Friday , September 22 2017
Home / ဗေဒင် / ၇-၇-၁၆ မှ ၁၃-၇-၁၆ ထိ ၇ ရက်သားသမီးဟောစာတမ်း

၇-၇-၁၆ မှ ၁၃-၇-၁၆ ထိ ၇ ရက်သားသမီးဟောစာတမ်း

 ဒေါက်တာထွန်းလင်း-ဘုတလင် ( Gold-Medalist)

တနင်္ဂနွေ

စိတ်တွေ ဇဝေဇ၀ါဖြစ်နေမည်။ တစ်ဦးတစ်ယောက်အပေါ် မပြေလည်သလို၊ ပြေလည်သလိုဖြစ်နေမည်။ ကျော်လွှားနိုင် ပါသည်။ အခက်အခဲတစ်ခု ရင်ဆိုင်ရမည်။ ကျော်လွှားနိုင်သည်။ ၄င်းနောက် အောင်မြင်မှုများ ပိုင်နိုင်မှုများ ၊ စွမ်းဆောင်နိုင်မှုများ ၊ ၀မ်းသာစရာများ မုချကြုံမည်။ ကိုယ်ရေးကိုယ်တာမဟုတ်ပဲ မိသားစုအတွက်သော် လည်းကောင်း၊ ချစ်သူအတွက်သော်လည်းကောင်း၊ အိမ်ထောင်ဖက်အတွက်လည်းကောင်း လုပ်ဆောင်မှုများပြုရ လိမ့်မည်။ ထိုလုပ်ဆောင်မှုသည် အစပိုင်းတွင် ထစ်ငေါ့သော်လည်း နောက်ပိုင်းတွင် အောင်မြင်မှုရှိမည်။ ယာဉ်၊ စက်တို့နှင့်ပတ်သတ်၍ စိတ်ရှုပ်ရမည်။ ငယ်ရွယ်သူတစ်ဦးအတွက်လည်း စိတ်ရှုပ်ရမည်။ ကြီးသူတစ်ဦးလည်း ချုချာကိန်းရှိသည်။ အလုပ်အကိုင်ကောင်းသည်။ အချစ်ရေးကောင်းသည်။ စီးပွားရေး ဝင်ငွေကောင်းလာမည်။ စာမေးပွဲဖြေဆိုမှုများ ၊ အင်တာဗျုးများ ရာထူးတက်ခြင်းများ မုချအောင်မြင်မည်။

အကျိုးပေးဂဏန်း ၅၊ ၆၊ ၈

အထူးဟော – ဆန္ဒမစောသင့်ပါ။ ဒေါသမထွက်သင့်ပါ။

ယတြာ – တနင်္ဂနွေနေ့နံနက်တွင် အရှေ့မြောက်အရပ်သို့လှည့်၍ မေတ္တာသုတိတစ်ပုဒ်ရွတ်ပြီး ဘုရားကို အောင်သပြေပန်း ကပ်လှူလိုက်ပါ။

တနင်္လာ

စိတ်တွေရှုပ်နေမည်။ အရာရာ စိတ်တိုင်းမကျသလိုဖြစ်တတ်သည်။ သို့သော်လည်း စိတ်ချမ်းသာမှုများ ပြန်ရကိန်း ရှိသည်။ ပစ္စည်းပျောက်ကိန်းရှိသည်။ ငွေအလိမ်ခံရကိန်းရှိသည်။ ရင်းနှီးသူ၏ အထင်လွဲခြင်းလည်းခံရမည်။ အောက်လက်ငယ်သား ငယ်ရွယ်သူတို့ တော်လှန်ပုန်ကန်တတ်သည်။ အချစ်ရေးမှာ ပြေလည်တစ်ချက်၊ မပြေလည် တစ်ချက်ဖြစ်လိမ့်မည်။ ခရီးယာယီများသွားရကိန်းရှိသည်။ အဝေးမိတ်ဆွေတို့အကူအညီရမည်။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ စီးပွားရေး ကိုယ်ပိုင်လုပ်ငန်း ရှယ်ယာလုပ်ငန်းများ အကျိုးပေးမည်။ အစုလိုက်အပြုံလိုက် ငွေဝင်မည်။ မရောက်ဖူးသောခရီး၊ မလုပ်ဖူးသောအလုပ်များကြုံမည်။ အစားအသောက် ဂရုစိုက်ရမည်။ အစာအိမ်နှင့် ပတ်သတ်၍ ချုချာမှုဖြစ်တတ်သည်။ အကြီးအကဲတို့၏ အပြစ်တင်ခြင်းခံရမည်။၎င်းနောက် ပြေလည်မှုရမည်။ ငွေဝင်ကိန်းရှိသည်။ စက်ပစ္စည်းနှင့်ပတ်သတ်၍ အပြောင်းအလဲ အ၀င်အထွက်ဖြစ်မည်။ လုပ်ငန်းတစ်ခုရပ်နားပြီး လုပ်ငန်းတစ်ခု ဆက်လုပ်ရမည်။

