးပေးချိန်ရောက်နေမည်။

အကျိုးပေးဂဏန်း ၁၊ ၂၊ ၃

အထူးဟော – သင်ကံကောင်းသည်။

ယၾတာ – အိမ္ဘုရားကို သစ္သီး ၉ မ်ိဳး ကပ္လွဴလိုက္ပါ။

တနလၤာ

ရည်ရွယ်ချက်များပြီး အကောင်အထည်ဖော်မှု အားနည်းနေတတ်သည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ သင်အောင်မြင်မည်။ သူတစ်ပါး အားမကိုးသင့်ပါ။ ကိုယ့်ထူးကိုယ်ချွန်လုပ်ပါ။ အောင်မြင်မည်။ နေအိမ်တွင် အပူသည်လာမည်။ အ၀င်မတော်ပါ။ ခရီးသွား၇မည်။ အိမ်ပြောင်းရွှေ့ခြင်း ၊ ပြင်ခြင်း၊ ဆောက်ခြင်း၊ မြေရောင်းဝယ်ခြင်းများ ဖြစ်ကိန်းရှိသည်။ မိသားတစ်စု တစ်ကွဲတစ်ပြားစီ ခွဲနေရတတ်သည်။ အထင်အမြင်လွဲ၊ စွပ်စွဲခံရကိန်းရှိ၍ ဂရုစိုက်ပါ။ စိတ်ဆိုးနေသောချစ်သူနှင့်ပြန်ဆုံမည် ။ အရင်းနှီးဆုံးသူငယ်ချင်းနှင့်စိတ်ဝမ်းကွဲမည်။ ဤတစ်ပတ်အတွင်းထိုးသော ထီလက်မှတ်ပေါက်မည်။ စက်ပစ္စည်းများ အဝယ်မှားတတ်၍ ဂရုစိုက်ပါ။ ကား၊ ဆိုင်ကယ်များ ဂရုစိုက်မောင်းပါ။ ပွတ်တိုက်မိတတ်သည်။ ပညာရေးကံကောင်းသည်။ စာမေးပွဲအောင်မည်။ အလုပ်အကိုင်ကံကောင်းသည်။ ရာထူးတက်မည်။ စီးပွားရေးကံကောင်းသည်။ အရောင်းအ၀ယ်ကောင်းသည်။ ငွေဝင်မည်။ မရောက်ဖူးသောခရိးများ ရောက်မည်။ မပေါင်းဖူးသောမိတ်ဆွေများတွေ့မည်။ မချစ်ဖူးသောချစ်သူနှင့်ရည်းစားဖြစ်မည်။ အကြီးအကဲတို့ အပြစ်တင်ခြင်းခံရမည်။

အကျိုးပေးဂဏန်း ၂၊ ၃၊ ၎

အထူးဟော – စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။

ယတြာ- ငါးအရှင်သက်စေ့ တနင်္လာနေ့တွင် ဝယ်လွှတ်ပါ။

 

အင်္ဂါ

မမျှော်လင့်ပဲ အလုပ်ရမည်။ မမျှော်လင့်ပဲ ချစ်သူရမည်။ မမျှော်လင့်ပဲ ခရီးထွက်ရမည်။ မမျှော်လင့်ပဲ ငွေ၇မည်။ မမျှော်လင့်ပဲ ရာထူးတက်လိမ့်မည်။ ယခုတစ်ပါတ်အတွင်း လွတ်လပ်စွာစွန့်စားပြီး လုပ်ကိုင်မှုများ ကြိုးစားမှုများပြုလျှင် မုချအောင်မြင်ကိန်းရှိပါသည်။ ဦးလေး၊ ဦးကြီး၊ ကြီးတော်တို့ ကျန်းမာရေးချုချာတတ်သည်။ မမျှော်လင့်ပဲ စကားများရန်ဖြစ်ကိန်းရှိ၍ ဂရုစိုက်ပါ။ အကြီးအကဲနှင့်ပြေလည်သော်လည်း လုပ်တူကိုင်ဖက်ချင်း အောက်လက်လူငယ် တို့၏ တော်လှန်ခြင်းများနှင့် အပြစ်တင်ဝေဖန်ခြင်းများဖြစ်ကိန်းရှိသည်။ ဂရုစိုက်ပါ။ ရုတ်တရတ် အထိတ်တလန့် ဖြစ်စရာများကြုံမည်။ စက်ပစ္စည်း၊ ရတနာပစ္စည်း အိမ်ခြံမြေ ရကိန်းရှိသည်။ ခရီးဝေးများသွားရကိန်းရှိသည်။ ကိုယ်ပိုင်လုပ်ငန်း၊ စပ်တူရှယ်ယာလုပ်ငန်းများလုပ်လျှင်အောင်မြင်မည်။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်တတ်သည်။ အိမ်ထောင်ရေးပြသာနာတက်ကိန်းရှိသည်။ ဂရုစိုက်ပါ။ လျှို့ဝှက်ချစ်သူများထားဖြစ်မည်။ စကားပြောဆင်ခြင်ပါ။ စကားရှုပ်တတ်သည်။

အကျိုးပေးဂဏန်း ၃၊ ၅၊ ၈

အထူးဟော – အမှတ်တမဲ့မှ အမှတ်တရများဖြစ်တတ်သည်။

ယတြာ – အိမ်ဘုရားကို အုန်းဆွမ်းကပ်ပါ။

 

ဗုဒ္ဓဟူး

တစ်ခုပြီးတစ်ခု အောင်မြင်တိုးတက်မှုများ ကြုံတွေ့လာမည်။ ကောင်း။ မကောင်း၊ ဝေဖန်ဆန်းစစ်မှုများ မြန်ဆန်စွာ ဆုံးဖြတ်သင့်သည်။ အဝေးမိတ်ဆွေ အကူအညီရမည်။ အနီးမိတ်ဆွေအကူအညီ၇မည်။ ငွေရကိန်းရှိသည်။ သူများငွေများ လက်မခံသင့်ပါ။ ချစ်သူ၏ အထင်လွဲခြင်းခံ၇မည်။ သူငယ်ချင်းဖြစ်သူက ချစ်သူဖြစ်လာမည်။ ငယ်ချစ်ဟောင်းနှင့်ပြန်ဆုံမည်။ ပညာရေး အလုပ်အကိုင်များ အောင်မြင်တိုးတက်မှုရှိမည်။ အချစ်ရေး၊ စီးပွားရေး၊ အဆင်ပြေမှုရှိမည်။ ကျန်းမာရေးအခြေအနေ အစာအိမ်အနည်းငယ်ဂရုစိုက်ပါ။ ခရီးယာယီများမည်။ ပစ္စည်း ပျောက်တတ်သည်။ ငွေလိမ်ခံရကိန်းရှိသည်။

အကျိုးပေးဂဏန်း ၄၊ ၅၊ ၆

အထူးဟော – သင်ကံကောင်းသည်။

ယတြာ – ဗုဒ္ဓဟူးနံနက်တွင် တန်ခိုးကြီးဘုရားကို ရွှေသင်္ကန်းကပ်ပါ။

 

ကြာသပတေး

ကတိများ အရမ်းမပေးသင့်ပါ။ ကတိပျက်ကွက်၍ စိတ်ဝမ်းကွဲတတ်သည်။ ချစ်သူနှင့် ခွဲခွာသွားရတတ်သည်။ အကြီးအကဲတို့၏အပြစ်တင်ခြင်းများလည်းခံရမည်။ မမျှော်လင့်ပဲ ခရီးယာယီများသွားဖြစ်မည်။ ဆွေမျိုးသားချင်း အတွက် မိသားစုအတွက် ဝမ်းသာစရာသတင်းများကြားရမည်။ အလုပ်အကိုင်များ တိုးတက်ပြောင်းလဲမှုရှိသည်။ စာမေးပွဲနှင့်အင်တာဗျုးများအောင်မြင်မည်။ စပ်တူရှယ်ယာလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမည်။ မရောက်ဖူးသော ခရီးများရောက်မည်။ ရွှေ။ စက်တို့ထွက်မည်။ ယခုတစ်ပါတ်အတွင်းထိုးသောထီလက်မှတ်ပေါက်မည်။ ဘုမ္မိကျသော အရှေ့မြောက်ထောင့်ခရီးများ ညအချိန်မသွားသင့်ပါ။ ရုတ်တရတ် ခိုက်မိတတ်သည်။ ငွေဝင်မည်။ စက်ပစ္စည်း အပြောင်းအလဲဖြစ်မည်။ မိသားစုတစ်ကွဲတစ်ပြားစီနေဖြစ်မည်။ ကျန်းမာရေးကောင်းပါသည်။

အကျိုးပေးဂဏန်း ၅၊ ၆၊ ၇

အထူးဟော – စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။

ယတြာ – ကြာသပတေးနေ့နံနက်တွင် တန်ခိုးကြီးဘုရားကို အောင်သပြေ ၁၉ ဘညွန့် ကပ်လှူပါ။

 