အကျိုးပေးဂဏန်း ၃၊ ၆၊ ၉

အထူးဟော – စကားပြောဆင်ခြင်ပါ။

ယတြာ – တနင်္လာနေ့နံနက်တွင် အရှေ့အရပ်သို့ မျက်နှာမူ၍ ပစ္စေကဗုဒ္ဓါ ရဟန်းန္တာကို အောင်သပြေပန်းကပ်လှူ၍ ဆုတောင်းပါ။ သင်၏ ဆုတောင်းပြည့်လိမ့်မည်။

 

အင်္ဂါ

အပြောတစ်မျိုး၊ အလုပ်တစ်ခြားဖြစ်နေတတ်သည်။ မရည်ရွယ်ပဲ ရုတ်တရတ်သွားရသည့်ခရီးမျိုးကြုံမည်။ လုပ်ငန်းတွင် အတိုက်အခံပေါ်မည်။ အကြီးအကဲက သင့်အား မြှောက်စားလိမ့်မည်။ မရည်ရွယ်သောသူက သင့်အား စွဲလန်း လိမ့်မည်။ ချစ်စကားပြောလိမ့်မည်။ စက်ပစ္စည်းများ အပြောင်းအလဲ အ၀င်အထွက်ဖြစ်မည်။ ခရီးဝေးများသွားရကိန်း ရှိသည်။ မိသားစု၏ အပြစ်တင်ခြင်းခံရမည်။ အလုပ်အကိုင်ကံကောင်းသည်။ ရာထူးတက်ခြင်း၊ လစာတိုးခြင်းရှိမည်။ လုပ်ငန်းလည်းပြောင်းတတ်သည်။ ငွေကြေးနှင့်ပတ်သတ်၍ စကားပြောရတတ်သည်။ စိတ်လေနေမည်။ ခြေဖျား၊ လက်ဖျားတို့ ခိုက်မိတတ်၍ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း – ၄၊ ၂၊ ၈

အထူးဟော – အမှတ်တမဲ့မှ အမှတ်တရများဖြစ်တတ်သည်။

ယတြာ – အင်္ဂါနေ့နံနက်တွင် အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ ပစ္စေကဗုဒ္ဓအား ပေါက်စီ ၉ လုံးလှူပြီး ဆုပန်ပါ။ ပြည့်လိမ့်မည်။

ဗုဒ္ဓဟူး

စိတ်လေနေမည်။ လှုပ်ရှားသွားလာမှုများမည်။ ဆောင်ရွက်သမျှ အားလုံးအောင်မြင်မည်။ ကြုံတွေ့နေသော အခက်အခဲတစ်ခုလည်း ပြေလည်သွားမည်။ အချစ်ရေးမှာ လွယ်သယောင်နှင့်ခက်ပြီး မြန်သယောင်နှင့် နှေးလိမ့်မည်။ အချစ်ရေးမှာ အတိုက်အခံရှိသည်။ စီးပွားရေးမှာ အဆင်ပြေမည်။ အလုပ်အကိုင် တိုးတက်မြင့်မားမည်။ ရစရာ ငွေကြေးများ ၀င်လာမည်။ ကျန်းမာရေးကောင်းမည်။ အိမ်အပြောင်းအရွှေ့ပေါ်လိမ့်မည်။ နေရာအပြောင်းအရွှေ့ ရှိသည်။ လက်ဆောင်ပေးသော ထီလတ်မှတ်များပေါက်ကိန်းရှိသည်။ ဆွေမျိုးမကင်းသူအတွက် စိတ်ရှုပ်ရမည်။ စပ်တူလုပ်ငန်းများ အကျိုးမပေးပါ။ ရေလမ်းဂရုစိုက်သွားပါ။

အကျိုးပေးဂဏန်း ၅၊ ၆၊ ၈

အထူးဟော – အားနာတတ်ခြင်းများ ဆင်ခြင်ပါ။

ယတြာ – ဗုဒ္ဓဟူးနေ့နံနက်တွင် တောင်အရပ်သို့ မျက်နှာမူ၍ ဤဘဒ္ဒကမ္ဘာဘုရားငါးဆူအား ရည်စူးကာ ဆွမ်းဖြူငါးပွဲနှင့် ဘယာကြော် ငါးခု ကပ်လှူပါ။ ဆုတောင်းပါ။

 

ကြာသပတေး

ဤတစ်ပတ်တွင် မငြိမ်သက်သောကာလဖြစ်သည်။ လှုပ်ရှားမှုများ ပြောင်းလဲမှုများ ရွှေ့ပြောင်းမှုများဖြစ်ကိန်းရှိသည်။ အချစ်ရေး၊ စိတ်အနှောင့်အယှက်ဖြစ်ပြီးမှ စိတ်ချမ်းသာမည်။ ချစ်သူ၏ အထင်အမြင်လွဲခြင်းခံရမည်။ အကြီးအကဲ၏ အပြစ်တင်ခြင်းခံရမည်။ အိမ်ထောင်ရှိသူတို့ အိမ်ထောင်ရေး ပြသာနာတက်မည်။ အဆင်မသင့်က ကွဲတတ်သည်။ စွဲလန်းနှစ်သက်သူ အသစ်အဆန်းပေါ်လိမ့်မည်။ စိတ်ဆိုးပြီး အိမ်မှထွက်ချင်တတ်သည်။ မထွက်သင့်ပါ။ ရန် အနည်းငယ်မြင်သည်။ ခရီးယာယီများသွားရကိန်းရှိသည်။ လူလိမ်၊ ငွေလိမ်၊ ပစ္စည်းလိမ်များခံရမည်။ မရောက်ဖူးသော ခရီး၊ မပေါင်းဖူးသောမိတ်ဆွေ ၊ မချစ်ဖူးသေးသောရည်းစားများကြုံမည်။ ရွှေ၊ စက်တို့ အ၀င်အထွက် ဖြစ်မည်။ အကြီးအကဲ ငြိငြင်ခြင်းခံ၇မည်။ ငွေဝင်ငွေထွက်ကြမ်းမည်။ အစာအိမ်နှင့်ပတ်သတ်သောကျန်းမာရေး ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း – ၅၊ ၆၊ ဝ

အထူးဟော စိတ်လိုက်မာန်ပါ မလုပ်သင့်ပါ။

ယတြာ – ကြာသပတေးနေ့ နံနက်ပိုင်းတွင် အရှေ့မြောက်ထောင့်ကို မျက်နှာမူ၍ စူဠာမဏိဘုရားကို ဆွမ်းနှင့်အောင်သပြေပန်းကပ်လှူပြီး ဆုတောင်းပါ။