သောကြာ

ရင်မှာရှိနေသောစကားများကို အကုန်ဖွင့်ပြော၍ မရသေးပါ။ ကြင်နာသူ၏ အပြစ်တင် အထင်လွဲခြင်းခံရမည်။ မိဘတို့၏ အထင်အမြင်လွဲခြင်းလည်းခံ၇မည်။ နေအိမ်မှ စိတ်ဆိုးပြီး ထွက်ချင်တတ်သည်။ မထွက်သင့်ပါ။ ချစ်သူအသစ်တွေ့မည်။ မရည်ရွယ်ပဲ ခရီးထွက်ရမည်။ မမျှော်လင့်ပဲ ရာထူးတက်မည်။ အရင်းနှီးဆုံး သူငယ်ချင်း နှင့်စိတ်ဝမ်းကွဲမည်။ ပြန်ခေါ်မည်။ ၀ါတွင်း အိမ်ထောင်ကျနိုင်၍ အထူးဆင်ခြင်ပါ။ ထွက်ပြေးတတ်သည်။ သတိထားပါ။ အိမ်ထောင်ရှိသောသူတို့ဖောက်ပြန်တတ်၍ ဂရုစိုက်ပါ။ နေအိမ်တွင် အလှူ သို့မဟုတ် မင်္ဂလာဖြစ်တတ်သည်။ ရွှေ၊ စက်တို့ အခိုးခံရသော်လည်း ပြန်ရမည်။ စပ်တူရှယ်ယာမလုပ်သင့်သေးပါ။ ခြေ၊ လက်တို့ ခိုက်မိတတ်၍ သတိထားပါ။

အကျိုးပေးဂဏန်း ၆၊ ၁၊ ၉

အထူးဟော – ဆန္ဒမစောသင့်ပါ။

ယတြာ – သောကြာနံနက်တွင် သစ်သီး ၉ မျိုး ၊ ယို ၉ မျိုးတို့ဖြင့် မြတ်စွာဘုရားကို လှူဒါန်းပါ။

စနေ

လိမ္မာပါးနပ်မှုနှင့် ယဉ်ကျေးသိမ်မွေ့စွာ ဤတစ်ပတ်အတွင်းကျင့်သုံးပါ။ သင့်အတွက် ကံကောင်းစရာများကြုံမည်။ မရည်ရွယ်ပဲ ၊ မမျှော်လင့်ပဲ အကူအညီပေးသူပေါ်မည်။ အောင်မြင်တိုးတက်မှုသတင်းကြား၇မည်။ အလုပ်ရာထူး တက်မည်။ စာမေးပွဲအောင်မည်။ စီးပွားရေးလမ်းစ ပေါ်ပေါက်မည်။ ထိခိုက်ရှနာများ အနည်းငယ်ကြုံနိုင်သောကြောင့် အသွားအလာ ဂရုစိုက်ပါ။ သို့သော် အန္တရာယ်မရှိပါ။ ကိုယ်ပိုင်လုပ်ငန်းများ ၊ရှယ်ယာလုပ်ငန်းများ အရောင်းအ၀ယ် လုပ်ငန်းများ အထူးကောင်းသည်။ တောင်အရပ်နှင့်အကျိုးပေးသည်။ မြောက်အရပ်နှင့်အကျိုးမပေးပါ။ လူမျိုးကွဲ၊ လူမျိုးခြားတို့နှင့် စီးပွားရေးတွဲဖက်လုပ်ကိုင်ပါက အောင်မြင်မည်။ စွန့်စားမှုနှင့်လွတ်လပ်မှုဖြင့်လုပ်ကိုင်ပါက အောင်မြင် တိုးတက်မည်။ အချစ်ရေးကောင်းသည်။ အိမ်ထောင်ရေးကောင်းသည်။ ကျန်းမာရေးကောင်းမည်။ ယနေ့မှစ၍ ထီဖွင့်ရက်အတွင်း ထီထိုးပါ။ ထီပေါက်မည်။

အကျိုးပေးဂဏန်း ၇၊ ၈၊ ၉

အထူးဟော – စူးစမ်းခြင်း၊ စွန့်စားခြင်း လွတ်လပ်စွာလုပ်ကိုင်ခြင်းများ ပြုသင့်ပါသည်။

ယတြာ – စနေနံနက်တွင် ဘုန်းကြီးစောင်းထီးတစ်လက်ဝယ်၍ လမ်းပေါ်ကြွလာသော သံဃာတော်ကို ကပ်လှူပါ။

 

Check Also

၉-၆-၁၆ မှ ၁၅-၆-၁၆ အထိ ၇ရက်သားသမီးဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင်( Gold-Medalist) တနင်္ဂနွေ စိတ်မောလူမော ဖြစ်နေမည့် ကာလတစ်ခုပါ။ အရာရာ ဖြစ်ချင်တာတွေ ဖြစ်မလာသေးလို့ စိတ်မောနေရမှာပါ။ စိတ်မမောပါနှင့်။ မုချ အဆင်ပြေပါတယ်။ (၁) စာမေးပွဲအောင်တယ်။ …