သောကြာ

စိတ်လေနေမည်။ အတွေးများနေမည်။ ခရီးလျှောက်သွားချင်စိတ်များပေါ်တတ်သည်။ လွတ်လပ်မှုလိုလားသည်။ မတိုင်ပင်ပဲလုပ်တတ်သည်။ လျှို့ဝှက်ချက်များနေသည်။ စူးစမ်းခြင်းနှင့်စွန့်စားခြင်းများပြုကိန်းရှိသည်။ အတိုက်အခံများ ကျော်လွှားမည်။ မိသားစုနှင့်စိတ်ဝမ်းကွဲမည်။ အကြီးအကဲ၏ အထင်လွဲခြင်းခံရမည်။ သစ္စာမရှိသောချစ်သူနှင့် တွေ့ရတတ်သည်။ အအိုအနှောင့်အယှက်များပေါ်တတ်သည်။ အလုပ်အကိုင်ကောင်းသည်။ ရာထူးတက်၊ လစာ တိုးမည်။ ကိုယ်ပိုင်အရောင်းအ၀ယ်၊ ရှယ်ယာအရောင်းအ၀ယ်များ အကျိုးပေးသည်။ ခလုတ်တိုက်ကိန်းရှိသည်။ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း ၆၊ ၁၊ ၈

အထူးဟော – အပေါင်းအသင်းမှားတတ်သည်။

ယတြာ – သောကြာနေ့နံနက်တွင် အရှေ့မြောက်ဘက်သို့ မျက်နှာမူ၍ နတ်ပြည်ရှိ စူဠာမဏိဘုရားကို အုန်းဆွမ်း အုန်းထမင်း၊ အကြော် ၆ ခု ကပ်လှူပါ။ ဆုတောင်းပါ။

စနေ

စွမ်းဆောင်နိုင်မှုများ၊ အောင်မြင်နေမည်။ ရည်ရွယ်ချက်များ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အောင်မြင်မည်။ အတိုက်အခံ၊ အခက်အခဲ ရန်သူများ ရှိသော်လည်း ကျော်လွှားနိုင်သည်။ ခရီးယာယီများသွားရကိန်းရှိသည်။ အချစ်ရေး၊ အိမ်ထောင် ရေး စီးပွားရေး၊ အလုပ်အကိုင်များ အားလုံးကောင်းသည်။ ရန်သူမှ မိတ်ဆွေဖြစ်လာမည်။ အကြီးအကဲတို့၏ ခင်မင်ကူညီမှုများရမည်။ ကျန်းမာရေးကောင်းမည်။ ကိုယ်ရေးကိုယ်တာတင်မက သူတစ်ပါးအတွက်ပါ ကူညီနိုင်စွမ်း ရှိလာမည်။ ရွှေ၊ စက်တို့ ၀င်ကိန်း၊ ထွက်ကိန်းရှိသည်။ အပေါင်းအသင်းမိတ်ဆွေအသစ်တို့၏ ကူညီမှုလည်းရမည်။ ချစ်သူနှင့်လက်ထပ်ကိန်းရှိသည်။ မင်္ဂလာအခမ်းအနားစည်ကားမည်။ ကိုယ်ပိုင်လုပ်ငန်း၊ ရှယ်ယာ လုပ်ငန်းများ အကျိုးပေးသည်။

အကျိုးပေးဂဏန်း ၇၊ ၀၊ ၎

အထူးဟော – သင့်ဆန္ဒများအောင်မည်။

ယတြာ စနေနေ့နံနက်တွင် တောင်အရပ်ကို မျက်နှာမူ၍ ဘုရားငါးဆူအား ရည်စူးပြီး သစ်သီးဆွမ်းကပ်လှူပါ။ လိုရာဆုပန်ပါ။

Check Also

၉-၆-၁၆ မှ ၁၅-၆-၁၆ အထိ ၇ရက်သားသမီးဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင်( Gold-Medalist) တနင်္ဂနွေ စိတ်မောလူမော ဖြစ်နေမည့် ကာလတစ်ခုပါ။ အရာရာ ဖြစ်ချင်တာတွေ ဖြစ်မလာသေးလို့ စိတ်မောနေရမှာပါ။ စိတ်မမောပါနှင့်။ မုချ အဆင်ပြေပါတယ်။ (၁) စာမေးပွဲအောင်တယ်။ …